
အာဂျင်တီးနားအသင်းကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားခဲ့ပြီဖြစ်ပေမဲ့လည်းဘောလုံးပရိသတ်များဟာမနေ့ညတုန်းကလီယွန်နယ်မက်ဆီပင်နယ်တီလွဲချော်ခဲ့တာနဲ့ပတ်သက်ပြီးပြောမဆုံးနိုင်အောင် ဖြစ်နေကြတုန်းဖြစ်ပါတယ်။
အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီဟာပထမပိုင်းမှာပင်နယ်တီရရှိခဲ့ပေမဲ့သူ့ကန်ချက်ကိုပိုလန်ဂိုးသမားဆက်ဇက်နီကာကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့အာဂျင်တီးနားဟာဒုတိယပိုင်းမှာအလက်ဆစ်အလစ်စတာနှင့်ဂျူလီယန်အယ်ဗာရက်ဇ်တို့သွင်းယူတဲ့ဂိုးကြောင့်ပိုလန်ကိုအနိုင်ရရှိပြီးကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့အုပ်စုဗိုလ်အဖြစ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ဘောလုံးပရိသတ်များဟာလီယွန်နယ်မက်ဆီပင်နယ်တီလွဲချော်ခဲ့မှုကအာဂျင်တီးနားအတွက်ကောင်းမွန်တဲ့ကံကြမ္မာယူဆောင်လာမယ်လို့ယုံကြည်နေကြပါတယ်။
မက်ဆီရဲ့ပင်နယ်တီလွဲချော်မှုကအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးလျို့ဝှက်ချက်ဖြစ်နေပါတယ်။
အာဂျင်တီးနားအသင်းဟာကမ္ဘာ့ဖလားချန်ပီယံ၂ကြိမ်ဖြစ်ခဲ့ဖူးပြီးယင်းနှစ်ကြိမ်လုံးမှာအုပ်စုနောက်ဆုံးပွဲတွေမှာပင်နယ်တီလွဲခဲ့ကြဖူးပါတယ်။
၁၉၇၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကမာရီယိုကမ်ပက်စ်ဟာအုပ်စုနောက်ဆုံးပွဲမှာပင်နယ်တီမဝင်ခဲ့ပါဘူး။ယင်းနောက်ရှစ်နှစ်အကြာမှာမာရာဒိုနာဟာလည်းအုပ်စုနောက်ဆုံးပွဲမှာပင်နယ်တီထပ်မံမဝင်ခဲ့ပြန်ပါဘူး။
ထူးဆန်းစွာဘဲအာဂျင်တီးနားဟာယင်းနှစ်ကြိမ်လုံးမှာချန်ပီယံဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်းဘောလုံးပရိသတ်များဟာမနေ့ညတုန်းကပိုလန်နှင့်ပွဲမှာမက်ဆီပင်နယ်တီလွဲမှုကအာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးကံကြမ္မာတပတ်လည်လာမှုလို့ယုံကြည်နေကြပါတယ်။
အာဂျင်တီးနားဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှာခန့်မှန်းရခက်ခဲတဲ့ဩစတြေးလျနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
လီယြန္နယ္မက္ဆီ ပင္နယ္တီ လြဲေခ်ာ္မႈက အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေရး လ်ိဳ႕ဝွက္ခ်က္ျဖစ္လာမလား?
အာဂ်င္တီးနားအသင္းကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားခဲ့ၿပီျဖစ္ေပမဲ့လည္းေဘာလုံးပရိသတ္မ်ားဟာမေန႔ညတုန္းကလီယြန္နယ္မက္ဆီပင္နယ္တီလြဲေခ်ာ္ခဲ့တာနဲ႔ပတ္သက္ၿပီးေျပာမဆုံးႏိုင္ေအာင္ ျဖစ္ေနၾကတုန္းျဖစ္ပါတယ္။
အသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီဟာပထမပိုင္းမွာပင္နယ္တီရရွိခဲ့ေပမဲ့သူ႔ကန္ခ်က္ကိုပိုလန္ဂိုးသမားဆက္ဇက္နီကာကြယ္သြားခဲ့ပါတယ္။ဒါေပမဲ့အာဂ်င္တီးနားဟာဒုတိယပိုင္းမွာအလက္ဆစ္အလစ္စတာႏွင့္ဂ်ဴလီယန္အယ္ဗာရက္ဇ္တို႔သြင္းယူတဲ့ဂိုးေၾကာင့္ပိုလန္ကိုအႏိုင္ရရွိၿပီးကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔အုပ္စုဗိုလ္အျဖစ္တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ေဘာလုံးပရိသတ္မ်ားဟာလီယြန္နယ္မက္ဆီပင္နယ္တီလြဲေခ်ာ္ခဲ့မႈကအာဂ်င္တီးနားအတြက္ေကာင္းမြန္တဲ့ကံၾကမၼာယူေဆာင္လာမယ္လို႔ယုံၾကည္ေနၾကပါတယ္။
မက္ဆီရဲ႕ပင္နယ္တီလြဲေခ်ာ္မႈကအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေရးလ်ိဳ႕ဝွက္ခ်က္ျဖစ္ေနပါတယ္။
အာဂ်င္တီးနားအသင္းဟာကမာၻ႔ဖလားခ်န္ပီယံ၂ႀကိမ္ျဖစ္ခဲ့ဖူးၿပီးယင္းႏွစ္ႀကိမ္လုံးမွာအုပ္စုေနာက္ဆုံးပြဲေတြမွာပင္နယ္တီလြဲခဲ့ၾကဖူးပါတယ္။
၁၉၇၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကမာရီယိုကမ္ပက္စ္ဟာအုပ္စုေနာက္ဆုံးပြဲမွာပင္နယ္တီမဝင္ခဲ့ပါဘူး။ယင္းေနာက္ရွစ္ႏွစ္အၾကာမွာမာရာဒိုနာဟာလည္းအုပ္စုေနာက္ဆုံးပြဲမွာပင္နယ္တီထပ္မံမဝင္ခဲ့ျပန္ပါဘူး။
ထူးဆန္းစြာဘဲအာဂ်င္တီးနားဟာယင္းႏွစ္ႀကိမ္လုံးမွာခ်န္ပီယံျဖစ္ခဲ့ပါတယ္။
ဒါေပမဲ့လည္းေဘာလုံးပရိသတ္မ်ားဟာမေန႔ညတုန္းကပိုလန္ႏွင့္ပြဲမွာမက္ဆီပင္နယ္တီလြဲမႈကအာဂ်င္တီးနားအတြက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေရးကံၾကမၼာတပတ္လည္လာမႈလို႔ယုံၾကည္ေနၾကပါတယ္။
အာဂ်င္တီးနားဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္မွာခန႔္မွန္းရခက္ခဲတဲ့ဩစေၾတးလ်ႏွင့္ရင္ဆိုင္ကစားရပါမယ္။