လီဗာပူးအား အက်သလက်တီကို ထပ်ရှုံးတဲ့ပွဲမှာလည်း ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ရန် ထပ်ငြင်းခဲ့တဲ့ ဆီမြွန်နီ

ဒီယေဂိုဆီမြွန်နီဟာမနေ့ညတုန်းကလီဗာပူးကိုထပ်မံရှုံးနိမ့်တဲ့ပွဲတွင်လည်းဂျာဂင်ကလော့ပ်နှင့်လက်ဆွဲနှုတ်ဆက်ရန်ထပ်မံငြင်းဆိုခဲ့ပါတယ်။

အသက်၅၁နှစ်ရှိအာဂျင်တီးနားလူမျိုးနည်းပြဟာပြီးခဲ့တဲ့လတုန်းကအိမ်ကွင်းတွင်လီဗာပူးအား၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာကလော့ပ်နှင့်လက်ဆွဲနှုတ်ဆက်ခြင်းမပြုဘဲပွဲသိမ်းခရာမှုတ်ပြီးလျှင်ချက်ချင်းပဲအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်သွားခဲ့သူဖြစ်ပါတယ်။

မနေ့ညတုန်းကအန်ဖီးလ်ကွင်းပွဲစဉ်တွင်လည်းဆီမြွန်နီဟာဂျာမန်လူမျိုးနည်းပြကိုလက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမပြုခဲ့ပါဘူး။

ကလော့ပ်ဟာပွဲအပြီးတွင်ကွင်းအတွင်းသို့ဝင်ရောက်ပြီးကစားသမားများကိုဂုဏ်ပြုလက်ဆွဲနှုတ်ဆက်မှုပြုလုပ်ခဲ့ပြီးဒီယေဂိုဆီမြွန်နီဟာကွင်းဘေးစည်းတွင်မျက်နှာသေဖြင့်ရပ်နေခဲ့ပါတယ်။

လီဗာပူးနည်းပြကပရိသတ်များနှင့်နှုတ်ဆက်နေချိန်တွင်အာဂျင်တီးနားလူမျိုးနည်းပြဟာကွင်းအတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။

မနေ့ညတုန်းကပွဲစဉ်တွင်လီဗာပူးဟာပထမပိုင်းမှာဂျိုတာနှင့်မာနေးတို့သွင်းယူတဲ့ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်သွားခဲ့ပြီဖြစ်ပါတယ်။ယင်းပွဲရဲ့ပထမပိုင်းတွင်အက်သလက်တီကိုနောက်ခံလူဖီးလစ်ပီဟာမာနေးကိုကြမ်းတမ်းစွာဖျက်ထုတ်မှု၊ဒိုင်လူကြီးကဝီစီမှုတ်ပြီးသူ့ဆီလာရန်ခေါ်မှုတို့ကိုငြင်းပယ်မှုအတွက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ZawGyi

လီဗာပူးအား အက္သလက္တီကို ထပ္ရႈံးတဲ့ပြဲမွာလည္း ကေလာ့ပ္ကို လက္ဆြဲႏႈတ္ဆက္ရန္ ထပ္ျငင္းခဲ့တဲ့ ဆီႁမြန္နီ

ဒီေယဂိုဆီႁမြန္နီဟာမေန႔ညတုန္းကလီဗာပူးကိုထပ္မံရႈံးနိမ့္တဲ့ပြဲတြင္လည္းဂ်ာဂင္ကေလာ့ပ္ႏွင့္လက္ဆြဲႏႈတ္ဆက္ရန္ထပ္မံျငင္းဆိုခဲ့ပါတယ္။

အသက္၅၁ႏွစ္ရွိအာဂ်င္တီးနားလူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့လတုန္းကအိမ္ကြင္းတြင္လီဗာပူးအား၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာကေလာ့ပ္ႏွင့္လက္ဆြဲႏႈတ္ဆက္ျခင္းမျပဳဘဲပြဲသိမ္းခရာမႈတ္ၿပီးလွ်င္ခ်က္ခ်င္းပဲအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္သြားခဲ့သူျဖစ္ပါတယ္။

မေန႔ညတုန္းကအန္ဖီးလ္ကြင္းပြဲစဥ္တြင္လည္းဆီႁမြန္နီဟာဂ်ာမန္လူမ်ိဳးနည္းျပကိုလက္ဆြဲႏႈတ္ဆက္ခဲ့ျခင္းမျပဳခဲ့ပါဘူး။

ကေလာ့ပ္ဟာပြဲအၿပီးတြင္ကြင္းအတြင္းသို႔ဝင္ေရာက္ၿပီးကစားသမားမ်ားကိုဂုဏ္ျပဳလက္ဆြဲႏႈတ္ဆက္မႈျပဳလုပ္ခဲ့ၿပီးဒီေယဂိုဆီႁမြန္နီဟာကြင္းေဘးစည္းတြင္မ်က္ႏွာေသျဖင့္ရပ္ေနခဲ့ပါတယ္။

လီဗာပူးနည္းျပကပရိသတ္မ်ားႏွင့္ႏႈတ္ဆက္ေနခ်ိန္တြင္အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာကြင္းအတြင္းသို႔ဝင္ေရာက္သြားခဲ့ပါတယ္။

မေန႔ညတုန္းကပြဲစဥ္တြင္လီဗာပူးဟာပထမပိုင္းမွာဂ်ိဳတာႏွင့္မာေနးတို႔သြင္းယူတဲ့ဂိုးျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္သြားခဲ့ၿပီျဖစ္ပါတယ္။ယင္းပြဲရဲ႕ပထမပိုင္းတြင္အက္သလက္တီကိုေနာက္ခံလူဖီးလစ္ပီဟာမာေနးကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈ၊ဒိုင္လူႀကီးကဝီစီမႈတ္ၿပီးသူ႔ဆီလာရန္ေခၚမႈတို႔ကိုျငင္းပယ္မႈအတြက္အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။