လီယွန်နယ်မက်ဆီနှင့်တွဲကစားရန် ပီအက်စ်ဂျီကို ကမ်းလှမ်းလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ယူနိုက်တက်မှထွက်ခွာကာချန်ပီယံလိဂ်ကစားလိုနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုခေါ်ယူလိုခြင်းရှိမရှိပီအက်စ်ဂျီအသင်းကိုဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုလအစောပိုင်းတုန်းကအသင်းမှထွက်ခွာရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပြီးသင့်တော်တဲ့ကမ်းလှမ်းမှုရရှိလျှင်လက်ခံပေးရန်ယူနိုက်တက်ကိုအသိပေးခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလီယွန်နယ်မက်ဆီကသူ့ရဲ့ချန်ပီယံလိဂ်ဂိုးသွင်းစံချိန်ကိုလိုက်မီလာမည်ကိုစိုးရိမ်နေမှုနဲ့အတူချန်ပီယံလိဂ်ကစားခွင့်ရအသင်းသို့ပြောင်းလိုနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ကတော့အသက်၃၇နှစ်ရှိရော်နယ်ဒိုကိုလက်မလွှတ်လိုဘဲတစ်နှစ်ကျန်စာချုပ်အတိုင်းဆက်ထိန်းထားနိုင်ရေးကြိုးပမ်းနေပါတယ်။

တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ဟာချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလီနှင့်တွေ့ဆုံဆွေးနွေးခဲ့သလို ပီအက်စ်ဂျီအသင်းကိုလည်း ခေါ်ယူရန်စိတ်ဝင်စားခြင်းရှိ/မရှိမေးမြန်းခဲ့ပါတယ်။

ဒါပေမဲ့ပီအက်စ်ဂျီဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ကို တစ်သင်းတည်းတွင်ကစားနိုင်စေမယ့်အခွင့်အရေးကိုပယ်ချခဲ့ပါတယ်။

ပီအက်စ်ဂျီဟာကိုင်လီယန်ဘက်ပေးကိုအသင်းတွင်ဆက်ထိန်းခဲ့ရမှုအတွက်ငွေကြေးများစွာအသုံးပြုထားရတဲ့အပြင်အသင်းတွင်ဘက်ပေး၊နေမာ၊မက်ဆီတို့ရှိနေပြီးချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုသာရောက်လာပါကအသင်းမှာဟန်ချက်ပျက်လာနိုင်မှုနဲ့အတူ ခေါ်ယူရေးကိုပယ်ချခဲ့တာလည်းဖြစ်ပါတယ်။

တဖက်တွင်ယူနိုက်တက်ပရိသတ်များဟာခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်တဲ့ရာသီသစ်အတွက်အသင်းမှာအသင့်ဖြစ်နေပြီလို့ယုံကြည်နေကြပါတယ်။အဲရစ်တန်ဟက်ရဲ့မနေ့ညတုန်းကယူနိုက်တက်အတွက်ပထမဆုံးပွဲအဖြစ်လီဗာပူးနှင့်ယှဉ်ပြိုင်ခဲ့ရာ၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

လီယြန္နယ္မက္ဆီႏွင့္တြဲကစားရန္ ပီအက္စ္ဂ်ီကို ကမ္းလွမ္းလာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ယူႏိုက္တက္မွထြက္ခြာကာခ်န္ပီယံလိဂ္ကစားလိုေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကိုေခၚယူလိုျခင္းရွိမရွိပီအက္စ္ဂ်ီအသင္းကိုဆက္သြယ္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုလအေစာပိုင္းတုန္းကအသင္းမွထြက္ခြာရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ၿပီးသင့္ေတာ္တဲ့ကမ္းလွမ္းမႈရရွိလွ်င္လက္ခံေပးရန္ယူႏိုက္တက္ကိုအသိေပးခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလီယြန္နယ္မက္ဆီကသူ႔ရဲ႕ခ်န္ပီယံလိဂ္ဂိုးသြင္းစံခ်ိန္ကိုလိုက္မီလာမည္ကိုစိုးရိမ္ေနမႈနဲ႔အတူခ်န္ပီယံလိဂ္ကစားခြင့္ရအသင္းသို႔ေျပာင္းလိုေနတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ကေတာ့အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုကိုလက္မလႊတ္လိုဘဲတစ္ႏွစ္က်န္စာခ်ဳပ္အတိုင္းဆက္ထိန္းထားႏိုင္ေရးႀကိဳးပမ္းေနပါတယ္။

တဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ဟာခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတာ့ဒ္ဘိုလီႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့သလို ပီအက္စ္ဂ်ီအသင္းကိုလည္း ေခၚယူရန္စိတ္ဝင္စားျခင္းရွိ/မရွိေမးျမန္းခဲ့ပါတယ္။

ဒါေပမဲ့ပီအက္စ္ဂ်ီဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ကို တစ္သင္းတည္းတြင္ကစားႏိုင္ေစမယ့္အခြင့္အေရးကိုပယ္ခ်ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာကိုင္လီယန္ဘက္ေပးကိုအသင္းတြင္ဆက္ထိန္းခဲ့ရမႈအတြက္ေငြေၾကးမ်ားစြာအသုံးျပဳထားရတဲ့အျပင္အသင္းတြင္ဘက္ေပး၊ေနမာ၊မက္ဆီတို႔ရွိေနၿပီးခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုသာေရာက္လာပါကအသင္းမွာဟန္ခ်က္ပ်က္လာႏိုင္မႈနဲ႔အတူ ေခၚယူေရးကိုပယ္ခ်ခဲ့တာလည္းျဖစ္ပါတယ္။

တဖက္တြင္ယူႏိုက္တက္ပရိသတ္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္တဲ့ရာသီသစ္အတြက္အသင္းမွာအသင့္ျဖစ္ေနၿပီလို႔ယုံၾကည္ေနၾကပါတယ္။အဲရစ္တန္ဟက္ရဲ႕မေန႔ညတုန္းကယူႏိုက္တက္အတြက္ပထမဆုံးပြဲအျဖစ္လီဗာပူးႏွင့္ယွဥ္ၿပိဳင္ခဲ့ရာ၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။