လီဗာပူးရဲ့သေချာပေါက်အနိုင်ဂိုးကို အံ့ဩစရာ Block ပြီး မန်စီးတီးကို ကယ်တင်ခဲ့တဲ့ ရိုဒရီ

တနင်္ဂနွေနေ့ညတုန်းကအန်ဖီးလ်မှာလီဗာပူးနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာရိုဒရီဟာအံ့ဩစရာကောင်းတဲ့ Block ချက်ဖြင့် မန်စီးတီးအတွက်အဖိုးတန်ရမှတ်တစ်မှတ်ရယူပေးနိုင်ခဲ့ပါတယ်။

လီဗာပူးဟာပွဲပြီးခါနီးမှာပရီးမီးယားလိဂ်ချန်ပီယံအားအနိုင်ရယူနိုင်ရေးအတွက်ကြိုးပမ်းလာခဲ့ပြီးဖရီးကစ်ရရှိခဲ့ပါတယ်။

ယင်းဖရီးကစ်ကိုမန်စီးတီးဂိုးသမားအီဒါဆင်ထွက်ပုတ်ပေမယ့်မမီလိုက်ဘဲဖာဘင်ဟိုက လွတ်လွတ်ကျွတ်ကျွတ်ရရှိသွားကာလီဗာပူးအတွက်အနိုင်ဂိုးသွင်းနိုင်မယ့်အခွင့်အရေးကြုံခဲ့ပါတယ်။

ဒါပေမယ့်ဘရာဇီးကွင်းလယ်ကစားသမားကဘောလုံးကိုတစ်ချက်ထိန်းလိုက်ချိန်မှာရိုဒရီဟာချက်ချင်းအပြေးရောက်လာပြီး Block လုပ်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်ဖာဘင်ဟိုဟာလွတ်လွတ်ကျွတ်ကျွတ်အပိုင်ခွင့်ရခဲ့ပေမယ့်ဘောလုံးကိုထိန်းလိုက်မှုကရိုဒရီကိုတားဆီးဖို့အခွင့်အရေးရရှိစေခဲ့တာလည်းဖြစ်ပါတယ်။

ရိုဒရီရဲ့ ပိတ်ဆို့ကာကွယ်မှုအပေါ် Sky Sport ဘောလုံးဝေဖန်ရေးသမားဂယ်ရီနဗီးလ်က “ဘယ်လိုတောင် ပိတ်ဆို့လိုက်တာလဲ။ဖာဘင်ဟိုအချိန်အနည်းငယ်ယူလိုက်တယ်လို့ထင်တယ်။မဟုတ်ရင်ဂိုးသွင်းလောက်ပြီ။ဂိုးပေါက်ကြီးအလွတ်ကြီးဖြစ်နေပြီ။ဒါပေမယ့်ဘောလုံးထိန်းလိုက်မှုကရိုဒရီကိုလျှောထိုးဖို့အခွင့်အရေးရသွားစေတယ်။တော်တော်လေးကိုကောင်းတဲ့ဖျက်ထုတ်မှုပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးရဲ႕ေသခ်ာေပါက္အႏိုင္ဂိုးကို အံ့ဩစရာ Block ၿပီး မန္စီးတီးကို ကယ္တင္ခဲ့တဲ့ ႐ိုဒရီ

တနဂၤေႏြေန႔ညတုန္းကအန္ဖီးလ္မွာလီဗာပူးႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာ႐ိုဒရီဟာအံ့ဩစရာေကာင္းတဲ့ Block ခ်က္ျဖင့္ မန္စီးတီးအတြက္အဖိုးတန္ရမွတ္တစ္မွတ္ရယူေပးႏိုင္ခဲ့ပါတယ္။

လီဗာပူးဟာပြဲၿပီးခါနီးမွာပရီးမီးယားလိဂ္ခ်န္ပီယံအားအႏိုင္ရယူႏိုင္ေရးအတြက္ႀကိဳးပမ္းလာခဲ့ၿပီးဖရီးကစ္ရရွိခဲ့ပါတယ္။

ယင္းဖရီးကစ္ကိုမန္စီးတီးဂိုးသမားအီဒါဆင္ထြက္ပုတ္ေပမယ့္မမီလိုက္ဘဲဖာဘင္ဟိုက လြတ္လြတ္ကြၽတ္ကြၽတ္ရရွိသြားကာလီဗာပူးအတြက္အႏိုင္ဂိုးသြင္းႏိုင္မယ့္အခြင့္အေရးႀကဳံခဲ့ပါတယ္။

ဒါေပမယ့္ဘရာဇီးကြင္းလယ္ကစားသမားကေဘာလုံးကိုတစ္ခ်က္ထိန္းလိုက္ခ်ိန္မွာ႐ိုဒရီဟာခ်က္ခ်င္းအေျပးေရာက္လာၿပီး Block လုပ္ခဲ့ပါတယ္။ေျပာရမယ္ဆိုရင္ဖာဘင္ဟိုဟာလြတ္လြတ္ကြၽတ္ကြၽတ္အပိုင္ခြင့္ရခဲ့ေပမယ့္ေဘာလုံးကိုထိန္းလိုက္မႈက႐ိုဒရီကိုတားဆီးဖို႔အခြင့္အေရးရရွိေစခဲ့တာလည္းျဖစ္ပါတယ္။

႐ိုဒရီရဲ႕ ပိတ္ဆို႔ကာကြယ္မႈအေပၚ Sky Sport ေဘာလုံးေဝဖန္ေရးသမားဂယ္ရီနဗီးလ္က “ဘယ္လိုေတာင္ ပိတ္ဆို႔လိုက္တာလဲ။ဖာဘင္ဟိုအခ်ိန္အနည္းငယ္ယူလိုက္တယ္လို႔ထင္တယ္။မဟုတ္ရင္ဂိုးသြင္းေလာက္ၿပီ။ဂိုးေပါက္ႀကီးအလြတ္ႀကီးျဖစ္ေနၿပီ။ဒါေပမယ့္ေဘာလုံးထိန္းလိုက္မႈက႐ိုဒရီကိုေလွ်ာထိုးဖို႔အခြင့္အေရးရသြားေစတယ္။ေတာ္ေတာ္ေလးကိုေကာင္းတဲ့ဖ်က္ထုတ္မႈပါ”လို႔ေျပာၾကားသြားပါတယ္။