
ဂျိုအာအိုကန်စီလိုဟာလီဗာပူးကိုရှုံးနိမ့်ကာမန်စီးတီးတို့ ယခုရာသီပထမဆုံးရှုံးပွဲအတွက်အပြည့်အဝတာဝန်ယူခဲ့ပါတယ်။
မနေ့ညကအန်ဖီးလ်ပွဲစဉ်ရဲ့ပွဲချိန်၇၆မိနစ်တွင်မိုဟာမက်ဆာလက်ကလီဗာပူးအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။ကန်စီလိုရဲ့အမှားကနေ အီဂျစ်စူပါစတားတကိုယ်တော်လွတ်လွတ်ကျွတ်ကျွတ်ဆွဲယူသွားခဲ့ပြီးဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာအပိုင်ကန်သွင်းခဲ့ပါတယ်။
လီဗာပူးဂိုးသမားအလစ်ဆင်ဘက်ကာ ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ပေါ်တူဂီလက်ရွေးစင်စတားဦးစွာရရှိပေမဲ့ ချောထွက်သွားပြီးနောက်မိုဟာမက်ဆာလက်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။
ဂျူဗင်တပ်စတားဟောင်းဟာမနေ့ညကပွဲစဉ်တွင်အကောင်းဆုံးပုံစံမရခဲ့သူလည်းဖြစ်ပါတယ်။
ပွဲအပြီးတွင်ကန်စီလိုဟာသူ့အမှားအတွက်အပြည့်အဝတာဝန်ယူခဲ့တာတွေ့ရပါတယ်။ကန်စီလိုတွင်သူ့ရင်ဘတ်ကိုပုတ်ပြီး “ကျုပ်အမှားပါ”လို့ ပြောဆိုခဲ့တာတွေ့ရပါတယ်။
အဆိုပါပွဲစဉ်ရဲ့ဒုတိယပိုင်းအစတွင် မန်စီးတီးဟာဖီးလ်ဖိုဒန်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းမီ အာလင်းဟာလန်းကဖာဘင်ဟိုကိုပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီးဒိုင်လူကြီးကဂိုးကိုခွင့်မပြုခဲ့ပါဘူး။
ZawGyi
လီဗာပူးရှုံးပွဲအတွက် အပြည့်အဝ တာဝန်ယူခဲ့တဲ့ မန်စီးတီးနောက်ခံလူကန်စီလို