လီယွန်နယ်မက်ဆီမှာ ထိန်းချုပ်ရ လွယ်ကူနေပြီဖြစ်ကြောင်း ရာမီပြောကြား

ပီအက်စ်ဂျီသို့လီယွန်နယ်မက်ဆီပြောင်းရွှေ့မှုနဲ့အတူ ပြင်သစ်လီဂူး၁မှနောက်ခံလူများအနေဖြင့် အိပ်မက်ဆိုးများမက်ရတော့မယ်လို့အားလုံးကယူဆခဲ့ကြပါတယ်။ဒါပေမယ့်အဒဲလ်ရာမီကတော့ဘာစီလိုနာဂန္ထဝင်ကစားသမားမှာယခင်နှစ်များတုန်းကကဲ့သို့ထိန်းချုပ်ရခက်ခဲတော့ခြင်းမရှိတော့ကြောင်းပြောကြားလာပါတယ်။

လက်ရှိအချိန်တွင်ထရိုယက်စ်တွင်ကစားနေတဲ့ရာမီဟာဆီဗီလာအသင်းတွင်ကစားစဉ်တုန်းက မက်ဆီနှင့်၁၂ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ဖူးပြီး၁၂ကြိမ်လုံးနိုင်ပွဲမရရှိခဲ့ပါဘူး။

ဒါပေမယ့်ရာမီကယခုအခါလီယွန်နယ်မက်ဆီရဲ့ကစားဟန်ပြောင်းလဲလာမှုနဲ့အတူ အသက်၃၄နှစ်အာဂျင်တီးနားအသင်းခေါင်းဆောင်အားထိန်းချုပ်ရလွယ်ကူလာကြောင်းဖွင့်ဟလာပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်းရာမီက “တစ်ခါမှမနိုင်ခဲ့ဖူးပါဘူး။ဒါပေမယ့်သရေပွဲတွေလည်းရှိပါတယ်။သူ့ဆီကအင်္ကျီလေးငါးထည်လောက်ရရှိခဲ့ဖူးပါတယ်။သူကအရမ်းတောင့်တင်းခဲ့တယ်။ကျွန်တော့်နောက်မှာအမြဲရှိနေခဲ့တယ်။လူကျွံမယ့်အခြေအနေမျိုးပေါ့။ပြီးရင်ကွင်းလယ်စည်းသို့ရွှေ့လာတတ်တယ်။ပြီးရင်နောက်တစ်ကြိမ်သွားတယ်။အခုတော့သူကဘောလုံးပေးပို့သူတစ်ဦးလိုမျိုးကစားလာတယ်။ဒီတော့နောက်ခံလူများအနေဖြင့်လွယ်ကူလာတယ်။စောင့်ကစားရုံပဲ။အရင်ကလိုမျိုးလစ်ခနဲလစ်ခနဲရွှေ့လျားနိုင်တော့မယ်လို့မထင်ဘူး”လို့ပြောကြားသွားခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီအတွက်လီဂူး၁တွင်ဂိုးသွင်းနိုင်ခြင်းမရှိသေးသော်လည်းမန်စီးတီးအားအနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ပီအက်စ်ဂျီအတွက်ပထမဆုံးဂိုးကိုသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

လီယြန္နယ္မက္ဆီမွာ ထိန္းခ်ဳပ္ရ လြယ္ကူေနၿပီျဖစ္ေၾကာင္း ရာမီေျပာၾကား

ပီအက္စ္ဂ်ီသို႔လီယြန္နယ္မက္ဆီေျပာင္းေ႐ႊ႕မႈနဲ႔အတူ ျပင္သစ္လီဂူး၁မွေနာက္ခံလူမ်ားအေနျဖင့္ အိပ္မက္ဆိုးမ်ားမက္ရေတာ့မယ္လို႔အားလုံးကယူဆခဲ့ၾကပါတယ္။ဒါေပမယ့္အဒဲလ္ရာမီကေတာ့ဘာစီလိုနာဂႏၴဝင္ကစားသမားမွာယခင္ႏွစ္မ်ားတုန္းကကဲ့သို႔ထိန္းခ်ဳပ္ရခက္ခဲေတာ့ျခင္းမရွိေတာ့ေၾကာင္းေျပာၾကားလာပါတယ္။

လက္ရွိအခ်ိန္တြင္ထ႐ိုယက္စ္တြင္ကစားေနတဲ့ရာမီဟာဆီဗီလာအသင္းတြင္ကစားစဥ္တုန္းက မက္ဆီႏွင့္၁၂ႀကိမ္တိုင္တိုင္ရင္ဆိုင္ခဲ့ဖူးၿပီး၁၂ႀကိမ္လုံးႏိုင္ပြဲမရရွိခဲ့ပါဘူး။

ဒါေပမယ့္ရာမီကယခုအခါလီယြန္နယ္မက္ဆီရဲ႕ကစားဟန္ေျပာင္းလဲလာမႈနဲ႔အတူ အသက္၃၄ႏွစ္အာဂ်င္တီးနားအသင္းေခါင္းေဆာင္အားထိန္းခ်ဳပ္ရလြယ္ကူလာေၾကာင္းဖြင့္ဟလာပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ေဟာင္းရာမီက “တစ္ခါမွမႏိုင္ခဲ့ဖူးပါဘူး။ဒါေပမယ့္သေရပြဲေတြလည္းရွိပါတယ္။သူ႔ဆီကအက်ႌေလးငါးထည္ေလာက္ရရွိခဲ့ဖူးပါတယ္။သူကအရမ္းေတာင့္တင္းခဲ့တယ္။ကြၽန္ေတာ့္ေနာက္မွာအၿမဲရွိေနခဲ့တယ္။လူကြၽံမယ့္အေျခအေနမ်ိဳးေပါ့။ၿပီးရင္ကြင္းလယ္စည္းသို႔ေ႐ႊ႕လာတတ္တယ္။ၿပီးရင္ေနာက္တစ္ႀကိမ္သြားတယ္။အခုေတာ့သူကေဘာလုံးေပးပို႔သူတစ္ဦးလိုမ်ိဳးကစားလာတယ္။ဒီေတာ့ေနာက္ခံလူမ်ားအေနျဖင့္လြယ္ကူလာတယ္။ေစာင့္ကစား႐ုံပဲ။အရင္ကလိုမ်ိဳးလစ္ခနဲလစ္ခနဲေ႐ႊ႕လ်ားႏိုင္ေတာ့မယ္လို႔မထင္ဘူး”လို႔ေျပာၾကားသြားခဲ့ပါတယ္။

လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီအတြက္လီဂူး၁တြင္ဂိုးသြင္းႏိုင္ျခင္းမရွိေသးေသာ္လည္းမန္စီးတီးအားအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ပီအက္စ္ဂ်ီအတြက္ပထမဆုံးဂိုးကိုသြင္းႏိုင္ခဲ့ပါတယ္။