လီယွန်နယ်မက်ဆီရဲ့နှစ်ပွဲပယ်ပြစ်ဒဏ် အယူခံ ပယ်ချခြင်းခံရ

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာဘာစီလိုနာအသင်းကမက်ဆီရဲ့အနီကတ်အတွက် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်မှုအားအယူခံဝင်လာမှုကိုပယ်ချလိုက်ပါတယ်။

အသက်၃၃နှစ်ရှိဘာစီလိုနာအသင်းခေါင်းဆောင်ဟာဘီလ်ဘာအိုကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘီလ်ဘာအိုတိုက်စစ်သမားအစီယာဗီလာလီဘရီကိုလက်ဖြင့်ရိုက်ခဲ့ကြောင်းတွေ့ရှိရပြီးအနီကတ်ပြထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

အစောပိုင်းတုန်းကမက်ဆီဟာ၁၂ပွဲပယ်ပြစ်ဒဏ်အထိချမှတ်ခြင်းခံရနိုင်ကြောင်းသတင်းထွက်ခဲ့ပေမယ့်စပိန်ဘော လုံးအဖွဲ့ချုပ်ကယင်းဖြစ်ရပ်ကိုစစ်ဆေးပြီးနောက်မက်ဆီမှာပြိုင်ဘက်ကစားသမားကိုတမင်ရည်ရွယ်ကာကြမ်းတမ်းစွာပြုမူခဲ့ခြင်းမဟုတ်ဟုယူဆကာ၂ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့ပါတယ်။

မက်ဆီဟာကြာသပတေးနေ့တုန်းကကော်နယ်လာအားအချိန်ပိုဂိုးဖြင့်၂-ဝဖြင့်အနိုင်ရရှိတဲ့ပွဲမှာစတင်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီးမနက်ဖြန်အယ်လ်ချီအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်လာလီဂါပွဲကိုလည်းလွဲပါမယ်။မက်ဆီ ဟာလာမယ့်အပတ်ဗယ်လီကာနိုနှင့်စပိန်ကိုပါဒယ်ရေးအဝေးကွင်းပွဲစဉ်မှာပြန်လည်ပါဝင်နိုင်ပါမယ်။

ZawGyi

လီယြန္နယ္မက္ဆီရဲ႕ႏွစ္ပြဲပယ္ျပစ္ဒဏ္ အယူခံ ပယ္ခ်ျခင္းခံရ

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စည္းကမ္းထိန္းသိမ္းေရးေကာ္မတီဟာဘာစီလိုနာအသင္းကမက္ဆီရဲ႕အနီကတ္အတြက္ ႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္မႈအားအယူခံဝင္လာမႈကိုပယ္ခ်လိုက္ပါတယ္။

အသက္၃၃ႏွစ္ရွိဘာစီလိုနာအသင္းေခါင္းေဆာင္ဟာဘီလ္ဘာအိုကို၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့စပိန္စူပါဖလားဗိုလ္လုပြဲမွာ ဘီလ္ဘာအိုတိုက္စစ္သမားအစီယာဗီလာလီဘရီကိုလက္ျဖင့္႐ိုက္ခဲ့ေၾကာင္းေတြ႕ရွိရၿပီးအနီကတ္ျပထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္။

အေစာပိုင္းတုန္းကမက္ဆီဟာ၁၂ပြဲပယ္ျပစ္ဒဏ္အထိခ်မွတ္ျခင္းခံရႏိုင္ေၾကာင္းသတင္းထြက္ခဲ့ေပမယ့္စပိန္ေဘာ လုံးအဖြဲ႕ခ်ဳပ္ကယင္းျဖစ္ရပ္ကိုစစ္ေဆးၿပီးေနာက္မက္ဆီမွာၿပိဳင္ဘက္ကစားသမားကိုတမင္ရည္႐ြယ္ကာၾကမ္းတမ္းစြာျပဳမူခဲ့ျခင္းမဟုတ္ဟုယူဆကာ၂ပြဲပယ္ျပစ္ဒဏ္သာခ်မွတ္ခဲ့ပါတယ္။

မက္ဆီဟာၾကာသပေတးေန႔တုန္းကေကာ္နယ္လာအားအခ်ိန္ပိုဂိုးျဖင့္၂-ဝျဖင့္အႏိုင္ရရွိတဲ့ပြဲမွာစတင္ပြဲပယ္ျပစ္ဒဏ္ က်ခံခဲ့ရၿပီးမနက္ျဖန္အယ္လ္ခ်ီအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္လာလီဂါပြဲကိုလည္းလြဲပါမယ္။မက္ဆီ ဟာလာမယ့္အပတ္ဗယ္လီကာႏိုႏွင့္စပိန္ကိုပါဒယ္ေရးအေဝးကြင္းပြဲစဥ္မွာျပန္လည္ပါဝင္ႏိုင္ပါမယ္။