
ရောဘတ်လီဝန်ဒေါ့စကီးဟာ၂၀၂၂ခုနှစ်အတွက် Golden Foot Award ဆွတ်ခူးသွားခဲ့ပါတယ်။ယင်းဆုကလီယွန်နယ်မက်ဆီမရရှိဖူးသေးပါဘူး။
မက်ဆီဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့မှုအတွက်ယခုတိုင်အောင်ပွဲခံနေတုန်းဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့အနေနဲ့ ဒီGolden Foot Award ကိုမဆွတ်ခူးနိုင်မှုအတွက်စိတ်အနှောင့်အယှက်ဖြစ်လာဖို့တော့မရှိပါဘူး။
မက်ဆီဟာဘောလုံးလောကမှာဆုတွေတကယ့်ကိုအမြောက်အမြားဆွတ်ခူးထားတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒို၊ဇလာတန်အီဘရာဟီမိုဗစ်၊မိုဟာမက်ဆာလက်၊ရော်နယ်ဒင်ဟိုတို့ကဒီဆုကိုဆွတ်ခူးထားကြပြီးဖြစ်ပါတယ်။
ဘာကြောင့်လီယွန်နယ်မက်ဆီမဆွတ်ခူးနိုင်သေးတာလဲ?
Golden Foot Award ကိုချီးမြှင့်လာတာနှစ်ပေါင်း၂၀နှစ်သာရှိပါတယ်။ယင်းဆုကိုရရှိခဲ့တဲ့သူအားလုံးကဂန္ထဝင်တွေချည်းဖြစ်ပါတယ်။ဒါပေမဲ့ဆုရရှိသူများစာရင်းမှာလီယွန်နယ်မက်ဆီမပါဝင်သေးပါဘူး။
ယင်းဆုကိုအသက်၂၈နှစ်နှင့်အထက်ကစားသမားများကိုသာချီးမြင့်တာဖြစ်ပြီးတစ်သက်မှာတစ်ကြိမ်တည်းသာဆွတ်ခူးခွင့်ရှိပါတယ်။
ယင်းဆုကိုတစ်နှစ်မှာတစ်ကြိမ်သာချီးမြှင့်ပြီးဂျာနယ်လစ်တို့ရဲ့မဲအဆုံးအဖြတ်ဖြင့်ရွေးချယ်တာဖြစ်ပါတယ်။မက်ဆီဟာယင်းဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာတာ၇နှစ်တိုင်တိုင်ရှိပြီဖြစ်ပေမဲ့ယခုတိုင်မရရှိသေးပါဘူး။
ယခုနှစ်မှာလည်းယင်းဆုကိုရောဘတ်လီဝန်ဒေါ့စကီးကရရှိသွားပြန်ပါပြီ။ပိုလန်နှင့်ဘာစီလိုနာတိုက်စစ်မှူးဟာယခုရာသီမှာဘာစီလိုနာအတွက်၁၉ပွဲကစားထားရာမှာ၁၈ဂိုးသွင်းပြီး၄ကြိမ်ဖန်တီးထားနိုင်မှုနဲ့အတူ ဆွတ်ခူးသွားခဲ့ပါတယ်။
အသက်၃၄နှစ်ရှိရောဘတ်လီဝန်ဒေါ့စကီးဟာကစားသမားဘဝတစ်လျှောက်၅၂၇ဂိုးသွင်းထားကာဒီဆုကိုရရှိလာတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့လီယွန်နယ်မက်ဆီဟာ Golden Foot Award ကိုဒီနှစ်မှာမရပေမဲ့လည်းလာမယ့်၂၀၂၃ခုနှစ်မှာတော့မျှော်လင့်နိုင်ပါတယ်။
ZawGyi
လီယြန္နယ္မက္ဆီ မရရွိဖူးေသးတဲ့ ဂုဏ္သိကၡာျမင့္ဆုရွိေနေသး။ ကစားသမား ၂၀ ဦးသာ ဆြတ္ခူးထား
ေရာဘတ္လီဝန္ေဒါ့စကီးဟာ၂၀၂၂ခုႏွစ္အတြက္ Golden Foot Award ဆြတ္ခူးသြားခဲ့ပါတယ္။ယင္းဆုကလီယြန္နယ္မက္ဆီမရရွိဖူးေသးပါဘူး။
မက္ဆီဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့မႈအတြက္ယခုတိုင္ေအာင္ပြဲခံေနတုန္းျဖစ္ပါတယ္။ဒါေၾကာင့္လည္းသူ႔အေနနဲ႔ ဒီGolden Foot Award ကိုမဆြတ္ခူးႏိုင္မႈအတြက္စိတ္အေႏွာင့္အယွက္ျဖစ္လာဖို႔ေတာ့မရွိပါဘူး။
မက္ဆီဟာေဘာလုံးေလာကမွာဆုေတြတကယ့္ကိုအေျမာက္အျမားဆြတ္ခူးထားတဲ့သူျဖစ္ပါတယ္။ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒို၊ဇလာတန္အီဘရာဟီမိုဗစ္၊မိုဟာမက္ဆာလက္၊ေရာ္နယ္ဒင္ဟိုတို႔ကဒီဆုကိုဆြတ္ခူးထားၾကၿပီးျဖစ္ပါတယ္။
ဘာေၾကာင့္လီယြန္နယ္မက္ဆီမဆြတ္ခူးႏိုင္ေသးတာလဲ?
Golden Foot Award ကိုခ်ီးျမႇင့္လာတာႏွစ္ေပါင္း၂၀ႏွစ္သာရွိပါတယ္။ယင္းဆုကိုရရွိခဲ့တဲ့သူအားလုံးကဂႏၴဝင္ေတြခ်ည္းျဖစ္ပါတယ္။ဒါေပမဲ့ဆုရရွိသူမ်ားစာရင္းမွာလီယြန္နယ္မက္ဆီမပါဝင္ေသးပါဘူး။
ယင္းဆုကိုအသက္၂၈ႏွစ္ႏွင့္အထက္ကစားသမားမ်ားကိုသာခ်ီးျမင့္တာျဖစ္ၿပီးတစ္သက္မွာတစ္ႀကိမ္တည္းသာဆြတ္ခူးခြင့္ရွိပါတယ္။
ယင္းဆုကိုတစ္ႏွစ္မွာတစ္ႀကိမ္သာခ်ီးျမႇင့္ၿပီးဂ်ာနယ္လစ္တို႔ရဲ႕မဲအဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္တာျဖစ္ပါတယ္။မက္ဆီဟာယင္းဆုအတြက္ဆန္ကာတင္စာရင္းမွာပါဝင္လာတာ၇ႏွစ္တိုင္တိုင္ရွိၿပီျဖစ္ေပမဲ့ယခုတိုင္မရရွိေသးပါဘူး။
ယခုႏွစ္မွာလည္းယင္းဆုကိုေရာဘတ္လီဝန္ေဒါ့စကီးကရရွိသြားျပန္ပါၿပီ။ပိုလန္ႏွင့္ဘာစီလိုနာတိုက္စစ္မႉးဟာယခုရာသီမွာဘာစီလိုနာအတြက္၁၉ပြဲကစားထားရာမွာ၁၈ဂိုးသြင္းၿပီး၄ႀကိမ္ဖန္တီးထားႏိုင္မႈနဲ႔အတူ ဆြတ္ခူးသြားခဲ့ပါတယ္။
အသက္၃၄ႏွစ္ရွိေရာဘတ္လီဝန္ေဒါ့စကီးဟာကစားသမားဘဝတစ္ေလွ်ာက္၅၂၇ဂိုးသြင္းထားကာဒီဆုကိုရရွိလာတာလည္းျဖစ္ပါတယ္။
ဒါေပမဲ့လီယြန္နယ္မက္ဆီဟာ Golden Foot Award ကိုဒီႏွစ္မွာမရေပမဲ့လည္းလာမယ့္၂၀၂၃ခုႏွစ္မွာေတာ့ေမွ်ာ္လင့္ႏိုင္ပါတယ္။