လီဗာပူးရဲ့သက်တမ်း ၁၃၀ နှစ်အတွင်း အကြီးကျယ်ဆုံးဂိုးအဖြစ် ဘာစီလိုနာနှင့်ပွဲတွင် အိုရီဂီ သွင်းခဲ့တဲ့ဂိုး ရွေးချယ်ခံရ

ဒီဗော့ခ်အိုရီဂီရဲ့ဂိုးကတော့လီဗာပူးဘောလုံးအသင်းရဲ့သမိုင်းမှာသမိုင်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

၂၀၁၉ခုနှစ်၊မေလ၇ရက်တုန်းကလီဗာပူးဟာမက်ဆီဦးဆောင်တဲ့ဘာစီလိုနာကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းပွဲမှာဒီဗော့ဗ်အိုရီဂီနှင့်ဂီနီဝီနယ်ဒမ်တို့လီဗာပူးအတွက်နှစ်ဂိုးစီသွင်းယူခဲ့ကြကာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။

ယင်းပွဲစဉ်ရဲ့ပွဲချိန်၇၈မိနစ်မှာသွင်းယူခဲ့တဲ့ဒီဗော့ခ်အိုရီဂီသွင်းယူခဲ့တဲ့ဂိုးကိုတော့လီဗာပူးပရိသတ်များမမေ့ကြသေးပါဘူး။

ယင်းဂိုးကိုလီဗာပူးပရိသတ်များကကလပ်ရဲ့၁၃၀နှစ်သမိုင်းတွင်အကြီးကျယ်ဆုံးဂိုးအဖြစ်ဒီဗော့ခ်အိုရီဂီသွင်းယူတဲ့ဂိုးကိုရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

ဒီဗော့ခ်အိုရီဂီရဲ့ဘာစီလိုနာနှင့်ပွဲစဉ်မှာထရန်းအလက်ဇန္ဒားအာနိုးကထောင့်ကန်ဘောအမြန်ကန်ပြီးအလျှင်အမြန်ပိတ်သွင်းယူခဲ့တဲ့ဂိုးက လီဗာပူးသမိုင်းတွင်အကြီးကျယ်ဆုံးဂိုးအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

စတီဗင်ဂျရတ်ရဲ့၂၀၀၆ခုနှစ်အက်ဖ်အေဖလားဗိုလ်လုပွဲတုန်းကအဝေးမှကန်ချက်ဂိုးကဒုတိယအဖြစ်ရွေးချယ်ခံရပါတယ်။ဒါ့အပြင်စတီဗင်ဂျရတ်ရဲ့အေစီမီလန်နှင့်အစ္စတန်ဘူလ်သမိုင်းတွင်ချန်ပီယံလိဂ်အောင်ပွဲမှခေါင်းတိုက်ဂိုးကတတိယအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

ZawGyi

လီဗာပူးရဲ႕သက္တမ္း ၁၃၀ ႏွစ္အတြင္း အႀကီးက်ယ္ဆုံးဂိုးအျဖစ္ ဘာစီလိုနာႏွင့္ပြဲတြင္ အိုရီဂီ သြင္းခဲ့တဲ့ဂိုး ေ႐ြးခ်ယ္ခံရ

ဒီေဗာ့ခ္အိုရီဂီရဲ႕ဂိုးကေတာ့လီဗာပူးေဘာလုံးအသင္းရဲ႕သမိုင္းမွာသမိုင္းဝင္သြားခဲ့ၿပီျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္၊ေမလ၇ရက္တုန္းကလီဗာပူးဟာမက္ဆီဦးေဆာင္တဲ့ဘာစီလိုနာကို၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းပြဲမွာဒီေဗာ့ဗ္အိုရီဂီႏွင့္ဂီနီဝီနယ္ဒမ္တို႔လီဗာပူးအတြက္ႏွစ္ဂိုးစီသြင္းယူခဲ့ၾကကာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ယင္းပြဲစဥ္ရဲ႕ပြဲခ်ိန္၇၈မိနစ္မွာသြင္းယူခဲ့တဲ့ဒီေဗာ့ခ္အိုရီဂီသြင္းယူခဲ့တဲ့ဂိုးကိုေတာ့လီဗာပူးပရိသတ္မ်ားမေမ့ၾကေသးပါဘူး။

ယင္းဂိုးကိုလီဗာပူးပရိသတ္မ်ားကကလပ္ရဲ႕၁၃၀ႏွစ္သမိုင္းတြင္အႀကီးက်ယ္ဆုံးဂိုးအျဖစ္ဒီေဗာ့ခ္အိုရီဂီသြင္းယူတဲ့ဂိုးကိုေ႐ြးခ်ယ္လိုက္ၿပီျဖစ္ပါတယ္။

ဒီေဗာ့ခ္အိုရီဂီရဲ႕ဘာစီလိုနာႏွင့္ပြဲစဥ္မွာထရန္းအလက္ဇႏၵားအာႏိုးကေထာင့္ကန္ေဘာအျမန္ကန္ၿပီးအလွ်င္အျမန္ပိတ္သြင္းယူခဲ့တဲ့ဂိုးက လီဗာပူးသမိုင္းတြင္အႀကီးက်ယ္ဆုံးဂိုးအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ရဲ႕၂၀၀၆ခုႏွစ္အက္ဖ္ေအဖလားဗိုလ္လုပြဲတုန္းကအေဝးမွကန္ခ်က္ဂိုးကဒုတိယအျဖစ္ေ႐ြးခ်ယ္ခံရပါတယ္။ဒါ့အျပင္စတီဗင္ဂ်ရတ္ရဲ႕ေအစီမီလန္ႏွင့္အစၥတန္ဘူလ္သမိုင္းတြင္ခ်န္ပီယံလိဂ္ေအာင္ပြဲမွေခါင္းတိုက္ဂိုးကတတိယအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။