လီဝန်ဒေါ့စကီးကို ကျော်ဖြတ်ကာ ဘွန်ဒက်စ်လီဂါအကောင်းဆုံးကစားသမားဆုကို ဟာလန်းအံ့ဩသင့်ဖွယ်ဆွတ်ခူး

ဒေါသအကြီးအကျယ်ထွက်နေတဲ့ဘောလုံးပရိသတ်များကအာလင်းဟာလန်းဟာလီဝန်ဒေါ့စကီးအားလိမ်လည်ကျော်ဖြတ်ကာဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိသွားခဲ့တယ်လို့ယုံကြည်နေကြပါတယ်။

အသက်၃၂နှစ်ရှိပိုလန်တိုက်စစ်မှူးဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်အံ့မခန်းဂိုးသွင်းမှတ်တမ်းကောင်းပိုင်ဆိုင်နိုင်ခဲ့ကာဘိုင်ယန်မြူးနစ်ကိုဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်အောင်ကူညီခဲ့ပါတယ်။

လီဝန်ဒေါ့စကီးဟာဘွန်ဒက်စ်လီဂါဂိုး၄၁ဂိုးအထိသွင်းယူပြီးဂတ်မူလာရဲ့၄၉နှစ်ကြာဘွန်ဒက်စ်လီဂါတစ်ရာသီတည်းတွင်ဂိုးအများဆုံးသွင်းထားတဲ့စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်စတားဟာဘွန်ဒက်စ်လီဂါပွဲ၂၉ပွဲကစားရာမှာ၄၁ဂိုးသွင်းယူပြီး၇ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။သူဟာပြိုင်ပွဲအရပ်ရပ်မှာပွဲ၄၀ကစားရာမှာ၄၈ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်းဟာလန်းကလီဝန်ဒေါ့စကီးကိုကျော်ဖြတ်ကာဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။ဟာလန်းဟာလည်းဒေါ့မွန်နှင့်အတူရာသီကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ဒေါ့မွန်နှင့်အတူဂျာမန်ပိုကယ်ဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့နော်ဝေတိုက်စစ်မှူးဟာဘွန်ဒက်စ်လီဂါ၂၈ပွဲကစားခဲ့ရာ၂၇ဂိုးသွင်းယူပြီး၈ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ဟာလန်းရဲ့စွမ်းဆောင်ရည်ကကောင်းမွန်တယ်ဆိုပေမယ့်ပိုဒေါ့စကီးကိုတော့လိုက်မမီပါဘူး။

ဒါကြောင့်လည်းဘောလုံးပရိသတ်များကပိုဒေါ့စကီးရဲ့ဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဟာလန်းကခိုးယူသွားခဲ့တယ်လို့ဆိုရှယ်မီဒီယာမှာရေးသားနေပါတယ်။

ဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပရိသတ်မဲအဆုံးအဖြတ်ဖြင့်ပေးခြင်းဖြစ်ရာဟာလန်းကမဲအများဆုံးရရှိပြီးဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

လီဝန္ေဒါ့စကီးကို ေက်ာ္ျဖတ္ကာ ဘြန္ဒက္စ္လီဂါအေကာင္းဆုံးကစားသမားဆုကို ဟာလန္းအံ့ဩသင့္ဖြယ္ဆြတ္ခူး

ေဒါသအႀကီးအက်ယ္ထြက္ေနတဲ့ေဘာလုံးပရိသတ္မ်ားကအာလင္းဟာလန္းဟာလီဝန္ေဒါ့စကီးအားလိမ္လည္ေက်ာ္ျဖတ္ကာဘြန္ဒက္စ္လီဂါတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုရရွိသြားခဲ့တယ္လို႔ယုံၾကည္ေနၾကပါတယ္။

အသက္၃၂ႏွစ္ရွိပိုလန္တိုက္စစ္မႉးဟာ၂၀၂၀-၂၁ေဘာလုံးရာသီတြင္အံ့မခန္းဂိုးသြင္းမွတ္တမ္းေကာင္းပိုင္ဆိုင္ႏိုင္ခဲ့ကာဘိုင္ယန္ျမဴးနစ္ကိုဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ေအာင္ကူညီခဲ့ပါတယ္။

လီဝန္ေဒါ့စကီးဟာဘြန္ဒက္စ္လီဂါဂိုး၄၁ဂိုးအထိသြင္းယူၿပီးဂတ္မူလာရဲ႕၄၉ႏွစ္ၾကာဘြန္ဒက္စ္လီဂါတစ္ရာသီတည္းတြင္ဂိုးအမ်ားဆုံးသြင္းထားတဲ့စံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္စတားဟာဘြန္ဒက္စ္လီဂါပြဲ၂၉ပြဲကစားရာမွာ၄၁ဂိုးသြင္းယူၿပီး၇ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။သူဟာၿပိဳင္ပြဲအရပ္ရပ္မွာပြဲ၄၀ကစားရာမွာ၄၈ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္းဟာလန္းကပိုေဒါ့စကီးကိုေက်ာ္ျဖတ္ကာဘြန္ဒက္စ္လီဂါတစ္ႏွစ္တာအေကာင္းဆုံးဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။ဟာလန္းဟာလည္းေဒါ့မြန္ႏွင့္အတူရာသီေကာင္းတစ္ခုကိုပိုင္ဆိုင္ခဲ့တဲ့သူျဖစ္ပါတယ္။ေဒါ့မြန္ႏွင့္အတူဂ်ာမန္ပိုကယ္ဖလားကိုဆြတ္ခူးႏိုင္ခဲ့တဲ့ေနာ္ေဝတိုက္စစ္မႉးဟာဘြန္ဒက္စ္လီဂါ၂၈ပြဲကစားခဲ့ရာ၂၇ဂိုးသြင္းယူၿပီး၈ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။ဟာလန္းရဲ႕စြမ္းေဆာင္ရည္ကေကာင္းမြန္တယ္ဆိုေပမယ့္ပိုေဒါ့စကီးကိုေတာ့လိုက္မမီပါဘူး။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားကပိုေဒါ့စကီးရဲ႕ဘြန္ဒက္စ္လီဂါတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဟာလန္းကခိုးယူသြားခဲ့တယ္လို႔ဆိုရွယ္မီဒီယာမွာေရးသားေနပါတယ္။

ဘြန္ဒက္စ္လီဂါတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုပရိသတ္မဲအဆုံးအျဖတ္ျဖင့္ေပးျခင္းျဖစ္ရာဟာလန္းကမဲအမ်ားဆုံးရရွိၿပီးဆြတ္ခူးသြားခဲ့တာလည္းျဖစ္ပါတယ္။