
လီဗာပူးကစားသမားသစ်ကိုဒီဂတ်ပိုကနယ်သာလန်ကစားဖော်ကလီဗာပူးသို့ပြောင်းရွှေ့ကစားရေးဆုံးဖြတ်ချက်ချရာတွင်အရေးပါတဲ့နေရာမှပါဝင်ခဲ့ကြောင်းဖွင့်ဟလာပါတယ်။
ဘောက်ဆင်ဒေးနေ့တွင်လီဗာပူးနှင့်ပီအက်စ်ဗွီတို့ကနယ်သာလန်စတားဂတ်ပိုရဲ့အပြောင်းအရွှေ့အတွက်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းကြေညာခဲ့ကြပါတယ်။
အသက်၂၃နှစ်ရှိဂတ်ပိုဟာဗုဒ္ဓဟူးနေ့တုန်းကမာဆေးလ်ဆိုက်သို့ရောက်လာခဲ့ပြီးအပြောင်းအရွှေ့အပြီးသတ်ခဲ့ပါတယ်။လီဗာပူးဟာစာရွက်စာတမ်းကိစ္စပြီးပြတ်သွားချိန်တွင်ဂတ်ပိုကိုကစားသမားသစ်အဖြစ်မိတ်ဆက်လာပါမယ်။
ဂတ်ပိုကလီဗာပူးသို့ပြောင်းရွှေ့ရေးဆုံးဖြတ်ချက်ချရတဲ့အဓိကအကြောင်းရင်းတွင်နယ်သာလန်ကစားဖော်ဗာဂယ်ဗန်ဒိုက်ပါဝင်နေကြောင်းဆိုလာပါတယ်။
ဂတ်ပိုက “ပြီးခဲ့တဲ့ရက်တွေမှာကျွန်တော်တို့ဖုန်းတွေအများကြီးပြောဖြစ်တယ်။သူကျွန်တော့်ကိုပြောတာကတော့မှန်ကန်တဲ့ပြောင်းရွှေ့မှုလို့ပြောပါတယ်။ကျွန်တော်တို့အတွက်တိုးတက်နိုင်မဲ့အပြင်ပိုကောင်းတဲ့ကစားသမားဖြစ်လာစေမဲ့ကလပ်လို့ဆိုပါတယ်။ဒီကလပ်ကတကယ့်ကိုကြီးမားတဲ့ကလပ်တစ်ခုပါ။ဒါပေမဲ့တကယ့်ကိုစစ်မှန်တဲ့မိသားစုလိုပါပဲ။ကျွန်တော်ကလည်းမိသားစုချစ်တတ်သူဆိုတော့ဒီအချက်ကကျွန်တော့်အတွက်တကယ်ပဲအရေးကြီးတဲ့အချက်ပါ။သူကကောင်းတာတွေပဲပြောပြပါတယ်။အန်ဖီးလ်မှာကစားဖို့တော်တော်လေးရင်ခုန်နေပါပြီ။ဒီကွင်းနဲ့ပတ်သက်တဲ့၊ဒီကပရိသတ်အားပေးမှုနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေအများကြီးကြားဖူးပါတယ်။မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ပြောကြားသွားပါတယ်။
ဂတ်ပိုဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကတည်းကယူနိုက်တက်ရဲ့ပစ်မှတ်ထားခြင်းခံလာခဲ့ရသူဖြစ်ပြီးဇန်နဝါရီတွင်အိုးထရက်ဖို့ဒ်သို့ပြောင်းမယ်လို့ယူဆခြင်းခံထားရသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ယူနိုက်တက်ဟာဂတ်ပိုကိုခေါ်ယူဖို့အသုံးစရိတ်မရှိမှုနဲ့အတူ လီဗာပူးရဲ့ကြားဖြတ်ဝင်ခုတ်ခြင်းခံခဲ့ရပါတယ်။
ဂတ်ပိုဟာလီဗာပူးနှင့်၂၀၂၈ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးယခင်တုန်းကမိုက်ကယ်အိုဝင်၊ဒက်ကုဒ်တို့ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၈ကိုဝတ်ဆင်ကစားသွားပါမယ်။
ZawGyi
လီဗာပူးသို႔ ေျပာင္းေ႐ႊ႕ရျခင္းအေၾကာင္းရင္းကို ကိုဒီဂတ္ပို ဖြင့္ဟလာ
လီဗာပူးကစားသမားသစ္ကိုဒီဂတ္ပိုကနယ္သာလန္ကစားေဖာ္ကလီဗာပူးသို႔ေျပာင္းေ႐ႊ႕ကစားေရးဆုံးျဖတ္ခ်က္ခ်ရာတြင္အေရးပါတဲ့ေနရာမွပါဝင္ခဲ့ေၾကာင္းဖြင့္ဟလာပါတယ္။
ေဘာက္ဆင္ေဒးေန႔တြင္လီဗာပူးႏွင့္ပီအက္စ္ဗြီတို႔ကနယ္သာလန္စတားဂတ္ပိုရဲ႕အေျပာင္းအေ႐ႊ႕အတြက္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းေၾကညာခဲ့ၾကပါတယ္။
အသက္၂၃ႏွစ္ရွိဂတ္ပိုဟာဗုဒၶဟူးေန႔တုန္းကမာေဆးလ္ဆိုက္သို႔ေရာက္လာခဲ့ၿပီးအေျပာင္းအေ႐ႊ႕အၿပီးသတ္ခဲ့ပါတယ္။လီဗာပူးဟာစာ႐ြက္စာတမ္းကိစၥၿပီးျပတ္သြားခ်ိန္တြင္ဂတ္ပိုကိုကစားသမားသစ္အျဖစ္မိတ္ဆက္လာပါမယ္။
ဂတ္ပိုကလီဗာပူးသို႔ေျပာင္းေ႐ႊ႕ေရးဆုံးျဖတ္ခ်က္ခ်ရတဲ့အဓိကအေၾကာင္းရင္းတြင္နယ္သာလန္ကစားေဖာ္ဗာဂယ္ဗန္ဒိုက္ပါဝင္ေနေၾကာင္းဆိုလာပါတယ္။
ဂတ္ပိုက “ၿပီးခဲ့တဲ့ရက္ေတြမွာကြၽန္ေတာ္တို႔ဖုန္းေတြအမ်ားႀကီးေျပာျဖစ္တယ္။သူကြၽန္ေတာ့္ကိုေျပာတာကေတာ့မွန္ကန္တဲ့ေျပာင္းေ႐ႊ႕မႈလို႔ေျပာပါတယ္။ကြၽန္ေတာ္တို႔အတြက္တိုးတက္ႏိုင္မဲ့အျပင္ပိုေကာင္းတဲ့ကစားသမားျဖစ္လာေစမဲ့ကလပ္လို႔ဆိုပါတယ္။ဒီကလပ္ကတကယ့္ကိုႀကီးမားတဲ့ကလပ္တစ္ခုပါ။ဒါေပမဲ့တကယ့္ကိုစစ္မွန္တဲ့မိသားစုလိုပါပဲ။ကြၽန္ေတာ္ကလည္းမိသားစုခ်စ္တတ္သူဆိုေတာ့ဒီအခ်က္ကကြၽန္ေတာ့္အတြက္တကယ္ပဲအေရးႀကီးတဲ့အခ်က္ပါ။သူကေကာင္းတာေတြပဲေျပာျပပါတယ္။အန္ဖီးလ္မွာကစားဖို႔ေတာ္ေတာ္ေလးရင္ခုန္ေနပါၿပီ။ဒီကြင္းနဲ႔ပတ္သက္တဲ့၊ဒီကပရိသတ္အားေပးမႈနဲ႔ပတ္သက္တဲ့ဇာတ္လမ္းေတြအမ်ားႀကီးၾကားဖူးပါတယ္။မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။
ဂတ္ပိုဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကတည္းကယူႏိုက္တက္ရဲ႕ပစ္မွတ္ထားျခင္းခံလာခဲ့ရသူျဖစ္ၿပီးဇန္နဝါရီတြင္အိုးထရက္ဖို႔ဒ္သို႔ေျပာင္းမယ္လို႔ယူဆျခင္းခံထားရသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ဟာဂတ္ပိုကိုေခၚယူဖို႔အသုံးစရိတ္မရွိမႈနဲ႔အတူ လီဗာပူးရဲ႕ၾကားျဖတ္ဝင္ခုတ္ျခင္းခံခဲ့ရပါတယ္။
ဂတ္ပိုဟာလီဗာပူးႏွင့္၂၀၂၈ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးယခင္တုန္းကမိုက္ကယ္အိုဝင္၊ဒက္ကုဒ္တို႔ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၈ကိုဝတ္ဆင္ကစားသြားပါမယ္။