လီယွန်နယ်မက်ဆီရဲ့အာဂျင်တီးနားဒုတိယဂိုးကို ခွင့်မပြုသင့်ကြောင်း ပရိသတ်များ သက်သေပြလာ

မျက်စိအမြင်စူးရှတဲ့ဘောလုံးပရိသတ်များဟာကမ္ဘာ့ဖလားဗိုလ်လုပွဲမှလီယွန်နယ်မက်ဆီရဲ့ဒုတိယဂိုးကိုခွင့်မပြုသင့်ကြောင်းသက်သေအထောက်အထားနှင့်တကွသက်သေပြလာကြပါတယ်။

အာဂျင်တီးနားစူပါစတားဟာမနေ့ညတုန်းကပြင်သစ်ကိုအနိုင်ရရှိကာအာဂျင်တီးနားတို့တတိယအကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာပထမဂိုးကိုပင်နယ်တီမှသွင်းယူခဲ့တာဖြစ်ပြီးယင်းနောက်ဒီမာရီယာကဂိုးထပ်သွင်းခဲ့လို့၂-၀ဂိုးဖြင့်အာဂျင်တီးနားတို့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးရန်၁၀မိနစ်အလိုတွင်ဘက်ပေးက၅၉စက္ကန့်အတွင်းချေပဂိုးနှစ်ဂိုးသွင်းလာမှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာအချိန်ပို၁၀၈မိနစ်တွင်မာတီနက်ဇ်ရဲ့ကန်ချက်ကိုဂိုးသမားလိုရစ်ပုတ်ထုတ်လိုက်မှုကကျလာတဲ့ဘောလုံးကိုပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်တွင်စည်းကြပ်ဒိုင်ကအလံထောင်မှုကြောင့်လူကျွံနေသလားမေးခွန်းထုတ်မှုရှိခဲ့ပါတယ်။ဒါပေမဲ့ရုပ်သံဓာတ်ပုံများအရလူကျွံနေခြင်းမရှိကြောင်းတွေ့ရပါတဘ်။

ဒါပေမဲ့ဘောလုံးပရိသတ်များကမက်ဆီရဲ့ယင်းဂိုးကိုခွင့်ပြုသင့်ကြောင်းဓာတ်ပုံအထောက်အထားနှင့်တကွာသက်သေပြလာတာဖြစ်ပါတယ်။

မက်ဆီကဂိုးထဲသို့ကန်သွင်းလိုက်ချိန်တွင်အာဂျင်တီးနားအရန်ကစားသမားနှစ်ဦးတို့ကွင်းထဲသို့ဝင်ရောက်နေမှုနဲ့အတူယင်းဂိုးကိုခွင့်မပြုသင့်ဘူးလို့ဆိုလာတာဖြစ်ပါတယ်။ယင်းသို့အရန်နှစ်ဦးကွင်းစည်းအတွင်းဝင်ရောက်မှုနဲ့အတူအာဂျင်တီးနားက၁၃ဦးဖြင့်ကစားနေတယ်လို့ယူဆရပါတယ်။

အဆိုပါပွဲတွင်မက်ဆီကဒုတိယဂိုးဖြင့်အာဂျင်တီးနားထပ်မံားဆောင်နိုင်ခဲ့ပေမဲ့ အချိန်ပိုပြီးခါနီးတွင်ဘက်ပေးကပင်နယ်တီကနေတဆင့်ချေပဂိုးထပ်သွင်းခဲ့လို့ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။

ဒါပေမဲ့ပင်နယ်တီအဆုံးအဖြတ်မှာတော့အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားရရှိသွားခဲ့ပါတယ်။

ZawGyi

လီယြန္နယ္မက္ဆီရဲ႕အာဂ်င္တီးနားဒုတိယဂိုးကို ခြင့္မျပဳသင့္ေၾကာင္း ပရိသတ္မ်ား သက္ေသျပလာ

မ်က္စိအျမင္စူးရွတဲ့ေဘာလုံးပရိသတ္မ်ားဟာကမာၻ႔ဖလားဗိုလ္လုပြဲမွလီယြန္နယ္မက္ဆီရဲ႕ဒုတိယဂိုးကိုခြင့္မျပဳသင့္ေၾကာင္းသက္ေသအေထာက္အထားႏွင့္တကြသက္ေသျပလာၾကပါတယ္။

အာဂ်င္တီးနားစူပါစတားဟာမေန႔ညတုန္းကျပင္သစ္ကိုအႏိုင္ရရွိကာအာဂ်င္တီးနားတို႔တတိယအႀကိမ္ေျမာက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္တဲ့ပြဲတြင္ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။

သူဟာပထမဂိုးကိုပင္နယ္တီမွသြင္းယူခဲ့တာျဖစ္ၿပီးယင္းေနာက္ဒီမာရီယာကဂိုးထပ္သြင္းခဲ့လို႔၂-၀ဂိုးျဖင့္အာဂ်င္တီးနားတို႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ပြဲၿပီးရန္၁၀မိနစ္အလိုတြင္ဘက္ေပးက၅၉စကၠန႔္အတြင္းေခ်ပဂိုးႏွစ္ဂိုးသြင္းလာမႈေၾကာင့္အခ်ိန္ပိုကစားခဲ့ရပါတယ္။

အသက္၃၅ႏွစ္ရွိမက္ဆီဟာအခ်ိန္ပို၁၀၈မိနစ္တြင္မာတီနက္ဇ္ရဲ႕ကန္ခ်က္ကိုဂိုးသမားလိုရစ္ပုတ္ထုတ္လိုက္မႈကက်လာတဲ့ေဘာလုံးကိုပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ယင္းအခ်ိန္တြင္စည္းၾကပ္ဒိုင္ကအလံေထာင္မႈေၾကာင့္လူကြၽံေနသလားေမးခြန္းထုတ္မႈရွိခဲ့ပါတယ္။ဒါေပမဲ့႐ုပ္သံဓာတ္ပုံမ်ားအရလူကြၽံေနျခင္းမရွိေၾကာင္းေတြ႕ရပါတဘ္။

ဒါေပမဲ့ေဘာလုံးပရိသတ္မ်ားကမက္ဆီရဲ႕ယင္းဂိုးကိုခြင့္ျပဳသင့္ေၾကာင္းဓာတ္ပုံအေထာက္အထားႏွင့္တကြာသက္ေသျပလာတာျဖစ္ပါတယ္။

မက္ဆီကဂိုးထဲသို႔ကန္သြင္းလိုက္ခ်ိန္တြင္အာဂ်င္တီးနားအရန္ကစားသမားႏွစ္ဦးတို႔ကြင္းထဲသို႔ဝင္ေရာက္ေနမႈနဲ႔အတူယင္းဂိုးကိုခြင့္မျပဳသင့္ဘူးလို႔ဆိုလာတာျဖစ္ပါတယ္။ယင္းသို႔အရန္ႏွစ္ဦးကြင္းစည္းအတြင္းဝင္ေရာက္မႈနဲ႔အတူအာဂ်င္တီးနားက၁၃ဦးျဖင့္ကစားေနတယ္လို႔ယူဆရပါတယ္။

အဆိုပါပြဲတြင္မက္ဆီကဒုတိယဂိုးျဖင့္အာဂ်င္တီးနားထပ္မံားေဆာင္ႏိုင္ခဲ့ေပမဲ့ အခ်ိန္ပိုၿပီးခါနီးတြင္ဘက္ေပးကပင္နယ္တီကေနတဆင့္ေခ်ပဂိုးထပ္သြင္းခဲ့လို႔ပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ရပါတယ္။

ဒါေပမဲ့ပင္နယ္တီအဆုံးအျဖတ္မွာေတာ့အာဂ်င္တီးနားက၄-၂ျဖင့္အႏိုင္ရရွိကာတတိယေျမာက္ကမာၻ႔ဖလားရရွိသြားခဲ့ပါတယ္။