လီဗာပူးလူငယ်အသင်းအတွက် ဂိုး ၉၀ သွင်းယူထားနိုင်တဲ့ ပရီးမီးယားလိဂ်စတားဟောင်းရဲ့သား

ပရီးမီးယားလိဂ်စတားဟောင်းရဲ့သား လီဗာပူးပါရမီရှင်ကစားသမားဟာလီဗာပူးလူငယ်အသင်းအတွက်ဂိုးပေါင်း၉၀အထိသွင်းယူထားနိုင်ကြောင်းသိရပါတယ်။

ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးပထမအသင်းစတားများဟာယခုရာသီမှာဘာမှထူးထူးခြားခြားလုပ်ပြထားနိုင်ခြင်းမရှိပါဘူး။

ဒါပေမဲ့လူငယ်ပါရမီရှင်တွေကတော့အန်ဖီးလ်မှာခြေစွမ်းပြဖို့အားယူနေကြပြီဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိအလယ်တန်းကစားသမားစတီဖန်ဘာစီတစ်ဟာယခုရာသီမှာလီဗာပူးပထမသင်းမှာပုံမှန်ထွက်ခွင့်ရရှိနေသလိုဘန်ဒေါ့ဖ်၊ဘော်ဘီကလပ်ခ်တို့လည်း၇ပွဲကစားခွင့်ရထားကြပါတယ်။

ဒါပေမဲ့လီဗာပူးလူငယ်အသင်းမှာဂိုးရှေ့မှာအကြီးအကျယ်အလုပ်လုပ်ပြနေတဲ့ပါရမီရှင်တစ်ဦးရှိပါသေးတယ်။

အသက်၁၆နှစ်အရွယ်ရှိကီးရိုးလ်ဖီဂူရိုအာဖြစ်ပါတယ်။သူဟာအသက်၁၆နှစ်သာရှိသေးပေမဲ့လည်းလီဗာပူးယူ-၁၈အသင်းမှာကစားခွင့်ရနေသူဖြစ်ပါတယ်။

သူဟာဟွန်ဒူးရပ်စ်ဖွားတစ်ဦးဖြစ်ပြီးဝီဂန်နှင့်အတူပရီးမီးယားလိဂ်ပွဲ၁၇၉ပွဲကစားခဲ့တဲ့နောက်ခံလူဟောင်းမေနော်ရဲ့သားလည်းဖြစ်ပါတယ်။

သူဟာလီဗာပူးယူ-၁၃နှင့်ယူ-၁၄တို့အတွက်တစ်ရာသီကစားခဲ့ရာမှာဂိုး၉၀အထိသွင်းပြခဲ့တဲ့သူလည်းဖြစ်ပါတယ်။

သူဟာ2023 CONCACAF U17 Championships ပြိုင်ပွဲမှာအမေရိကန်ယူ-၁၇အတွက်ကစားထားသူလည်းဖြစ်ပါတယ်။သူဟာယင်းပြိုင်ပွဲမှာအမေရိကန်ယူ-၁၇အတွက်ပထမဆုံးကစားတဲ့ပွဲမှာအရန်အဖြစ်ဝင်ရောက်ကစားပြီးတဲ့နောက်၁ဂိုးသွင်းပြီး၁ကြိမ်ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။သူဟာအမေရိကန်ယူ-၁၇အတွက်၄ပွဲကစားခဲ့ရာမှာ၅ဂိုးသွင်းထားနိုင်ပါသေးတယ်။

ဖခင်ဖြစ်သူမေနော်ဟာကစားသမားဘဝမှအနားယူပြီးတဲ့နောက်အေးဂျင့်အဖြစ်အလုပ်လုပ်နေသူဖြစ်ပြီးချဲလ်ဆီးစတားဂရက်ဇ်မန်းရဲ့အေးဂျင့်အဖြစ်အလုပ်လုပ်နေသူဖြစ်ပါတယ်။

ZawGyi

လီဗာပူးလူငယ္အသင္းအတြက္ ဂိုး ၉၀ သြင္းယူထားႏိုင္တဲ့ ပရီးမီးယားလိဂ္စတားေဟာင္းရဲ႕သား

ပရီးမီးယားလိဂ္စတားေဟာင္းရဲ႕သား လီဗာပူးပါရမီရွင္ကစားသမားဟာလီဗာပူးလူငယ္အသင္းအတြက္ဂိုးေပါင္း၉၀အထိသြင္းယူထားႏိုင္ေၾကာင္းသိရပါတယ္။

ဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးပထမအသင္းစတားမ်ားဟာယခုရာသီမွာဘာမွထူးထူးျခားျခားလုပ္ျပထားႏိုင္ျခင္းမရွိပါဘူး။

ဒါေပမဲ့လူငယ္ပါရမီရွင္ေတြကေတာ့အန္ဖီးလ္မွာေျခစြမ္းျပဖို႔အားယူေနၾကၿပီျဖစ္ပါတယ္။

အသက္၁၈ႏွစ္ရွိအလယ္တန္းကစားသမားစတီဖန္ဘာစီတစ္ဟာယခုရာသီမွာလီဗာပူးပထမသင္းမွာပုံမွန္ထြက္ခြင့္ရရွိေနသလိုဘန္ေဒါ့ဖ္၊ေဘာ္ဘီကလပ္ခ္တို႔လည္း၇ပြဲကစားခြင့္ရထားၾကပါတယ္။

ဒါေပမဲ့လီဗာပူးလူငယ္အသင္းမွာဂိုးေရွ႕မွာအႀကီးအက်ယ္အလုပ္လုပ္ျပေနတဲ့ပါရမီရွင္တစ္ဦးရွိပါေသးတယ္။

အသက္၁၆ႏွစ္အ႐ြယ္ရွိကီး႐ိုးလ္ဖီဂူ႐ိုအာျဖစ္ပါတယ္။သူဟာအသက္၁၆ႏွစ္သာရွိေသးေပမဲ့လည္းလီဗာပူးယူ-၁၈အသင္းမွာကစားခြင့္ရေနသူျဖစ္ပါတယ္။

သူဟာဟြန္ဒူးရပ္စ္ဖြားတစ္ဦးျဖစ္ၿပီးဝီဂန္ႏွင့္အတူပရီးမီးယားလိဂ္ပြဲ၁၇၉ပြဲကစားခဲ့တဲ့ေနာက္ခံလူေဟာင္းေမေနာ္ရဲ႕သားလည္းျဖစ္ပါတယ္။

သူဟာလီဗာပူးယူ-၁၃ႏွင့္ယူ-၁၄တို႔အတြက္တစ္ရာသီကစားခဲ့ရာမွာဂိုး၉၀အထိသြင္းျပခဲ့တဲ့သူလည္းျဖစ္ပါတယ္။

သူဟာ2023 CONCACAF U17 Championships ၿပိဳင္ပြဲမွာအေမရိကန္ယူ-၁၇အတြက္ကစားထားသူလည္းျဖစ္ပါတယ္။သူဟာယင္းၿပိဳင္ပြဲမွာအေမရိကန္ယူ-၁၇အတြက္ပထမဆုံးကစားတဲ့ပြဲမွာအရန္အျဖစ္ဝင္ေရာက္ကစားၿပီးတဲ့ေနာက္၁ဂိုးသြင္းၿပီး၁ႀကိမ္ဖန္တီးခဲ့သူလည္းျဖစ္ပါတယ္။သူဟာအေမရိကန္ယူ-၁၇အတြက္၄ပြဲကစားခဲ့ရာမွာ၅ဂိုးသြင္းထားႏိုင္ပါေသးတယ္။

ဖခင္ျဖစ္သူေမေနာ္ဟာကစားသမားဘဝမွအနားယူၿပီးတဲ့ေနာက္ေအးဂ်င့္အျဖစ္အလုပ္လုပ္ေနသူျဖစ္ၿပီးခ်ဲလ္ဆီးစတားဂရက္ဇ္မန္းရဲ႕ေအးဂ်င့္အျဖစ္အလုပ္လုပ္ေနသူျဖစ္ပါတယ္။