လီဗာပူးအနာဂတ်မှာ မိမိလက်ထဲတွင် မရှိကြောင်း မိုဟာမက်ဆာလက်ပြောကြား

မိုဟာမက်ဆာလက်ကသူ့ရဲ့လီဗာပူးအနာဂတ်မှာသူ့လက်ထဲတွင်မရှိကြောင်းပြောကြားကာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အခြားကလပ်တစ်ခုသို့ပြောင်းရွှေ့နိုင်ကြောင်းပြောကြားလာပါတယ်။

လက်ရှိအချိန်တွင်လီဗာပူးမှာအကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရသော်လည်းအသက်၂၉နှစ်ရှိအီဂျစ်စတားမှာအကောင်းဆုံးပုံစံရရှိနေဆဲဖြစ်ပါတယ်။

ယခုရာသီတွင်လီဗာပူးအတွက်ပရီးမီးယားလိဂ်ဂိုး၁၇ဂိုးသွင်းယူထားတဲ့ဆာလက်ဟာလွန်ခဲ့တဲ့သုံးပတ်တုန်းကချဲလ်ဆီးနှင့်ပွဲတွင်လူစားလဲခြင်းခံခဲ့ရပြီးနောက်စိတ်ပျက်လက်ပျက်ဖြင့်အရန်ခုံတွင်ထိုင်နေခဲ့သူလည်းဖြစ်ပါတယ်။

ယနေ့မှာဆာလက်က “ကျွန်တော့်ဆုံးဖြတ်ချက်အပေါ်မှာမမူတည်ပါဘူး။ဘာဖြစ်လာမလဲဆိုတာကြည့်ကြရပါမယ်။ဒါပေမယ့်အခုအချိန်မှာဒါနဲ့ပတ်သက်ပြီးကျွန်တော့်ဘက်ကမပြောချင်ပါဘူး။ကျွန်တော်နဲ့ကလော့ပ်ကဆက်ဆံရေးကပရော်ဖက်ရှင်နယ်ဆက်ဆံရေးဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi




