လီဗာပူးရဲ့တတိယဂိုးရရှိစဉ် ဆာလက်လူကျွံနေမှုကြောင့် အရေးပေါ် လူကျွံစည်းမျဉ်းအပြောင်းအလဲလုပ်ရန် တောင်းဆိုမှုရှိလာ

ဝက်ဖို့ဒ်နဲ့ပွဲတွင်လီဗာပူးအသင်းရရှိတဲ့တတိယဂိုးကြောင့်လူကျွံဘောစည်းမျဉ်းအပြောင်းအလဲပြုလုပ်ရန်တောင်းဆိုမှုများရှိလာခဲ့ပါတယ်။

လီဗာပူးက၂-၀ဂိုးဖြင့်ဦးဆောင်နေစဉ်အင်ဒီရောဘတ်ဆင်ဟာမိုဟာမက်ဆာလက်ထံသို့ ဘောလုံးပေးပို့မှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်ဝက်ဖို့ဒ်ကစားသမားခရစ်ကက်ကတ်ကလူကျွံနေတဲ့မိုဟာမက်ဆာလက်ထံသို့ဘောလုံးကိုလျောထိုးတားဆီးခဲ့ပါတယ်။

နောက်ခံလူနဲ့ထိလာတဲ့ဘောလုံးကိုဂိုးသမားဖော်စတာကကာကွယ်မှုပြုလုပ်ခဲ့ရပြီးဘောလုံးမှာပြန်အံထွက်လာကာဖာမီနိုကလီဗာပူးရဲ့တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

မိုဟာမက်ဆာလက်မှာဘောလုံးနဲ့ထိခဲ့ခြင်းမရှိရာဒိုင်လူကြီးကလူကျွံဘောမပေးခဲ့ပါဘူး။ဒါပေမယ့်ကက်ကတ်မှာအီဂျစ်တောင်ပံကစားသမားထံသို့ဘောလုံးမရောက်အောင် တားဆီးမှုပြုလုပ်ခဲ့ရပါတယ်။

ဒါကြောင့်လည်း BT Sport မှအစီအစဉ်တင်ဆက်သူဂျာမိန်းဂျီးနပ်စ်ကယင်းဂိုးမှာခွင့်ပြုရရန်သေချာနေသော်လည်း စည်းမျဉ်းမှာမှားယွင်းနေတဲ့ယူဆရပြီးအပြောင်းအလဲလုပ်ရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။

ဒိုင်လူကြီးဟာဘောလုံးမှာဆာလက်နဲ့ထိခဲ့ခြင်းမရှိမှုနဲ့အတူ VAR ကြည့်ခဲ့ခြင်းလည်းမရှိပါဘူး။

အထက်ပါမတော်တဆမျိုးကိုပြင်သစ်နှင့်စပိန်တို့ရဲ့ယူအီးအက်ဖ်အေနေးရှင်းဖလားဗိုလ်လုပွဲမှာလည်းဖြစ်ပျက်ခဲ့ဖူးပါတယ်။

ကိုင်လီယန်ဘက်ပေးဟာလူကျွံနေခဲ့ပေမယ့်သူ့ဆီသို့ပေးပို့လိုက်တဲ့ဘောလုံးမှာစပိန်နောက်ခံလူအဲရစ်ဂါစီယာနဲ့ထိမှုနဲ့အတူ လူကျွံဘောမဖြစ်ဘဲ ပြင်သစ်အတွက်အငြင်းပွားဖွယ်အနိုင်ဂိုးသွင်းခဲ့ပါတယ်။

ပရိသတ်တစ်ဦးက “ဘောလုံးကဆာလက်ဆီကိုပေးလိုက်တာလေ။ဒီတော့နောက်ခံလူဘာပဲလုပ်လုပ်လူကျွံဘောပါ။နောက်ခံလူကလည်းဆာလက်ရှိလို့ဘဲဖျက်ထုတ်လိုက်တာ။ဖီဖာ၊ယူအီးအက်ဖ်အေနဲ့ပရီးမီးယားလိဂ်တို့ရေ ငါတို့ဘောလုံးပွဲကိုရုပ်ဆိုးအောင်မလုပ်ကြနဲ့”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “တစ်ချို့လည်းလက်ခံကြမှာမဟုတ်ပါဘူး။ဒါပေမယ့်ဆာလက်ကြောင့်လူကျွံအလံထောင်သင့်တယ်။သူကကစားကွက်မှာအရေးပါနေတယ်။ကက်ကတ်ကိုကြားဝင်ဖြတ်ပြီးဂိုးဖြစ်အောင် တွန်းပို့ခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်နောက်တစ်ဦးကလည်း “ကြောင်တောင်တောင်စည်းမျဉ်းပဲ။ဆာလက်ကလူကျွံနေတယ်လေ။စည်းမျဉ်းကိုအပြောင်းအလဲလုပ်ဖို့လိုနေတယ်။သူ(ဆာလက်)ကိုလူကျွံတယ်လို့ကစားသမား(ကက်ကတ်)ကမသိမှုအတွက်ပြင်းထန်လွန်းတဲ့ပြစ်ဒဏ်ပါ”လို့ပြောကြားသွားပါတယ်။

ကစားသမားဟောင်းဒန်နီဟစ်ဂီဘိုသမ်ကလည်း “လူကျွံစည်းမျဉ်းအပြောင်းအလဲလုပ်ဖို့လိုအပ်နေကြောင်းပြသနေတဲ့နောက်ထပ်သာဓကတစ်ခုပါ။ဆာလက်ကလူကျွံနေတယ်။ဒါပေမယ့်ကက်ကတ်ကကြားဝင်ဖြတ်လိုက်တော့လူမကျွံတော့ဘူး။ဒါကဆိုးရွားလှတယ်။ဆာလက်သာအဲဒီနေရာမှာမရှိသူကက်ကတ်လည်းဖျက်ထုတ်မှုမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးရဲ႕တတိယဂိုးရရွိစဥ္ ဆာလက္လူကြၽံေနမႈေၾကာင့္ အေရးေပၚ လူကြၽံစည္းမ်ဥ္းအေျပာင္းအလဲလုပ္ရန္ ေတာင္းဆိုမႈရွိလာ

ဝက္ဖို႔ဒ္နဲ႔ပြဲတြင္လီဗာပူးအသင္းရရွိတဲ့တတိယဂိုးေၾကာင့္လူကြၽံေဘာစည္းမ်ဥ္းအေျပာင္းအလဲျပဳလုပ္ရန္ေတာင္းဆိုမႈမ်ားရွိလာခဲ့ပါတယ္။

လီဗာပူးက၂-၀ဂိုးျဖင့္ဦးေဆာင္ေနစဥ္အင္ဒီေရာဘတ္ဆင္ဟာမိုဟာမက္ဆာလက္ထံသို႔ ေဘာလုံးေပးပို႔မႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္ဝက္ဖို႔ဒ္ကစားသမားခရစ္ကက္ကတ္ကလူကြၽံေနတဲ့မိုဟာမက္ဆာလက္ထံသို႔ေဘာလုံးကိုေလ်ာထိုးတားဆီးခဲ့ပါတယ္။

ေနာက္ခံလူနဲ႔ထိလာတဲ့ေဘာလုံးကိုဂိုးသမားေဖာ္စတာကကာကြယ္မႈျပဳလုပ္ခဲ့ရၿပီးေဘာလုံးမွာျပန္အံထြက္လာကာဖာမီႏိုကလီဗာပူးရဲ႕တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။

မိုဟာမက္ဆာလက္မွာေဘာလုံးနဲ႔ထိခဲ့ျခင္းမရွိရာဒိုင္လူႀကီးကလူကြၽံေဘာမေပးခဲ့ပါဘူး။ဒါေပမယ့္ကက္ကတ္မွာအီဂ်စ္ေတာင္ပံကစားသမားထံသို႔ေဘာလုံးမေရာက္ေအာင္ တားဆီးမႈျပဳလုပ္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း BT Sport မွအစီအစဥ္တင္ဆက္သူဂ်ာမိန္းဂ်ီးနပ္စ္ကယင္းဂိုးမွာခြင့္ျပဳရရန္ေသခ်ာေနေသာ္လည္း စည္းမ်ဥ္းမွာမွားယြင္းေနတဲ့ယူဆရၿပီးအေျပာင္းအလဲလုပ္ရန္လိုအပ္ေနေၾကာင္းေျပာၾကားလာပါတယ္။

ဒိုင္လူႀကီးဟာေဘာလုံးမွာဆာလက္နဲ႔ထိခဲ့ျခင္းမရွိမႈနဲ႔အတူ VAR ၾကည့္ခဲ့ျခင္းလည္းမရွိပါဘူး။

အထက္ပါမေတာ္တဆမ်ိဳးကိုျပင္သစ္ႏွင့္စပိန္တို႔ရဲ႕ယူအီးအက္ဖ္ေအေနးရွင္းဖလားဗိုလ္လုပြဲမွာလည္းျဖစ္ပ်က္ခဲ့ဖူးပါတယ္။

ကိုင္လီယန္ဘက္ေပးဟာလူကြၽံေနခဲ့ေပမယ့္သူ႔ဆီသို႔ေပးပို႔လိုက္တဲ့ေဘာလုံးမွာစပိန္ေနာက္ခံလူအဲရစ္ဂါစီယာနဲ႔ထိမႈနဲ႔အတူ လူကြၽံေဘာမျဖစ္ဘဲ ျပင္သစ္အတြက္အျငင္းပြားဖြယ္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။

ပရိသတ္တစ္ဦးက “ေဘာလုံးကဆာလက္ဆီကိုေပးလိုက္တာေလ။ဒီေတာ့ေနာက္ခံလူဘာပဲလုပ္လုပ္လူကြၽံေဘာပါ။ေနာက္ခံလူကလည္းဆာလက္ရွိလို႔ဘဲဖ်က္ထုတ္လိုက္တာ။ဖီဖာ၊ယူအီးအက္ဖ္ေအနဲ႔ပရီးမီးယားလိဂ္တို႔ေရ ငါတို႔ေဘာလုံးပြဲကို႐ုပ္ဆိုးေအာင္မလုပ္ၾကနဲ႔”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “တစ္ခ်ိဳ႕လည္းလက္ခံၾကမွာမဟုတ္ပါဘူး။ဒါေပမယ့္ဆာလက္ေၾကာင့္လူကြၽံအလံေထာင္သင့္တယ္။သူကကစားကြက္မွာအေရးပါေနတယ္။ကက္ကတ္ကိုၾကားဝင္ျဖတ္ၿပီးဂိုးျဖစ္ေအာင္ တြန္းပို႔ခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ေနာက္တစ္ဦးကလည္း “ေၾကာင္ေတာင္ေတာင္စည္းမ်ဥ္းပဲ။ဆာလက္ကလူကြၽံေနတယ္ေလ။စည္းမ်ဥ္းကိုအေျပာင္းအလဲလုပ္ဖို႔လိုေနတယ္။သူ(ဆာလက္)ကိုလူကြၽံတယ္လို႔ကစားသမား(ကက္ကတ္)ကမသိမႈအတြက္ျပင္းထန္လြန္းတဲ့ျပစ္ဒဏ္ပါ”လို႔ေျပာၾကားသြားပါတယ္။

ကစားသမားေဟာင္းဒန္နီဟစ္ဂီဘိုသမ္ကလည္း “လူကြၽံစည္းမ်ဥ္းအေျပာင္းအလဲလုပ္ဖို႔လိုအပ္ေနေၾကာင္းျပသေနတဲ့ေနာက္ထပ္သာဓကတစ္ခုပါ။ဆာလက္ကလူကြၽံေနတယ္။ဒါေပမယ့္ကက္ကတ္ကၾကားဝင္ျဖတ္လိုက္ေတာ့လူမကြၽံေတာ့ဘူး။ဒါကဆိုး႐ြားလွတယ္။ဆာလက္သာအဲဒီေနရာမွာမရွိသူကက္ကတ္လည္းဖ်က္ထုတ္မႈမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။