လီဗာပူးရှုံးပွဲတွင် ပါတေး အနီကတ်ပြသခံရပြီးနောက် ၂၀၂၂ ခုနှစ်တွင် သွင်းဂိုးထက် အနီကတ်ပိုများနေတဲ့ အာဆင်နယ်

မနေ့တုန်းကလီဗာပူးကိုရှုံးနိမ့်ပြီးခါရာဘောင်ဖလားဆီမီးဖိုင်နယ်မှထွက်ခွာခဲ့ရတဲ့ပွဲတွင်သောမတ်စ်ပါတေး အနီကတ်ပြထုတ်ပယ်ခံရမှုနဲ့အတူ အာဆင်နယ်ဟာ၂၀၂၂ခုနှစ်တွင်အနီကတ်၃ကတ်အထိရရှိထားပြီဖြစ်ပါတယ်။

ပါတေးဟာလူစားဝင်ရောက်လာပြီးနောက် သုံးမိနစ်အတွင်း နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ယင်းအနီကတ်က၂၀၂၂ခုနှစ်တွင်အာဆင်နယ်ရဲ့တတိယမြောက်အနီကတ်ဖြစ်ပါတယ်။

အာဆင်နယ်ဟာယခု၂၀၂၂ခုနှစ်တွင်သွင်းဂိုးတစ်ဂိုးတည်းသာရရှိထားရာ သွင်းဂိုးထက်အနီကတ်ပိုများနေပါတယ်။

အာဆင်နယ်ဟာယခုနှစ်တွင်ပထမဆုံးအနီကတ်အဖြစ်မန်စီးတီးနှင့်နှစ်သစ်ကူးပွဲတွင်ဂါဘရီရယ်ရဲ့အနီကတ်ဖြင့်စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ယင်းနောက်ဒုတိယအနီကတ်အဖြစ်ပြီးခဲ့တဲ့အပတ်ကအန်ဖီးလ်ပွဲစဉ်တွင်ဂရာနစ်ဇာခါအနီကတ်ပြသခံခဲ့ရပါတယ်။

ပါတေးဟာအာဖရိကဖလားပြိုင်ပွဲမှာဂါနာအသင်းထွက်ခွာခဲ့ရပြီးနောက် ဗြိတိန်သို့ပြန်ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာဗြိတိန်သို့ရောက်ပြီး၇၄မိနစ်တွင်လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာလီဗာပူးနှင့်ပွဲတွင်ဂိုးမသွင်းနိုင်ခဲ့မှုနဲ့အတူ နောက်ဆုံးသုံးပွဲဆက်ဂိုးပေါက်ပျောက်နေပါတယ်။

ZawGyi

လီဗာပူးရႈံးပြဲတြင္ ပါေတး အနီကတ္ျပသခံရၿပီးေနာက္ ၂၀၂၂ ခုႏွစ္တြင္ သြင္းဂိုးထက္ အနီကတ္ပိုမ်ားေနတဲ့ အာဆင္နယ္

မေန႔တုန္းကလီဗာပူးကိုရႈံးနိမ့္ၿပီးခါရာေဘာင္ဖလားဆီမီးဖိုင္နယ္မွထြက္ခြာခဲ့ရတဲ့ပြဲတြင္ေသာမတ္စ္ပါေတး အနီကတ္ျပထုတ္ပယ္ခံရမႈနဲ႔အတူ အာဆင္နယ္ဟာ၂၀၂၂ခုႏွစ္တြင္အနီကတ္၃ကတ္အထိရရွိထားၿပီျဖစ္ပါတယ္။

ပါေတးဟာလူစားဝင္ေရာက္လာၿပီးေနာက္ သုံးမိနစ္အတြင္း ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ယင္းအနီကတ္က၂၀၂၂ခုႏွစ္တြင္အာဆင္နယ္ရဲ႕တတိယေျမာက္အနီကတ္ျဖစ္ပါတယ္။

အာဆင္နယ္ဟာယခု၂၀၂၂ခုႏွစ္တြင္သြင္းဂိုးတစ္ဂိုးတည္းသာရရွိထားရာ သြင္းဂိုးထက္အနီကတ္ပိုမ်ားေနပါတယ္။

အာဆင္နယ္ဟာယခုႏွစ္တြင္ပထမဆုံးအနီကတ္အျဖစ္မန္စီးတီးႏွင့္ႏွစ္သစ္ကူးပြဲတြင္ဂါဘရီရယ္ရဲ႕အနီကတ္ျဖင့္စတင္ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ယင္းေနာက္ဒုတိယအနီကတ္အျဖစ္ၿပီးခဲ့တဲ့အပတ္ကအန္ဖီးလ္ပြဲစဥ္တြင္ဂရာနစ္ဇာခါအနီကတ္ျပသခံခဲ့ရပါတယ္။

ပါေတးဟာအာဖရိကဖလားၿပိဳင္ပြဲမွာဂါနာအသင္းထြက္ခြာခဲ့ရၿပီးေနာက္ ၿဗိတိန္သို႔ျပန္ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာၿဗိတိန္သို႔ေရာက္ၿပီး၇၄မိနစ္တြင္လူစားဝင္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာလီဗာပူးႏွင့္ပြဲတြင္ဂိုးမသြင္းႏိုင္ခဲ့မႈနဲ႔အတူ ေနာက္ဆုံးသုံးပြဲဆက္ဂိုးေပါက္ေပ်ာက္ေနပါတယ္။