လီဗာပူးရဲ့နွေရာသီအပြောင်းအရွှေ့ဘတ်ဂျက်ကို မသိသေးကြောင်း ကလော့ပ်ဝန်ခံ

ဂျာဂင်ကလော့ပ်ကလီဗာပူးအသင်းမှာကစားသမားသစ်အားဖြည့်မှုပြုလုပ်ရန်လိုအပ်ကြောင်း၊သို့ရာတွင်အပြောင်းအရွှေ့များပြုလုပ်ရန်အပြောင်းအရွှေ့ဘတ်ဂျက်ဘယ်လောက်ရရှိလာမလဲဆိုတာမသိကြောင်းပြောကြားသွားပါတယ်။

လီဗာပူးဟာယခုရာသီတွင်ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုမကာကွယ်နိုင်တဲ့အပြင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးပါမရေမရာဖြစ်နေပါတယ်။၎င်းတို့အနေဖြင့်ယနေ့ညတွင်ကစားရမယ့်ပဲလေ့စ်နှင့်ပွဲတွင်အနိုင်ရရှိမှသာချန်ပီယံလိဂ်ဝင်ခွင့်အတွက်သေချာနေပါမယ်။

ကလော့ပ်က “လာမယ့်အပြောင်းအရွှေ့ကစားသမားခေါ်ခွင့်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေဆင်ခြေတစ်ခုပေးသွားမှာမဟုတ်ပါဘူး။အရင်တုန်းကကျွန်တော်တို့ဟာကိုယ့်နည်းလမ်းအတိုင်းဘဲလုပ်ခဲ့ကြပါတယ်။ငွေရှိတဲ့အချိန်မှာသုံးခဲ့တယ်။ငွေမရှိရင်မသုံးဘူး။လက်ရှိအသင်းအပေါ်မှာလည်းကျွန်တော်အရမ်းကျေနပ်ပါတယ်။အသင်းကိုပိုကောင်းအောင်လုပ်သလားဆိုတော့လုပ်သင့်တာပေါ့။ဘာဖြစ်လာမလဲဆိုတာကြည့်ရပါမယ်။အခုအချိန်မှာတော့ကျွန်တော်မသိသေးပါဘူး။ထွက်မယ့်ကစားသမား၊ဝင်မယ့်ကစားသမားကိုဆုံးဖြတ်ရပါဦးမယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာအဓိကနောက်ခံလူများဖြစ်တဲ့ဂျိုယေးဂိုမက်ဇ်နှင့်ဗန်ဒိုက်တို့ပြန်လည်ကောင်းမွန်လာမှုနဲ့အတူလာမယ့်ရာသီမှာခံစစ်ပိုင်းပြန်လည်တောင့်တင်းလာဦးမှာဖြစ်ပါတယ်။

ZawGyi

လီဗာပူးရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕ဘတ္ဂ်က္ကို မသိေသးေၾကာင္း ကေလာ့ပ္ဝန္ခံ

ဂ်ာဂင္ကေလာ့ပ္ကလီဗာပူးအသင္းမွာကစားသမားသစ္အားျဖည့္မႈျပဳလုပ္ရန္လိုအပ္ေၾကာင္း၊သို႔ရာတြင္အေျပာင္းအေ႐ႊ႕မ်ားျပဳလုပ္ရန္အေျပာင္းအေ႐ႊ႕ဘတ္ဂ်က္ဘယ္ေလာက္ရရွိလာမလဲဆိုတာမသိေၾကာင္းေျပာၾကားသြားပါတယ္။

လီဗာပူးဟာယခုရာသီတြင္ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုမကာကြယ္ႏိုင္တဲ့အျပင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးပါမေရမရာျဖစ္ေနပါတယ္။၎တို႔အေနျဖင့္ယေန႔ညတြင္ကစားရမယ့္ပဲေလ့စ္ႏွင့္ပြဲတြင္အႏိုင္ရရွိမွသာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ေသခ်ာေနပါမယ္။

ကေလာ့ပ္က “လာမယ့္အေျပာင္းအေ႐ႊ႕ကစားသမားေခၚခြင့္ရသည္ျဖစ္ေစ၊မရသည္ျဖစ္ေစဆင္ေျခတစ္ခုေပးသြားမွာမဟုတ္ပါဘူး။အရင္တုန္းကကြၽန္ေတာ္တို႔ဟာကိုယ့္နည္းလမ္းအတိုင္းဘဲလုပ္ခဲ့ၾကပါတယ္။ေငြရွိတဲ့အခ်ိန္မွာသုံးခဲ့တယ္။ေငြမရွိရင္မသုံးဘူး။လက္ရွိအသင္းအေပၚမွာလည္းကြၽန္ေတာ္အရမ္းေက်နပ္ပါတယ္။အသင္းကိုပိုေကာင္းေအာင္လုပ္သလားဆိုေတာ့လုပ္သင့္တာေပါ့။ဘာျဖစ္လာမလဲဆိုတာၾကည့္ရပါမယ္။အခုအခ်ိန္မွာေတာ့ကြၽန္ေတာ္မသိေသးပါဘူး။ထြက္မယ့္ကစားသမား၊ဝင္မယ့္ကစားသမားကိုဆုံးျဖတ္ရပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာအဓိကေနာက္ခံလူမ်ားျဖစ္တဲ့ဂ်ိဳေယးဂိုမက္ဇ္ႏွင့္ဗန္ဒိုက္တို႔ျပန္လည္ေကာင္းမြန္လာမႈနဲ႔အတူလာမယ့္ရာသီမွာခံစစ္ပိုင္းျပန္လည္ေတာင့္တင္းလာဦးမွာျဖစ္ပါတယ္။