လီယွန်နယ်မက်ဆီမပါဝင်လေ ပိုကောင်းလေ ဖြစ်နေတဲ့ ပီအက်စ်ဂျီအသင်း

မိုက်ကယ်အိုဝင်ကပီအက်စ်ဂျီအသင်းမှာလီယွန်နယ်မက်ဆီအားခေါ်ယူလိုက်ပြီးနောက်အားနည်းတဲ့အသင်းတစ်သင်းဖြစ်နေကြောင်းပြောကြားလိုက်ပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားတဲ့ လီယွန်နယ်မက်ဆီဟာဗုဒ္ဓဟူးနေ့တုန်းက ကလပ်ဘရုဂျက်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်ပီအက်စ်ဂျီအတွက်ပထမဆုံးအကြိမ်အဖြစ်ပွဲထွက်ကစားခဲ့ပါတယ်။

မက်ဆီဟာကိုင်လီယန်ဘက်ပေး၊နေမာတို့နှင့်အတူပီအက်စ်ဂျီတိုက်စစ်ကိုဦးဆောင်ခဲ့ကြတာဖြစ်ပြီးတိုက်စစ်သမားသုံးဦးလုံးမှာခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

မိုက်ကယ်အိုဝင်က “ပီအက်စ်ဂျီမှာရှိတဲ့ရှေ့တန်းသမားသုံးဦးလုံးကသူ့ကိုယ်ပိုင်အမှတ်လက္ခဏာတွေနဲ့အရမ်းကောင်းတဲ့ကစားသမားတွေပါ။ဒါပေမယ့်သုံးယောက်လုံးကိုတပြိုင်တည်းသုံးတဲ့အခါအားနည်းနေပါတယ်။ဘာကြောင့်သူတို့ဟာချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေသလဲနားမလည်နိုင်အောင်ဖြစ်ရတယ်။ကျွန်တော်ကတော့အင်္ဂလိပ်အသင်းတွေ(မန်ယူ၊မန်စီးတီး၊ချဲလ်ဆီး၊လီဗာပူး)ကပိုတောင်အခွင့်အရေးကောင်းတယ်လို့ထင်တယ်”လို့ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာနွေရာသီအပြောင်းအရွှေ့မှာမက်ဆီတစ်ဦးတည်းကိုခေါ်ယူခဲ့တာမဟုတ်ပါဘူး။၎င်းတို့ဟာဒွန်နာရမ်မာ၊ဝီနယ်ဒမ်၊ရာမို့စ်တို့ကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့သလိုအင်တာမီလန်မှဟာကီမီကိုလည်းပေါင်သန်း၅၀ဖြင့်ခေါ်ယူခဲ့ပါတယ်။

ဆက်လက်ပြီးအိုဝင်က “မက်ဆီလိုကစားသမားမျိုးကိုခေါ်ယူလိုက်တာထက်ဒွန်နာရမ်မာ၊ရာမို့စ်တို့ကိုခေါ်ယူလိုက်တာကချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့အခွင့်အရေးရစေတယ်လို့တောင်ထင်မိတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လီယြန္နယ္မက္ဆီမပါဝင္ေလ ပိုေကာင္းေလ ျဖစ္ေနတဲ့ ပီအက္စ္ဂ်ီအသင္း

မိုက္ကယ္အိုဝင္ကပီအက္စ္ဂ်ီအသင္းမွာလီယြန္နယ္မက္ဆီအားေခၚယူလိုက္ၿပီးေနာက္အားနည္းတဲ့အသင္းတစ္သင္းျဖစ္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားတဲ့ လီယြန္နယ္မက္ဆီဟာဗုဒၶဟူးေန႔တုန္းက ကလပ္ဘ႐ုဂ်က္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္ပီအက္စ္ဂ်ီအတြက္ပထမဆုံးအႀကိမ္အျဖစ္ပြဲထြက္ကစားခဲ့ပါတယ္။

မက္ဆီဟာကိုင္လီယန္ဘက္ေပး၊ေနမာတို႔ႏွင့္အတူပီအက္စ္ဂ်ီတိုက္စစ္ကိုဦးေဆာင္ခဲ့ၾကတာျဖစ္ၿပီးတိုက္စစ္သမားသုံးဦးလုံးမွာေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။

မိုက္ကယ္အိုဝင္က “ပီအက္စ္ဂ်ီမွာရွိတဲ့ေရွ႕တန္းသမားသုံးဦးလုံးကသူ႔ကိုယ္ပိုင္အမွတ္လကၡဏာေတြနဲ႔အရမ္းေကာင္းတဲ့ကစားသမားေတြပါ။ဒါေပမယ့္သုံးေယာက္လုံးကိုတၿပိဳင္တည္းသုံးတဲ့အခါအားနည္းေနပါတယ္။ဘာေၾကာင့္သူတို႔ဟာခ်န္ပီယံလိဂ္မွာဗိုလ္စြဲဖို႔ေရပန္းအစားဆုံးျဖစ္ေနသလဲနားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။ကြၽန္ေတာ္ကေတာ့အဂၤလိပ္အသင္းေတြ(မန္ယူ၊မန္စီးတီး၊ခ်ဲလ္ဆီး၊လီဗာပူး)ကပိုေတာင္အခြင့္အေရးေကာင္းတယ္လို႔ထင္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာေႏြရာသီအေျပာင္းအေ႐ႊ႕မွာမက္ဆီတစ္ဦးတည္းကိုေခၚယူခဲ့တာမဟုတ္ပါဘူး။၎တို႔ဟာဒြန္နာရမ္မာ၊ဝီနယ္ဒမ္၊ရာမို႔စ္တို႔ကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့သလိုအင္တာမီလန္မွဟာကီမီကိုလည္းေပါင္သန္း၅၀ျဖင့္ေခၚယူခဲ့ပါတယ္။

ဆက္လက္ၿပီးအိုဝင္က “မက္ဆီလိုကစားသမားမ်ိဳးကိုေခၚယူလိုက္တာထက္ဒြန္နာရမ္မာ၊ရာမို႔စ္တို႔ကိုေခၚယူလိုက္တာကခ်န္ပီယံလိဂ္မွာဗိုလ္စြဲဖို႔အခြင့္အေရးရေစတယ္လို႔ေတာင္ထင္မိတယ္”လို႔ေျပာၾကားသြားပါတယ္။