လီဗာပူးအဝေးကွင်းပွဲမှာ မန်ယူရဲ့ချန်ပီယံရည်မှန်းချက်အတွက် ကြီးမားတဲ့ စမ်းသပ်မှုဖြစ်လာမည်ဟု ဆိုးလ်ရှားဆို

မန်ယူနည်းပြဆိုးလ်ရှားကယခုအပတ်အကုန်တွင်လီဗာပူးကိုအဝေးကွင်းသို့သွားရောက်ကစားရမယ့်ပွဲစဉ်မှာမန်ယူအသင်းရဲ့ချန်ပီယံရည်မှန်းချက်ကိုကြီးမားစွာစမ်းသပ်လာမယ့်ပွဲစဉ်ဖြစ်လာမယ်လို့ပြောကြားလာပါတယ်။

မန်ယူဟာမနေ့ညတုန်းကဘန်လေနှင့်အဝေးကွင်းပွဲစဉ်မှာပေါလ်ပေါ့ဘာရဲ့၇၁မိနစ်မှာသွင်းယူတဲ့ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှလီဗာပူးကိုသုံးမှတ်ဖြတ်ကာအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်လာပါတယ်။

မန်ယူဟာ၂၀၁၃ခုနှစ်တုန်းကဆာအဲလက်စ်ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်းတွင်ယခုကဲ့သို့အချိန်မျိုးတွင်ပထမဆုံးအကြိမ်အဖြစ်အမှတ်ပေးဇယားထိပ်ဆုံးသို့တက်လှမ်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူဟာလာမယ့်တနင်္ဂနွေနေ့မှာအန်ဖီးလ်သို့သွားရောက်ကာလီဗာပူးကိုရင်ဆိုင်ကစားရပါမယ်။မန်ယူဟာ၂၀၁၆ခုနှစ်၊မတ်လနှောင်းပိုင်းတွင်အန်ဖီးလ်တွင်လီဗာပူးကိုတစ်ပွဲမျှအနိုင်ရရှိခဲ့ဖူးခြင်းမရှိပါဘူး။

ဆိုးလ်ရှားက “လာမယ့်ပွဲအတွက်အာရုံစိုက်နေပါတယ်။ကျွန်တော်တို့ကဘယ်နေရာမှာဘဲရှိနေနေပျော်ရွှင်နေပါ တယ်။အခုကျွန်တော်တို့ရောက်နေတဲ့နေရာကျွန်တော်တို့နေရာပါ။ကျွန်တော်တို့ကစားရမယ့်အသင်းကပြီးခဲ့တဲ့ တစ်နှစ်ခွဲတုန်းကဒီနိုင်ငံမှာအကောင်းဆုံးအသင်းအဖြစ်ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့အသင်းပါ။သူတို့ဟာချန်ပီယံလည်းဖြစ်ပါတယ်။အသင်းကောင်းနဲ့ရင်ဆိုင်ရတာအသင်းအတွက်ကောင်းမွန်တဲ့စမ်းသပ်မှုပါ။သေချာတာက တော့ဇန်နဝါရီလ၁၂ရက်နေ့မှာအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့အသင်းကိုဘယ်သူကမှအမှတ်ရနေမှာ တော့မဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးအေဝးကြင္းပြဲမွာ မန္ယူရဲ႕ခ်န္ပီယံရည္မွန္းခ်က္အတြက္ ႀကီးမားတဲ့ စမ္းသပ္မႈျဖစ္လာမည္ဟု ဆိုးလ္ရွားဆို

မန္ယူနည္းျပဆိုးလ္ရွားကယခုအပတ္အကုန္တြင္လီဗာပူးကိုအေဝးကြင္းသို႔သြားေရာက္ကစားရမယ့္ပြဲစဥ္မွာမန္ယူအသင္းရဲ႕ခ်န္ပီယံရည္မွန္းခ်က္ကိုႀကီးမားစြာစမ္းသပ္လာမယ့္ပြဲစဥ္ျဖစ္လာမယ္လို႔ေျပာၾကားလာပါတယ္။

မန္ယူဟာမေန႔ညတုန္းကဘန္ေလႏွင့္အေဝးကြင္းပြဲစဥ္မွာေပါလ္ေပါ့ဘာရဲ႕၇၁မိနစ္မွာသြင္းယူတဲ့ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး ဒုတိယေနရာမွလီဗာပူးကိုသုံးမွတ္ျဖတ္ကာအမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္လာပါတယ္။

မန္ယူဟာ၂၀၁၃ခုႏွစ္တုန္းကဆာအဲလက္စ္ဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္းတြင္ယခုကဲ့သို႔အခ်ိန္မ်ိဳးတြင္ပထမဆုံးအႀကိမ္အျဖစ္အမွတ္ေပးဇယားထိပ္ဆုံးသို႔တက္လွမ္းလာႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူဟာလာမယ့္တနဂၤေႏြေန႔မွာအန္ဖီးလ္သို႔သြားေရာက္ကာလီဗာပူးကိုရင္ဆိုင္ကစားရပါမယ္။မန္ယူဟာ၂၀၁၆ခုႏွစ္၊မတ္လေႏွာင္းပိုင္းတြင္အန္ဖီးလ္တြင္လီဗာပူးကိုတစ္ပြဲမွ်အႏိုင္ရရွိခဲ့ဖူးျခင္းမရွိပါဘူး။

ဆိုးလ္ရွားက “လာမယ့္ပြဲအတြက္အာ႐ုံစိုက္ေနပါတယ္။ကြၽန္ေတာ္တို႔ကဘယ္ေနရာမွာဘဲရွိေနေနေပ်ာ္႐ႊင္ေနပါ တယ္။အခုကြၽန္ေတာ္တို႔ေရာက္ေနတဲ့ေနရာကြၽန္ေတာ္တို႔ေနရာပါ။ကြၽန္ေတာ္တို႔ကစားရမယ့္အသင္းကၿပီးခဲ့တဲ့ တစ္ႏွစ္ခြဲတုန္းကဒီႏိုင္ငံမွာအေကာင္းဆုံးအသင္းအျဖစ္ျပတ္ျပတ္သားသားရပ္တည္ခဲ့တဲ့အသင္းပါ။သူတို႔ဟာခ်န္ပီယံလည္းျဖစ္ပါတယ္။အသင္းေကာင္းနဲ႔ရင္ဆိုင္ရတာအသင္းအတြက္ေကာင္းမြန္တဲ့စမ္းသပ္မႈပါ။ေသခ်ာတာက ေတာ့ဇန္နဝါရီလ၁၂ရက္ေန႔မွာအမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ခဲ့တဲ့အသင္းကိုဘယ္သူကမွအမွတ္ရေနမွာ ေတာ့မဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။