လီဗာပူးအား အရှက်တကွဲရှုံးတဲ့ပွဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်စဉ် ပရိသတ်များရဲ့ဆဲဆိုခံရမှုကို အလှပဆုံးတုံ့ပြန်ခဲ့တဲ့ လင်ဂတ်

ဂျက်စီလင်ဂတ်ဟာလီဗာပူးအားအရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်မှာသွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်မန်ယူပရိသတ်များရဲ့ဆဲဆိုပြောကြားမှုခံခဲ့ရပါတယ်။ဒါပေမယ့်ဂျက်စီလင်ဂတ်ဟာပရိသတ်များရဲ့ဆဲဆိုမှုကိုအလှပဆုံးပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။

လီဗာပူးဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကို၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။မန်ယူဟာလီဗာပူးကိုပထမပိုင်းမှာတင်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းမန်ယူပရိသတ်များဟာအကြီးအကျယ်ဒေါသထွက်ကာအသင်းကိုလှောင်ပြောင်ဆဲဆိုမှုများပြုလုပ်ခဲ့ကြပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရယင်းပွဲစဉ်မှာဂျက်စီလင်ဂတ်ဟာသွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ်ပရိသတ်ရဲ့ဆဲဆိုမှုခံခဲ့ရပါတယ်။ဒါပေမယ့်လင်ဂတ်က ‘ကျုပ်ကကွင်းထဲမှာကစားနေရတဲ့သူမဟုတ်ဘူး”လို့တုံ့ပြန်ခဲ့ပါတယ်။ယင်းအဖြစ်အပျက်မှာပထမပိုင်းမှာဖြစ်ခဲ့တာဖြစ်ပါတယ်။

လင်ဂတ်ဟာသွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ပေမယ့်လည်းလူစားဝင်ကစားခွင့်မရခဲ့ပါဘူး။သူနဲ့အတူသွေးပူလေ့ကျင့်ခန်းလုပ်တဲ့ပေါလ်ပေါ့ဘာကဒုတိယပိုင်းမှာဂရင်းဝုဒ်အစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပေမယ့်၁၅မိနစ်အကြာမှာဘဲနာဘေးကီတာကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားလို့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

လီဗာပူးအား အရွက္တကြဲရႈံးတဲ့ပြဲမွာ ေသြးပူေလ့က်င့္ခန္းလုပ္စဥ္ ပရိသတ္မ်ားရဲ႕ဆဲဆိုခံရမႈကို အလွပဆုံးတုံ႔ျပန္ခဲ့တဲ့ လင္ဂတ္

ဂ်က္စီလင္ဂတ္ဟာလီဗာပူးအားအရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္မွာေသြးပူေလ့က်င့္ခန္းလုပ္ေနစဥ္မန္ယူပရိသတ္မ်ားရဲ႕ဆဲဆိုေျပာၾကားမႈခံခဲ့ရပါတယ္။ဒါေပမယ့္ဂ်က္စီလင္ဂတ္ဟာပရိသတ္မ်ားရဲ႕ဆဲဆိုမႈကိုအလွပဆုံးျပန္လည္တုံ႔ျပန္ႏိုင္ခဲ့ပါတယ္။

လီဗာပူးဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာလီဗာပူးကို၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။မန္ယူဟာလီဗာပူးကိုပထမပိုင္းမွာတင္၄-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းမန္ယူပရိသတ္မ်ားဟာအႀကီးအက်ယ္ေဒါသထြက္ကာအသင္းကိုေလွာင္ေျပာင္ဆဲဆိုမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရယင္းပြဲစဥ္မွာဂ်က္စီလင္ဂတ္ဟာေသြးပူေလ့က်င့္ခန္းျပဳလုပ္ေနစဥ္ပရိသတ္ရဲ႕ဆဲဆိုမႈခံခဲ့ရပါတယ္။ဒါေပမယ့္လင္ဂတ္က ‘က်ဳပ္ကကြင္းထဲမွာကစားေနရတဲ့သူမဟုတ္ဘူး”လို႔တုံ႔ျပန္ခဲ့ပါတယ္။ယင္းအျဖစ္အပ်က္မွာပထမပိုင္းမွာျဖစ္ခဲ့တာျဖစ္ပါတယ္။

လင္ဂတ္ဟာေသြးပူေလ့က်င့္ခန္းျပဳလုပ္ခဲ့ေပမယ့္လည္းလူစားဝင္ကစားခြင့္မရခဲ့ပါဘူး။သူနဲ႔အတူေသြးပူေလ့က်င့္ခန္းလုပ္တဲ့ေပါလ္ေပါ့ဘာကဒုတိယပိုင္းမွာဂရင္းဝုဒ္အစားဝင္ေရာက္ကစားခြင့္ရရွိခဲ့ေပမယ့္၁၅မိနစ္အၾကာမွာဘဲနာေဘးကီတာကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားလို႔အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။