လီဗာပူးအလယ်တန်းကစားသမားကို ပေါင် ၁၀.၅ သန်းဖြင့် ပေါ်တို ခေါ်ယူ

ပေါ်တိုဟာအလယ်တန်းကစားသမားမာကိုဂရူဂျစ်ကိုပေါင်၁၀.၅သန်းဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။ဆားဘီးယားအလယ်တန်းကစားသမားဟာလီဗာပူးနှင့်အတူရာသီကြိုလေ့ကျင့်ခန်းဆင်းနေရာမှပေါ်တိုအပြောင်းအရွှေ့အပြီးသတ်ရန်အတွက်ပေါ်တိုသို့ထွက်ခွာလုပ်ဆောင်ခဲ့ပါတယ်။

လီဗာပူးဟာမာကိုဂရူဂျစ်ရဲ့အရောင်းစာချုပ်တွင်ပေါ်တိုအနေဖြင့်စာချုပ်သက်တမ်းကာလအတွင်းထပ်မံရောင်းချပါကပြောင်းရွှေ့ကြေးရဲ့၁၀ရာခိုင်နှုန်းကိုခံစားနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဂရူဂျစ်ဟာ၂၀၁၆ခုနှစ်တုန်းကရက်စတားဘဲလ်ဂရိတ်မှလီဗာပူးသို့ကလော့ပ်ရဲ့ပထမဆုံးအပြောင်းအရွှေ့အဖြစ်ရောက်လာသူဖြစ်ပါတယ်။လီဗာပူးဟာသူ့အတွက်ပေါင်၅သန်းသုံးစွဲခဲ့ရပါတယ်။

သူဟာလီဗာပူးတွင်ကစားတဲ့ပထမရာသီမှာ၈ပွဲနှင့်ဒုတိယရာသီမှာ၆ပွဲကစားခဲ့ရပြီးနောက်အငှားဖြင့်သွားကစားနေခဲ့ရပါတယ်။သူဟာကာဒစ်ဖ်တွင်အငှားဖြင့်ကစားပြီးနောက်ဟာသာဘာလင်တွင်နှစ်ရာသီကြာအငှားဖြင့်ကစားနေခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကပေါ်တိုသို့အငှားဖြင့်သွားကစားခဲ့ပြီးချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်အောင်ကူညီခဲ့ပါတယ်။သူဟာပေါ်တိုအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၆ပွဲကစားပြီး၂ဂိုးသွင်းယူခဲ့ပါတယ်။

ZawGyi

လီဗာပူးအလယ္တန္းကစားသမားကို ေပါင္ ၁၀.၅ သန္းျဖင့္ ေပၚတို ေခၚယူ

ေပၚတိုဟာအလယ္တန္းကစားသမားမာကိုဂ႐ူဂ်စ္ကိုေပါင္၁၀.၅သန္းျဖင့္ေခၚယူအားျဖည့္လိုက္ပါတယ္။ဆားဘီးယားအလယ္တန္းကစားသမားဟာလီဗာပူးႏွင့္အတူရာသီႀကိဳေလ့က်င့္ခန္းဆင္းေနရာမွေပၚတိုအေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္အတြက္ေပၚတိုသို႔ထြက္ခြာလုပ္ေဆာင္ခဲ့ပါတယ္။

လီဗာပူးဟာမာကိုဂ႐ူဂ်စ္ရဲ႕အေရာင္းစာခ်ဳပ္တြင္ေပၚတိုအေနျဖင့္စာခ်ဳပ္သက္တမ္းကာလအတြင္းထပ္မံေရာင္းခ်ပါကေျပာင္းေ႐ႊ႕ေၾကးရဲ႕၁၀ရာခိုင္ႏႈန္းကိုခံစားႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဂ႐ူဂ်စ္ဟာ၂၀၁၆ခုႏွစ္တုန္းကရက္စတားဘဲလ္ဂရိတ္မွလီဗာပူးသို႔ကေလာ့ပ္ရဲ႕ပထမဆုံးအေျပာင္းအေ႐ႊ႕အျဖစ္ေရာက္လာသူျဖစ္ပါတယ္။လီဗာပူးဟာသူ႔အတြက္ေပါင္၅သန္းသုံးစြဲခဲ့ရပါတယ္။

သူဟာလီဗာပူးတြင္ကစားတဲ့ပထမရာသီမွာ၈ပြဲႏွင့္ဒုတိယရာသီမွာ၆ပြဲကစားခဲ့ရၿပီးေနာက္အငွားျဖင့္သြားကစားေနခဲ့ရပါတယ္။သူဟာကာဒစ္ဖ္တြင္အငွားျဖင့္ကစားၿပီးေနာက္ဟာသာဘာလင္တြင္ႏွစ္ရာသီၾကာအငွားျဖင့္ကစားေနခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကေပၚတိုသို႔အငွားျဖင့္သြားကစားခဲ့ၿပီးခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္သို႔တက္ေရာက္ေအာင္ကူညီခဲ့ပါတယ္။သူဟာေပၚတိုအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၆ပြဲကစားၿပီး၂ဂိုးသြင္းယူခဲ့ပါတယ္။