လီဝန်ဒေါ့စကီးနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ တိုက်စစ်သစ်ရှာနေတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြဂွါဒီယိုလာဟာနိုင်ငံတကာပွဲကြောင့်လိဂ်ပွဲနားနေစဉ်အတွင်းဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဂွါဒီယိုလာဟာဘိုင်ယန်မြူးနစ်ကိုသုံးနှစ်ကြာကိုင်တွယ်တုန်းကလီဝန်ဒေါ့စကီးနှင့်တွဲခဲ့သူဖြစ်ပြီး၎င်းတို့နှစ်ဦးဟာဂီရိုနာရှိပိုလန်ရဲ့လေ့ကျင့်ရေးအစီအစဉ်တွင်တွေ့ဆုံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးရဲ့မိခင်ကုမ္ပဏီ City Football Group ဟာဂီရိုနာအသင်းရဲ့ရှယ်ယာ၄၇ရာခိုင်နှုန်းပိုင်ဆိုင်ပြီးဂွါဒီယိုလာမှာ Girona Football Group ရဲ့အကြီးအကဲလည်းဖြစ်ပါတယ်။ဂွါဒီယိုလာကိုယ်တိုင်မှာလည်းစပိန်ဒုတိယတန်းကလပ်ရဲ့ရှယ်ယာ၁၆ရာခိုင်နှုန်းကိုပိုင်ဆိုင်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာနွေရာသီတုန်းကဟယ်ရီကိန်းနှင့်ရော်နယ်ဒိုတို့အားခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့မှုနဲ့အတူတိုက်စစ်နေရာအတွက်ဂါဘရီရယ်ဂျီးဆပ်စ်တစ်ဦးတည်းကိုသာအားကိုးနေရကာ တိုက်စစ်မှူးရှာဖွေနေပါတယ်။

ZawGyi

လီဝန္ေဒါ့စကီးႏွင့္ ေတြ႕ဆုံမႈျပဳလုပ္ခဲ့ တိုက္စစ္သစ္ရွာေနတဲ့ ဂြါဒီယိုလာ

မန္စီးတီးနည္းျပဂြါဒီယိုလာဟာႏိုင္ငံတကာပြဲေၾကာင့္လိဂ္ပြဲနားေနစဥ္အတြင္းဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးႏွင့္ေတြ႕ဆုံမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ဂြါဒီယိုလာဟာဘိုင္ယန္ျမဴးနစ္ကိုသုံးႏွစ္ၾကာကိုင္တြယ္တုန္းကလီဝန္ေဒါ့စကီးႏွင့္တြဲခဲ့သူျဖစ္ၿပီး၎တို႔ႏွစ္ဦးဟာဂီ႐ိုနာရွိပိုလန္ရဲ႕ေလ့က်င့္ေရးအစီအစဥ္တြင္ေတြ႕ဆုံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးရဲ႕မိခင္ကုမၸဏီ City Football Group ဟာဂီ႐ိုနာအသင္းရဲ႕ရွယ္ယာ၄၇ရာခိုင္ႏႈန္းပိုင္ဆိုင္ၿပီးဂြါဒီယိုလာမွာ Girona Football Group ရဲ႕အႀကီးအကဲလည္းျဖစ္ပါတယ္။ဂြါဒီယိုလာကိုယ္တိုင္မွာလည္းစပိန္ဒုတိယတန္းကလပ္ရဲ႕ရွယ္ယာ၁၆ရာခိုင္ႏႈန္းကိုပိုင္ဆိုင္ပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာေႏြရာသီတုန္းကဟယ္ရီကိန္းႏွင့္ေရာ္နယ္ဒိုတို႔အားေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့မႈနဲ႔အတူတိုက္စစ္ေနရာအတြက္ဂါဘရီရယ္ဂ်ီးဆပ္စ္တစ္ဦးတည္းကိုသာအားကိုးေနရကာ တိုက္စစ္မႉးရွာေဖြေနပါတယ္။