လီဗာပူးသမိုင်းတွင်မကြုံဖူးတဲ့ရလဒ်ဆိုးမှုမျိုးကြုံနေပေမယ့် ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမယ့် ကလော့ပ်

ဂျာဂင်ကလော့ပ်ကလီဗာပူးတွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၄ခုနှစ်အထိဆက်ရှိနိုင်ကြောင်းပြောကြားကာ လာမယ့်နှစ်များတွင်ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများအတွက်အသင့်ဖြစ်နေကြောင်းပြောကြားလာပါတယ်။

ချန်ပီယံလိဂ်နှင့်ပရီးမီးယားလိဂ်ဖလားတို့ကိုဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တဲ့လီဗာပူးဟာယခုရာသီမှာဆက်တိုက် ရလဒ် ကောင်းရယူနိုင်ရေးအတွက်ရုန်းကန်နေရပါတယ်။အထူးသဖြင့်လီဗာပူးဟာဒဏ်ရာပဲသနာများစွာကြုံရမှုနဲ့အတူယခုရာသီမှာပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်နိုင်ရေးအလွန်ခက်ခဲနေပြီဖြစ်ပါတယ်။

ဒါပေမယ့်ကလော့ပ်ကရုန်းကန်ရတဲ့အတွေ့အကြုံများကြောင့်ပိုကောင်းတဲ့နည်းပြဖြစ်လာကြောင်းနှင့်ပြဿနာများမှ ရှောင်ပြေးရန်အစီအစဉ်မရှိကြောင်းပြောကြားလာပါတယ်။

ကလော့ပ်က “ဘောလုံးမှာပြဿနာကရလဒ်ပါ။လူတွေကရလဒ်မကောင်းတာမကြားချင်ပါဘူး။၁၅ပွဲ(သို့မဟုတ်)ပွဲ ၂၀ ဆက်အနိုင်ရတဲ့အခါ မယုံနိုင်စရာကောင်းတယ်လို့ပြောမယ်။နိုင်ပွဲမရရင်အဲဒီလူတွေကဘဲအနိုင်ရအောင်လုပ် စမ်းပါလို့ပြောလိမ့်မယ်။ဒါကပြဿနာမဟုတ်ဘူးဆိုတာသိပါတယ်။ရလဒ်အတွက်ကျွန်တော့်မှာတာဝန်အပြည့်အဝ ရှိပါတယ်။အခုအတွက်မှမဟုတ်ပါဘူး။နောက်နှစ်အနည်းငယ်အတွင်းပါတာဝန်ရှိပါတယ်။ဒီအခက်အခဲကနေကျွန် တော်တို့အကျိုးကျေးဇူးရယူပါမယ်”လို့ပြောကြားသွားပါတယ်။

၂၀၂၀ခုနှစ်တုန်းကနှစ်၃၀အတွင်းပထမဆုံးအမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့လီဗာပူးဟာယခုရာသီတွင်ချန်ပီယံ လိဂ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်နေရပါတယ်။

၎င်းက “အကြီးမားဆုံးပြဿနာကဒဏ်ရာပြဿနာပါ။ဒဏ်ရာပြဿနာသစ်တွေနဲ့ကြုံရတယ်။ကျွန်တော့်ဘဝမှာ မကြုံဖူးတာနဲ့ကြုံရတယ်။ဒါပေမယ့်ကျွန်တော်ဟာပုံမှန်မတွေးဖူးတာတွေကိုတွေးနေရတော့ဒီရာသီမှာပိုကောင်းတဲ့ နည်းပြဖြစ်လာပါတယ်”လို့ပြောကြားသွားပါတယ်။

ကလော့ဦးဆောင်တဲ့လီဗာပူးဟာမနေ့ညတုန်းကအန်ဖီးလ်ကွင်းတွင်ချဲလ်ဆီးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးကလပ်ရဲ့ သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်အိမ်ကွင်းလိဂ်ပွဲငါးပွဲဆက်အရှုံးနဲ့ကြုံခဲ့ရပါတယ်။

ZawGyi

လီဗာပူးသမိုင္းတြင္မႀကဳံဖူးတဲ့ရလဒ္ဆိုးမႈမ်ိဳးႀကဳံေနေပမယ့္ ၂၀၂၄ ခုႏွစ္အထိ ဆက္ရွိေနမယ့္ ကေလာ့ပ္

ဂ်ာဂင္ကေလာ့ပ္ကလီဗာပူးတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္၂၀၂၄ခုႏွစ္အထိဆက္ရွိႏိုင္ေၾကာင္းေျပာၾကားကာ လာမယ့္ႏွစ္မ်ားတြင္ရင္ဆိုင္ရမယ့္စိန္ေခၚမႈမ်ားအတြက္အသင့္ျဖစ္ေနေၾကာင္းေျပာၾကားလာပါတယ္။

ခ်န္ပီယံလိဂ္ႏွင့္ပရီးမီးယားလိဂ္ဖလားတို႔ကိုဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့တဲ့လီဗာပူးဟာယခုရာသီမွာဆက္တိုက္ ရလဒ္ ေကာင္းရယူႏိုင္ေရးအတြက္႐ုန္းကန္ေနရပါတယ္။အထူးသျဖင့္လီဗာပူးဟာဒဏ္ရာပဲသနာမ်ားစြာႀကဳံရမႈနဲ႔အတူယခုရာသီမွာပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကာကြယ္ႏိုင္ေရးအလြန္ခက္ခဲေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္ကေလာ့ပ္က႐ုန္းကန္ရတဲ့အေတြ႕အႀကဳံမ်ားေၾကာင့္ပိုေကာင္းတဲ့နည္းျပျဖစ္လာေၾကာင္းႏွင့္ျပႆနာမ်ားမွ ေရွာင္ေျပးရန္အစီအစဥ္မရွိေၾကာင္းေျပာၾကားလာပါတယ္။

ကေလာ့ပ္က “ေဘာလုံးမွာျပႆနာကရလဒ္ပါ။လူေတြကရလဒ္မေကာင္းတာမၾကားခ်င္ပါဘူး။၁၅ပြဲ(သို႔မဟုတ္)ပြဲ ၂၀ ဆက္အႏိုင္ရတဲ့အခါ မယုံႏိုင္စရာေကာင္းတယ္လို႔ေျပာမယ္။ႏိုင္ပြဲမရရင္အဲဒီလူေတြကဘဲအႏိုင္ရေအာင္လုပ္ စမ္းပါလို႔ေျပာလိမ့္မယ္။ဒါကျပႆနာမဟုတ္ဘူးဆိုတာသိပါတယ္။ရလဒ္အတြက္ကြၽန္ေတာ့္မွာတာဝန္အျပည့္အဝ ရွိပါတယ္။အခုအတြက္မွမဟုတ္ပါဘူး။ေနာက္ႏွစ္အနည္းငယ္အတြင္းပါတာဝန္ရွိပါတယ္။ဒီအခက္အခဲကေနကြၽန္ ေတာ္တို႔အက်ိဳးေက်းဇူးရယူပါမယ္”လို႔ေျပာၾကားသြားပါတယ္။

၂၀၂၀ခုႏွစ္တုန္းကႏွစ္၃၀အတြင္းပထမဆုံးအမွတ္ေပးဖလားကိုဆြတ္ခူးႏိုင္ခဲ့တဲ့လီဗာပူးဟာယခုရာသီတြင္ခ်န္ပီယံ လိဂ္ဝင္ခြင့္အတြက္တိုက္ပြဲဝင္ေနရပါတယ္။

၎က “အႀကီးမားဆုံးျပႆနာကဒဏ္ရာျပႆနာပါ။ဒဏ္ရာျပႆနာသစ္ေတြနဲ႔ႀကဳံရတယ္။ကြၽန္ေတာ့္ဘဝမွာ မႀကဳံဖူးတာနဲ႔ႀကဳံရတယ္။ဒါေပမယ့္ကြၽန္ေတာ္ဟာပုံမွန္မေတြးဖူးတာေတြကိုေတြးေနရေတာ့ဒီရာသီမွာပိုေကာင္းတဲ့ နည္းျပျဖစ္လာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကေလာ့ဦးေဆာင္တဲ့လီဗာပူးဟာမေန႔ညတုန္းကအန္ဖီးလ္ကြင္းတြင္ခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးကလပ္ရဲ႕ သမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္အိမ္ကြင္းလိဂ္ပြဲငါးပြဲဆက္အရႈံးနဲ႔ႀကဳံခဲ့ရပါတယ္။