
အင်ဒီရောဘတ်ဆင်က၎င်းတို့မှာ၂၀၂၃ခုနှစ်ကိုအကောင်းဆုံးပြန်လည်စတင်လိုနေပေမဲ့လည်းအခြေအနေမှာဆိုးရွားသထက်ဆိုးရွားလာကြောင်းဝန်ခံပြောကြားလာပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆုဖလားလေးလုံးအိပ်မက်မက်ခဲ့တဲ့လီဗာပူးဟာယခုရာသီတွင် အကြီးအကျယ်ရုန်းကန်နေရပါတယ်။
၎င်းတို့ဟာမနေ့ညတုန်းကဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာအက်ဖ်အေဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်ပြည်တွင်းဖလားပြိုင်ပွဲနှစ်ရပ်လုံးမှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။
၎င်းတို့ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်လည်းအဆင့်၉နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၂၁မှတ်၊အဆင့်၄နေရာမှယူနိုက်တက်နှင့်ရမှတ်၁၀မှတ်ကွာဟလာပါတယ်။
လီဗာပူးဟာမနေ့ညတုန်းကဘရိုက်တန်ကိုအချိန်ပိုတွင်မီနာမိုတိုသွင်းယူတဲ့ဂိုးကြောင့်၂-၁ဖြင့်ရှုံးနိမ့်ပြီးနောက်၁၅ရက်အတွင်းတွင်ဒုတိယအကြိမ်မြောက်အဖြစ်ဘရိုက်တန်ကိုရှုံးနိမ့်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းအင်ဒီရောဘတ်ဆင်က “ဒီနေရာကလုံးဝစုတ်ပြတ်သတ်နေပါတယ်။နှစ်အစတုန်းကကျွန်တော်တို့အကောင်းဆုံးပြန်လည်တာထွက်လိုခဲ့ကြတယ်။မဖြစ်လာပါဘူး။ပိုတောင်ဆိုးရွားလာပါသေးတယ်။ လိဂ်မှာလည်းမကောင်းပါဘူး။အခုဖလားပြိုင်ပွဲနှစ်ခုကလည်းထွက်ခွာလိုက်ရပြီဖြစ်ပါတယ်”လို့ပြောကြားလာပါတယ်။
လီဗာပူးဟာဆုဖလားမျှော်လင့်ချက်အဖြစ်ချန်ပီယံလိဂ်တစ်ခုတည်းသာရှိပါတော့တယ်။၎င်းတို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ယမန်နှစ်ဗိုလ်လုပွဲတုန်းက၎င်းတို့ကိုအနိုင်ယူသွားခဲ့တဲ့လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
လီဗာပူးရဲ႕အေျခအေနမွာ ဆိုး႐ြားသထက္ ဆိုး႐ြားလာေၾကာင္း အင္ဒီေရာဘတ္ဆင္ဝန္ခံလာ
အင္ဒီေရာဘတ္ဆင္က၎တို႔မွာ၂၀၂၃ခုႏွစ္ကိုအေကာင္းဆုံးျပန္လည္စတင္လိုေနေပမဲ့လည္းအေျခအေနမွာဆိုး႐ြားသထက္ဆိုး႐ြားလာေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။
ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဆုဖလားေလးလုံးအိပ္မက္မက္ခဲ့တဲ့လီဗာပူးဟာယခုရာသီတြင္ အႀကီးအက်ယ္႐ုန္းကန္ေနရပါတယ္။
၎တို႔ဟာမေန႔ညတုန္းကဘ႐ိုက္တန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာအက္ဖ္ေအဖလားၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္ျပည္တြင္းဖလားၿပိဳင္ပြဲႏွစ္ရပ္လုံးမွထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။
၎တို႔ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္လည္းအဆင့္၉ေနရာတြင္ရပ္တည္ေနၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၂၁မွတ္၊အဆင့္၄ေနရာမွယူႏိုက္တက္ႏွင့္ရမွတ္၁၀မွတ္ကြာဟလာပါတယ္။
လီဗာပူးဟာမေန႔ညတုန္းကဘ႐ိုက္တန္ကိုအခ်ိန္ပိုတြင္မီနာမိုတိုသြင္းယူတဲ့ဂိုးေၾကာင့္၂-၁ျဖင့္ရႈံးနိမ့္ၿပီးေနာက္၁၅ရက္အတြင္းတြင္ဒုတိယအႀကိမ္ေျမာက္အျဖစ္ဘ႐ိုက္တန္ကိုရႈံးနိမ့္လာခဲ့တာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းအင္ဒီေရာဘတ္ဆင္က “ဒီေနရာကလုံးဝစုတ္ျပတ္သတ္ေနပါတယ္။ႏွစ္အစတုန္းကကြၽန္ေတာ္တို႔အေကာင္းဆုံးျပန္လည္တာထြက္လိုခဲ့ၾကတယ္။မျဖစ္လာပါဘူး။ပိုေတာင္ဆိုး႐ြားလာပါေသးတယ္။ လိဂ္မွာလည္းမေကာင္းပါဘူး။အခုဖလားၿပိဳင္ပြဲႏွစ္ခုကလည္းထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္”လို႔ေျပာၾကားလာပါတယ္။
လီဗာပူးဟာဆုဖလားေမွ်ာ္လင့္ခ်က္အျဖစ္ခ်န္ပီယံလိဂ္တစ္ခုတည္းသာရွိပါေတာ့တယ္။၎တို႔ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ယမန္ႏွစ္ဗိုလ္လုပြဲတုန္းက၎တို႔ကိုအႏိုင္ယူသြားခဲ့တဲ့လက္ရွိခ်န္ပီယံရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။