လီဗာပူးရဲ့အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကိုအဆုံးသတ်ပွဲတွင် ကလော့ပ်နှင့် အချင်းများခဲ့မှုအား ဘန်လေနည်းပြဖွင့်ဟလာ

ရှောင်ဒိုက်ချီကမနေ့ညတုန်းကအန်ဖီးလ်ကွင်းတွင်လီဗာပူးအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲရဲ့ပထမပိုင်းအပြီးတွင်လီဗာ ပူးနည်းပြဂျာဂင်ကလော့ပ်နှင့်ဉမင်လှိုဏ်ခေါင်းအတွင်တွင်အချင်းများခဲ့ခြင်းမရှိကြောင်းဆိုသွားပါတယ်။

ဘန်လေဟာမနေ့ညတုန်းက၈၃မိနစ်တွင်အက်ရှ်လေဘန်းသွင်းယူတဲ့တစ်လုံးတည်းသောပင်နယ်တီဂိုးကိုလီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။လီဗာပူးဟာဘန်လေရှုံးပွဲကြောင့်ပရီးမီးယားလိဂ်အိမ်ကွင်း၆၈ပွဲဆက်ရှုံးပွဲမရှိမှတ် တမ်းအဆုံးသတ်သွားခဲ့ရပါတယ်။

အဆိုပါပွဲရဲ့ပထမပိုင်းတွင်ဒိုင်လူကြီးမိုက်ဒိန်းကပထမပိုင်းအပြီးဝီစီမှုတ်ပြီးချိန်တွင်ဘန်းကိုဖာဘင်ဟိုကရန်မူရန် ကြိုးပမ်းခဲ့မှုအတွက်အဝါကတ်ပြသခဲ့ပါတယ်။

ဒိုင်ချီနှင့်ကလော့ပ်တို့ဟာဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ချိန်တွင်အပြန်အလှန်လက်ညှိးထိုးမှု၊ကျယ်လောင်စွာ ပြောဆိုမှုများပြုလုပ်ကာအချင်းများခဲ့ကြပါတယ်။၎င်းတို့ဟာကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတော့မရှိခဲ့ကြပါဘူး။

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီးဒိုင်ချီက “ဒီလိုနေရာမျိုးကိုရောက်လာပြီးဆိုကတည်းကရန်ဖြစ်တာတွေရှိတတ်တာပါပဲ။ ကျွန်တော်တို့အနိုင်ရဖို့ကြိုးစားခဲ့တယ်။ဒီအတွက်ဘဲလုပ်ကြတာပါ။သူပြောတဲ့အချို့အရာတွေကတကယ့်ကိုအခြေအမြစ်မရှိတာပါ။တကယ်တော့ဒါကနည်းပြနှစ်ဦးသူတို့အသင်းအတွက်တိုက်ပွဲဝင်ကြတာပါ။နည်းပြနှစ်ဦးပွဲတစ်ပွဲကိုနိုင်ချင်ကြလို့ဖြစ်တာပါ။ဒါနဲ့ပတ်သက်ပြီးဘာမှမမှားပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးရဲ႕အိမ္ကြင္းရႈံးပြဲမရွိစံခ်ိန္ကိုအဆုံးသတ္ပြဲတြင္ ကေလာ့ပ္ႏွင့္ အခ်င္းမ်ားခဲ့မႈအား ဘန္ေလနည္းျပဖြင့္ဟလာ

ေရွာင္ဒိုက္ခ်ီကမေန႔ညတုန္းကအန္ဖီးလ္ကြင္းတြင္လီဗာပူးအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲရဲ႕ပထမပိုင္းအၿပီးတြင္လီဗာ ပူးနည္းျပဂ်ာဂင္ကေလာ့ပ္ႏွင့္ဉမင္လႈိဏ္ေခါင္းအတြင္တြင္အခ်င္းမ်ားခဲ့ျခင္းမရွိေၾကာင္းဆိုသြားပါတယ္။

ဘန္ေလဟာမေန႔ညတုန္းက၈၃မိနစ္တြင္အက္ရွ္ေလဘန္းသြင္းယူတဲ့တစ္လုံးတည္းေသာပင္နယ္တီဂိုးကိုလီဗာပူးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။လီဗာပူးဟာဘန္ေလရႈံးပြဲေၾကာင့္ပရီးမီးယားလိဂ္အိမ္ကြင္း၆၈ပြဲဆက္ရႈံးပြဲမရွိမွတ္ တမ္းအဆုံးသတ္သြားခဲ့ရပါတယ္။

အဆိုပါပြဲရဲ႕ပထမပိုင္းတြင္ဒိုင္လူႀကီးမိုက္ဒိန္းကပထမပိုင္းအၿပီးဝီစီမႈတ္ၿပီးခ်ိန္တြင္ဘန္းကိုဖာဘင္ဟိုကရန္မူရန္ ႀကိဳးပမ္းခဲ့မႈအတြက္အဝါကတ္ျပသခဲ့ပါတယ္။

ဒိုင္ခ်ီႏွင့္ကေလာ့ပ္တို႔ဟာဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ခ်ိန္တြင္အျပန္အလွန္လက္ညႇိးထိုးမႈ၊က်ယ္ေလာင္စြာ ေျပာဆိုမႈမ်ားျပဳလုပ္ကာအခ်င္းမ်ားခဲ့ၾကပါတယ္။၎တို႔ဟာကိုယ္ထိလက္ေရာက္က်ဴးလြန္တာမ်ိဳးေတာ့မရွိခဲ့ၾကပါဘူး။

ယင္းျဖစ္ရပ္နဲ႔ပတ္သက္ၿပီးဒိုင္ခ်ီက “ဒီလိုေနရာမ်ိဳးကိုေရာက္လာၿပီးဆိုကတည္းကရန္ျဖစ္တာေတြရွိတတ္တာပါပဲ။ ကြၽန္ေတာ္တို႔အႏိုင္ရဖို႔ႀကိဳးစားခဲ့တယ္။ဒီအတြက္ဘဲလုပ္ၾကတာပါ။သူေျပာတဲ့အခ်ိဳ႕အရာေတြကတကယ့္ကိုအေျခအျမစ္မရွိတာပါ။တကယ္ေတာ့ဒါကနည္းျပႏွစ္ဦးသူတို႔အသင္းအတြက္တိုက္ပြဲဝင္ၾကတာပါ။နည္းျပႏွစ္ဦးပြဲတစ္ပြဲကိုႏိုင္ခ်င္ၾကလို႔ျဖစ္တာပါ။ဒါနဲ႔ပတ္သက္ၿပီးဘာမွမမွားပါဘူး”လို႔ေျပာၾကားသြားပါတယ္။