လီယွန်နယ်မက်ဆီကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းလို့ ကြုံးဝါးလာတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ

ဆောလ်ကာနီလိုအယ်ဗာရက်ဇ်ဟာလီယွန်နယ်မက်ဆီကိုအကြီးအကျယ်ဒေါသထွက်လျက်ရှိပြီး Ballon d’Or ဆု၇ကြိမ်ရစူပါစတားအနေဖြင့်သူနှင့်မဆုံတွေ့စေရန်ဘုရားသခင်ထံဆုတောင်းထားရန်သတိပေးပြောကြားလာပါတယ်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟာမက်ဆီရဲ့အာဂျင်တီးနားအဝတ်အစားလဲခန်းအတွင်းတွင်မက္ကဆီကိုအလံကိုကန်ကျောက်တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ခြိမ်းခြောက်မှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်အချို့ကလည်းမက်ဆီဟာမက္ကဆီကိုရဲ့အစိမ်းရောင်၊အနီရောင်၊အဖြူရောင်ပါအလံကို အဝတ်အစားလဲခန်းသန့်ရှင်းရေးပြုလုပ်ရာတွင်လည်းအသုံးပြုခဲ့ကြောင်းစွပ်စွဲနေကြပါတယ်။

အာဂျင်တီးနားဟာ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်မက္ကဆီကိုအား၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းပွဲတွင်မက်ဆီဟာ၂၅ကိုက်အကွာမှလှပတဲ့ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့တဲ့အပြင်ကစားဖော်ဖာနန်ဒက်ဇ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးနိုင်ခဲ့ပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဖန်တီးမှုပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်လာပါတယ်။

ဒါပေမဲ့ပွဲပြီးတွင်မက်ဆီရဲ့လုပ်ဆောင်မှုကြောင့်ကာနီလိုအပါအဝင်တစ်ကမ္ဘာလုံးမှဘောလုံးပရိသတ်တို့အံ့ဩသင့်ခဲ့ကြရပါတယ်။

အွန်လိုင်းတွင်အဝတ်အစားလဲခန်းအတွင်းအာဂျင်တီးနားကစားသမားတို့ရဲ့အောင်ပွဲခံမှုဗီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။မက်ဆီဟာမက္ကဆီကိုအလံကိုသုံးကာအဝတ်အစားလဲခန်းကြမ်းခင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းစွပ်စွဲခြင်းခံနေရပါတယ်။

ဒါကြောင့်လည်းလက်ဝှေ့အကျော်အမော်ကာနီလိုက “မက်ဆီကျုပ်တို့အလံ၊အင်္ကျီနဲ့ကြမ်းခင်းသန့်ရှင်းလုပ်နေတာတွေ့လိုက်ရတယ်။သူ့အနေနဲ့ ကျွန်တော်မဆုံစည်းပါစေနဲ့ဘုရားသခင်ဆီမှာဆုတောင်းနေသင့်တယ်။ကျုပ်တို့အာဂျင်တီးနားကိုလေးစားသလိုပဲသူတို့လည်းမက္ကဆီကိုကိုလေးစားသင့်တယ်။တစ်နိုင်ငံလုံးကိုပြောချင်တာမဟုတ်ဘူး။ဒီသောက်ကောင်မက်ဆီလုပ်ခဲ့တာပဲပြောချင်တာ”လို့သတိပေးလာပါတယ်။

ZawGyi








