လီယွန်နယ်မက်ဆီရဲ့ပွဲ ၁၀၀၀ မြောက်အင်္ကျီကို ဘယ်မှာ ထားမှန်း မသိတဲ့ ကမ္ဘာ့ဖလားတွင် တစ်မိနစ်မျှ မကစားခဲ့ရတဲ့ ဩဇီကစားသမား

လီယွန်နယ်မက်ဆီရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲတစ်ထောင်ပြည့်ပွဲတွင်ဝတ်ဆင်ခဲ့တဲ့အာဂျင်တီးနားအင်္ကျီကိုရရှိခဲ့တဲ့ဩစတြေးလျကစားသမားဟာယင်းအင်္ကျီကိုဘယ်မှာထားမှာမသိပါဘူး။

ယခုလအစောပိုင်းတုန်းကအာဂျင်တီးနာဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်တွင်ဩစတြေးလျကို၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းပွဲတွင်မက်ဆီဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲတစ်ထောင်ပြည့်ခဲ့ပြီးယင်းပွဲတွင်ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးတွင်ဩစတြေးလျကစားသမားအမြောက်အမြားတို့ဟာလီယွန်နယ်မက်ဆီရဲ့အင်္ကျီကိုရရှိဖို့ကြိုးပမ်းခဲ့ကြပါတယ်။

ကံကောင်းချင်တော့ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တစ်မိနစ်မျှပင်ကစားခွင့်မရခဲ့တဲ့ဟတ်အလယ်တန်းကစားသမားကင်မရွန်းဒေ့ဗ်လန်းကလီယွန်နယ်မက်ဆီရဲ့ပွဲတစ်ထောင်ပြည့်အင်္ကျီကိုရယူနိုင်ခဲ့ပါတယ်။

သူဟာမက်ဆီရဲ့အင်္ကျီကိုအိမ်အပြန်မှာယူဆောင်လာခဲ့ပြီးမိသားစုဝင်များကို လွဲပြောင်းပေးခဲ့ပါတယ်။ပြဿနာကသူဟာယင်းအင်္ကျီကိုမိသားစုဝင်များဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာမသိတာပါ။

ဒေ့ဗ်လန်းက “ဒီဂျာစီကိုဘဏ်မှာသိမ်းထားတယ်။အရိုးသားဆုံးပြောရရင်အဲဒီအင်္ကျီဘယ်မှာရှိလဲကျွန်တော်မသိပါဘူး။မိသားစုကဂရုစိုက်နေကြပါတယ်။ကျွန်တော်ကတော့ဘယ်မှာသိမ်းထားမှန်းမသိပါဘူး။ဒါကလည်းအကောင်းဆုံးနည်းလမ်းပါပဲ။နှစ်တွေအများကြီးကြာမြင့်လာမယ်။အမှတ်တရပစ္စည်းတစ်ခုအဖြစ်ကျန်နေတော့မယ်။ဒါပေမဲ့အခုအချိန်မှာတော့ ဘဏ်မှာရှိနေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လီယြန္နယ္မက္ဆီရဲ႕ပြဲ ၁၀၀၀ ေျမာက္အက်ႌကို ဘယ္မွာ ထားမွန္း မသိတဲ့ ကမာၻ႔ဖလားတြင္ တစ္မိနစ္မွ် မကစားခဲ့ရတဲ့ ဩဇီကစားသမား

လီယြန္နယ္မက္ဆီရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ပြဲတစ္ေထာင္ျပည့္ပြဲတြင္ဝတ္ဆင္ခဲ့တဲ့အာဂ်င္တီးနားအက်ႌကိုရရွိခဲ့တဲ့ဩစေၾတးလ်ကစားသမားဟာယင္းအက်ႌကိုဘယ္မွာထားမွာမသိပါဘူး။

ယခုလအေစာပိုင္းတုန္းကအာဂ်င္တီးနာဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္တြင္ဩစေၾတးလ်ကို၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းပြဲတြင္မက္ဆီဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝပြဲတစ္ေထာင္ျပည့္ခဲ့ၿပီးယင္းပြဲတြင္ဂိုးလည္းသြင္းႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးတြင္ဩစေၾတးလ်ကစားသမားအေျမာက္အျမားတို႔ဟာလီယြန္နယ္မက္ဆီရဲ႕အက်ႌကိုရရွိဖို႔ႀကိဳးပမ္းခဲ့ၾကပါတယ္။

ကံေကာင္းခ်င္ေတာ့ကမာၻ႔ဖလားၿပိဳင္ပြဲတြင္တစ္မိနစ္မွ်ပင္ကစားခြင့္မရခဲ့တဲ့ဟတ္အလယ္တန္းကစားသမားကင္မ႐ြန္းေဒ့ဗ္လန္းကလီယြန္နယ္မက္ဆီရဲ႕ပြဲတစ္ေထာင္ျပည့္အက်ႌကိုရယူႏိုင္ခဲ့ပါတယ္။

သူဟာမက္ဆီရဲ႕အက်ႌကိုအိမ္အျပန္မွာယူေဆာင္လာခဲ့ၿပီးမိသားစုဝင္မ်ားကို လြဲေျပာင္းေပးခဲ့ပါတယ္။ျပႆနာကသူဟာယင္းအက်ႌကိုမိသားစုဝင္မ်ားဘယ္မွာထိန္းသိမ္းထားတယ္ဆိုတာမသိတာပါ။

ေဒ့ဗ္လန္းက “ဒီဂ်ာစီကိုဘဏ္မွာသိမ္းထားတယ္။အ႐ိုးသားဆုံးေျပာရရင္အဲဒီအက်ႌဘယ္မွာရွိလဲကြၽန္ေတာ္မသိပါဘူး။မိသားစုကဂ႐ုစိုက္ေနၾကပါတယ္။ကြၽန္ေတာ္ကေတာ့ဘယ္မွာသိမ္းထားမွန္းမသိပါဘူး။ဒါကလည္းအေကာင္းဆုံးနည္းလမ္းပါပဲ။ႏွစ္ေတြအမ်ားႀကီးၾကာျမင့္လာမယ္။အမွတ္တရပစၥည္းတစ္ခုအျဖစ္က်န္ေနေတာ့မယ္။ဒါေပမဲ့အခုအခ်ိန္မွာေတာ့ ဘဏ္မွာရွိေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။