လီယွန်နယ်မက်ဆီကို ရုပ်ဆိုးအကျည်းတန်စွာ ဆန္ဒပြလာကြမဲ့ ပီအက်စ်ဂျီပရိသတ်များ

လီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီအနာဂတ်မရေမရာဖြစ်နေမှုနှင့်အတူ ပီအက်စ်ဂျီအမာခံပရိသတ်များအဖွဲ့ဟာအာဂျင်တီးနားဂန္ထဝင်ကိုသပိတ်မှောက်ဆန္ဒပြရန်စီစဉ်လာကြပါတယ်။

အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီဟာယခုရာသီတွင်ပီအက်စ်ဂျီနှင့်အတူအကောင်းဆုံးရာသီတစ်ခုပိုင်ဆိုင်ထားသလိုအာဂျင်တီးနားကိုလည်းကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

သူဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃၁ပွဲကစားထားရာမှာ၁၈ဂိုးသွင်းထားပြီး၁၇ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ဒါပေမဲ့ပီအက်စ်ဂျီဟာဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်ကိုနှစ်ကျော့ပေါင်းရလဒ်၃-၀ဖြင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာထားရပါတယ်။

ချန်ပီယံလိဂ်မှထွက်ခွာရမှုနှင့်အတူလီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီအနာဂတ်မှာလည်းမရေမရာဖြစ်လာခဲ့ပါတယ်။

မက်ဆီရဲ့လက်ရှိစာချုပ်မှာယခုရာသီအကုန်တွင်ကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးအတွက်သဘောတူညီမှုမရရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်Ballon d’Or ဆု၇ကြိမ်ရအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာအရှေ့အလယ်ပိုင်းကလပ်များရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရသလိုအသင်းဟောင်းဘာစီလိုနာနှင့်အမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီရဲ့စိတ်ဝင်စားခြင်းလည်းခံနေရပါတယ်။

စပိန်သတင်းစာ Mundo Deportivo ကပီအက်စ်ဂျီအမာခံပရိသတ်များဟာတနင်္ဂနွေနေ့ရန်းနက်စ်နှင့်ပွဲစဉ်တွင်မက်ဆီကိုသပိတ်မှောက်ဆန္ဒပြရန်စီစဉ်ထားကြောင်းဖော်ပြလာပါတယ်။

ပီအက်စ်ဂျီအမာခံပရိသတ်အဖွဲ့ဦးဆောင်တစ်ဦးက “ဒီတနင်္ဂနွေမှာမက်ဆီကိုကျွန်တော်တို့ဝီစီမှုတ်သွားမယ်။သူကွင်းထဲမှာလုပ်ပြနေတာနဲ့စာရင်သူ့ကိုပေးရတဲ့လုပ်ခကအရမ်းများတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လီယြန္နယ္မက္ဆီကို ႐ုပ္ဆိုးအက်ည္းတန္စြာ ဆႏၵျပလာၾကမဲ့ ပီအက္စ္ဂ်ီပရိသတ္မ်ား

လီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီအနာဂတ္မေရမရာျဖစ္ေနမႈႏွင့္အတူ ပီအက္စ္ဂ်ီအမာခံပရိသတ္မ်ားအဖြဲ႕ဟာအာဂ်င္တီးနားဂႏၴဝင္ကိုသပိတ္ေမွာက္ဆႏၵျပရန္စီစဥ္လာၾကပါတယ္။

အသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီဟာယခုရာသီတြင္ပီအက္စ္ဂ်ီႏွင့္အတူအေကာင္းဆုံးရာသီတစ္ခုပိုင္ဆိုင္ထားသလိုအာဂ်င္တီးနားကိုလည္းကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၁ပြဲကစားထားရာမွာ၁၈ဂိုးသြင္းထားၿပီး၁၇ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

ဒါေပမဲ့ပီအက္စ္ဂ်ီဟာဂ်ာမန္ခ်န္ပီယံဘိုင္ယန္ျမဴးနစ္ကိုႏွစ္ေက်ာ့ေပါင္းရလဒ္၃-၀ျဖင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာထားရပါတယ္။

ခ်န္ပီယံလိဂ္မွထြက္ခြာရမႈႏွင့္အတူလီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီအနာဂတ္မွာလည္းမေရမရာျဖစ္လာခဲ့ပါတယ္။

မက္ဆီရဲ႕လက္ရွိစာခ်ဳပ္မွာယခုရာသီအကုန္တြင္ကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္သေဘာတူညီမႈမရရွိေသးပါဘူး။

ၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္Ballon d’Or ဆု၇ႀကိမ္ရအာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာအေရွ႕အလယ္ပိုင္းကလပ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရသလိုအသင္းေဟာင္းဘာစီလိုနာႏွင့္အေမရိကန္ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီရဲ႕စိတ္ဝင္စားျခင္းလည္းခံေနရပါတယ္။

စပိန္သတင္းစာ Mundo Deportivo ကပီအက္စ္ဂ်ီအမာခံပရိသတ္မ်ားဟာတနဂၤေႏြေန႔ရန္းနက္စ္ႏွင့္ပြဲစဥ္တြင္မက္ဆီကိုသပိတ္ေမွာက္ဆႏၵျပရန္စီစဥ္ထားေၾကာင္းေဖာ္ျပလာပါတယ္။

ပီအက္စ္ဂ်ီအမာခံပရိသတ္အဖြဲ႕ဦးေဆာင္တစ္ဦးက “ဒီတနဂၤေႏြမွာမက္ဆီကိုကြၽန္ေတာ္တို႔ဝီစီမႈတ္သြားမယ္။သူကြင္းထဲမွာလုပ္ျပေနတာနဲ႔စာရင္သူ႔ကိုေပးရတဲ့လုပ္ခကအရမ္းမ်ားတယ္”လို႔ေျပာၾကားသြားပါတယ္။