
ရိုမီယိုလာဗီယာဟာ လီဗာပူးကို ငြင်းပယ်ပြီး ချဲလ်ဆီးသို့ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။ လီဗာပူးနှင့် ချဲလ်ဆီးတို့ဟာ မွိုက်စ်ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့တုန်းကလည်း ထိပ်တိုက်တွေ့ခဲ့ကြပြီးပြီ ဖြစ်ပါတယ်။
လီဗာပူးဟာ ကိုင်စီဒိုကို ခေါ်ယူရေးအတွက် ပေါင် ၁၁၁ သန်းဖြင့် ဘရိုက်တန်နှင့် သဘောတူညီမှု ရရှိခဲ့ပေမဲ့လည်း ချဲလ်ဆီးက ပေါင် ၁၁၅ သန်းဖြင့် ကြားဖြတ်လုယူသွားခဲ့ပါတယ်။
အထူးသဖြင့် ကိုင်စီဒိုကိုယ်တိုင်က ချဲလ်ဆီးသို့ ပြောင်းလုမှုနှင့်အတူ လီဗာပူးအရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ယခုလည်း လီဗာပူးဟာ လာဗီယာကို ခေါ်ယူရေးအတွက် ပေါင်သန်း ၆၀ ဖြင့် ဆောက်သမ်တန်နှင့် သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ လာဗီယာက လီဗာပူးသို့ မပြောင်းလိုဘဲ ချဲလ်ဆီးသို့သာ ပြောင်းလိုနေပါတယ်။
The Athletic ရဲ့ ဖော်ပြမှုအရ ချဲလ်ဆီးဟာ လာဗီယာအား ပေါင်သန်း ၅၀ အပြင် အပိုဆုကြေးပေးမဲ့အချက်ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ရူဘင်လိုတပ်ဖ်ရှက်ခ်၊ မာတီယိုကိုဗာဆစ်၊ မေဆင်မောင့်၊ ခါလီဒူကူလီဘာလီ၊ အက်ဇ်ပီလီကူတာ၊ ကိုင်ဟာဗတ်ဇ်၊ အူဘာမီယန်၊ အန်ဂိုလိုကန်တီ၊ အက်ဝတ်မန်ဒီတို့ကို ဆုံးရှုံးထားရပါတယ်။
လာဗီယာဟာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့လာပါက ချဲလ်ဆီးကွင်းလယ်တွင် ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်ဇ်တို့နှင့် တွဲကစားသွားရပါမယ်။