လီဗာပူးရဲ့လေ့ကျင့်ရေးကွင်းဟောင်းကို ဝယ်ကာ အကယ်ဒမီတည်ဆောက်ရန် လီဗာပူးဂန္ထဝင်များစီစဉ်နေ

လီဗာပူးဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ရော်ဘီဖောင်လာနှင့်ဂျေမီကာရေဂါတို့ဟာလီဗာပူးရဲ့မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းဟောင်းကိုဝယ်ယူကာအကယ်ဒမီသစ်တည်ဆောက်ရန်စီစဉ်နေပါတယ်။

ဖောင်လာ-ကာရေဂါအကယ်ဒမီဟာလီဗာပူးတလွှားရှိလူငယ်လေးများဘောလုံးလေ့ကျင့်ခန်းလုပ်ဆောင်နိုင်မယ့်အခွင့်အရေးများရရှိလာစေရေးအတွက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

လီဗာပူးဟာယခုဘောလုံးရာသီတွင်ကတ်ဘီရှိပေါင်သန်း၅၀တန်လေ့ကျင့်ရေးကွင်းသစ်သို့ပြောင်းရွှေ့လေ့ကျင့်ခဲ့ကြပါတယ်။

လက်ရှိအချိန်တွင်မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမြေနေရာကို Torus ကလွဲပြောင်းရယူထားပြီးတန်ဖိုးသင့်အိမ်ယာတည်ဆောက်ရန်စီစဉ်ထားပါတယ်။

မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းဟောင်းနေရာတွင်အိုလံပစ်ကစားသမားများဖြစ်ကြတဲ့စတိဗ်ပယ်ရီနှင့်ဘတ်တွစ်ဒယ်တို့ကလည်းအားကစားစင်တာတစ်ခုဖွင့်လှစ်ရန်စီစဉ်ထားပါတယ်။

Torus ဟာပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်နှင့်ပူးပေါင်းကာစိတ်ရောဂါဝေဒနာခံစားနေရတဲ့လီဗာပူးကစားသမားဟောင်းများအတွက်နေအိမ်ထောက်ပံ့မှုမျိုးပြုလုပ်ရေးအတွက်လည်းအလုပ်လုပ်ဆောင်ရွက်လျက်ရှိပါတယ်။

ZawGyi

လီဗာပူးရဲ႕ေလ့က်င့္ေရးကြင္းေဟာင္းကို ဝယ္ကာ အကယ္ဒမီတည္ေဆာက္ရန္ လီဗာပူးဂႏၴဝင္မ်ားစီစဥ္ေန

လီဗာပူးဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့ေရာ္ဘီေဖာင္လာႏွင့္ေဂ်မီကာေရဂါတို႔ဟာလီဗာပူးရဲ႕မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းေဟာင္းကိုဝယ္ယူကာအကယ္ဒမီသစ္တည္ေဆာက္ရန္စီစဥ္ေနပါတယ္။

ေဖာင္လာ-ကာေရဂါအကယ္ဒမီဟာလီဗာပူးတလႊားရွိလူငယ္ေလးမ်ားေဘာလုံးေလ့က်င့္ခန္းလုပ္ေဆာင္ႏိုင္မယ့္အခြင့္အေရးမ်ားရရွိလာေစေရးအတြက္လုပ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္။

လီဗာပူးဟာယခုေဘာလုံးရာသီတြင္ကတ္ဘီရွိေပါင္သန္း၅၀တန္ေလ့က်င့္ေရးကြင္းသစ္သို႔ေျပာင္းေ႐ႊ႕ေလ့က်င့္ခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္တြင္မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းေျမေနရာကို Torus ကလြဲေျပာင္းရယူထားၿပီးတန္ဖိုးသင့္အိမ္ယာတည္ေဆာက္ရန္စီစဥ္ထားပါတယ္။

မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းေဟာင္းေနရာတြင္အိုလံပစ္ကစားသမားမ်ားျဖစ္ၾကတဲ့စတိဗ္ပယ္ရီႏွင့္ဘတ္တြစ္ဒယ္တို႔ကလည္းအားကစားစင္တာတစ္ခုဖြင့္လွစ္ရန္စီစဥ္ထားပါတယ္။

Torus ဟာပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအဖြဲ႕ခ်ဳပ္ႏွင့္ပူးေပါင္းကာစိတ္ေရာဂါေဝဒနာခံစားေနရတဲ့လီဗာပူးကစားသမားေဟာင္းမ်ားအတြက္ေနအိမ္ေထာက္ပံ့မႈမ်ိဳးျပဳလုပ္ေရးအတြက္လည္းအလုပ္လုပ္ေဆာင္႐ြက္လ်က္ရွိပါတယ္။