လီဗာပူးလက်ထောက်နည်းပြထံမှ ဘောလုံးရယူပြီးနောက် ပြဿနာတက်ခဲ့တဲ့ အန်တိုနီယိုကွန်တီ

အန်တိုနီယိုကွန်တီဟာလီဗာပူးလက်ထောက်နည်းပြပက်လင်ဒါရဲ့လက်ထဲမှဘောလုံးကိုပုတ်ထုတ်ရယူမှုပြုလုပ်ခဲ့ပါတယ်။

စပါးစ်နည်းပြဟာအဝေးကွင်းအသင်းရဲ့နည်းစနစ်ဧရိယာသို့အထိသွားရောက်ကာဘောလုံးရယူခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင်လီဗာပူးဟာပထမပိုင်းတွင်မိုဟာမက်ဆာလက်သွင်းယူတဲ့သွင်းဂိုးနှစ်ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးဟယ်ရီကိန်းကချေပဂိုးသွင်းခဲ့ပါတယ်။

ပွဲပြီးရန်၁၉မိနစ်အလိုတွင်လီဗာပူးဘက်ကလက်ပစ်ဘောရရှိခဲ့ပါတယ်။အီတလီလူမျိုးနည်းပြဟာအင်ဒီရောဘတ်ဆင်ကိုလက်ပစ်ဘောအားအမြန်ပြုလုပ်စေလိုခဲ့ပါတယ်။

စပါးစ်နည်းပြခရစ္စတီယန်စတဲလ်လီနီကရောဘတ်ဆင်ထံဘောလုံးပေးရန်သွားခဲ့ပြီးလီဗာပူးလက်ထောက်နည်းပြလင်ဒါလက်ထဲတွင်လည်းဘောလုံးတစ်လုံးရှိနေပါတယ်။

ကွန်တီဟာလင်ဒါကအင်ဒါဆင်ထံသို့ဘောလုံးအမြန်မပေးမှုအပေါ်ဒေါသထွက်ခဲ့ပါတယ်။ဒါကြောင့်လည်းသူဟာလင်ဒါလက်ထဲမှာဘောလုံးကိုဒေါသတကြီးပုတ်ထုတ်ခဲ့ပါတယ်။

ယင်းဖြစ်ရပ်ကြောင့်ကွန်တီနှင့်လင်ဒါတို့အကြားအချင်းများခဲ့ပါတယ်။ဒိုင်လူကြီးအင်ဒီမက်ဒလေဟာကွန်တီကိုအဝါကတ်ပြသခဲ့ပါတယ်။

ZawGyi







