လီဗာပူးအား အနိုင်ရရှိခဲ့ပေမယ့် ကြီးကြီးမားမားပေးဆပ်လိုက်ရတဲ့ မန်ယူ

မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာလီဗာပူးအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒူးဒဏ်ရာရရှိခဲ့ကြောင်းသိရပါ တယ်။

အင်္ဂလန်တိုက်စစ်မှူးဟာအိုးထရက်ဖို့ဒ်မှာခါးသီးတဲ့ပြိုင်ဘက်လီဗာပူးအားအနိုင်ရတဲ့ပွဲမှာကိုယ်တိုင်တစ်ဂိုးသွင်းခဲ့သလိုဖန်တီးမှုလည်းတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးကိုအနိုင်ရရှိပြီးအက်ဖ်အေဖလားပဥ္စအဆင့်သို့တက်ရောက်ခဲ့တဲ့ပွဲမှာရပ်ရှ်ဖို့ဒ်ဟာမာဆင်ဂရင်းဝုဒ်ဂိုးသွင်း နိုင်အောင်ဖန်တီးခဲ့တဲ့အပြင်ဒုတိယဂိုးကိုလည်းသွင်းယူခဲ့ပါတယ်။

ဒါပေမယ့်သူဟာပွဲပြီးခါနီးမှာမာရှယ်နဲ့လူစားလဲခြင်းခံခဲ့ရပြီးဥမင်လှိုဏ်ခေါင်းအတွင်းသို့ထော့နင်းထော့နင်းဖြင့်ဝင် ရောက်သွားတာကြောင့်စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။

မန်ယူဟာယနေ့မှာရပ်ရှ်ဖို့ဒ်ရဲ့ဒူးဒဏ်ရာအခြေအနေကိုစစ်ဆေးသွားမှာဖြစ်ပြီးဆိုးလ်ရှားကအခြေအနေမသိသေး ကြောင်းနှင့်ဒဏ်ရာအခြေအနေမဆိုးရွားဖို့မျှော်လင့်ကြောင်းဆိုသွားပါတယ်။

ZawGyi




လီဗာပူးကိုအနိုင်ရရှိပြီးအက်ဖ်အေဖလားပဉ္စအဆင့်သို့တက်ရောက်ခဲ့တဲ့ပွဲမှာရပ်ရှ်ဖို့ဒ်ဟာမာဆင်ဂရင်းဝုဒ်ဂိုးသွင်း နိုင်အောင်ဖန်တီးခဲ့တဲ့အပြင်ဒုတိယဂိုးကိုလည်းသွင်းယူခဲ့ပါတယ်။

