လီဝန်ဒေါ့စကီးရဲ့ဘာစီလိုနာလုပ်ခ ထွက်ပေါ်လာ၊ လုပ်ခလျှော့ယူကာ ဘိုင်ယန်မှ ထွက်ခွာခဲ့ခြင်းဖြစ်

ရောဘတ်လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်မှဘာစီလိုနာသို့ပြောင်းရွှေ့နိုင်ရေးအတွက်လုပ်ခများစွာလျှော့ယူခဲ့ရပါတယ်။

စနေနေ့တုန်းကဘာစီလိုနာနှင့်ဘိုင်ယန်မြူးနစ်တို့ကလီဝန်ဒေါ့စကီးအပြောင်းအရွှေ့အတွက်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။

ဘာစီလိုနာဟာအသက်၃၃နှစ်ရှိပိုလန်တိုက်စစ်မှူးအတွက်ပေါင်၄၂.၅သန်းအထိအသုံးပြုခဲ့ရပါတယ်။အသက်၃၃နှစ်ရှိလီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်နှင့်တစ်နှစ်စာချုပ်ကျန်နေသေးပေမဲ့လည်းဘာစီလိုနာသို့ပြောင်းရွှေ့နိုင်ရေးအတွက်လုပ်ခများစွာလျှော့ယူခဲ့ရပါတယ်။

သူဟာဘိုင်ယန်မြူးနစ်တွင်ကစားစဉ်တုန်းကတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ရရှိခဲ့ကာဘွန်ဒက်စ်လီဂါတွင်လုပ်ခအများဆုံးရကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ AS ရဲ့ဖော်ပြချက်အရလီဝန်ဒေါ့စကီးဟာဘာစီလိုနာတွင်တစ်ပတ်လုပ်ခပေါင်၁၅၀၀၀၀သာရရှိလာမှာဖြစ်ပြီးလုပ်ခ၂၅ရာခိုင်နှုန်းအထိလျှော့ယူရပါတယ်။

ဒါကြောင့်လည်းရောဘတ်လီဝန်ဒေါ့စကီးရဲ့ဘာစီလိုနာမှာရရှိလာမယ့်လုပ်ခက ပရီးမီးယားလိဂ်ကစားသမားအမြောက်အမြားရရှိတဲ့လုပ်ခထက်နည်းပါးနေပါတယ်။

သူ့ရဲ့လုပ်ခကခရစ္စတီယာနိုရော်နယ်ဒို၊မိုဟာမက်ဆာလက်၊ကီဗင်ဒီဘရိုင်း၊အာလင်းဟာလန်းတို့ရဲ့လုပ်ခထက် ၅၀ ရာခိုင်နှုန်းကျော်နည်းပါးနေပါတယ်။ ဒါကလီဝန်ဒေါ့စကီးနဲ့အဆင့်တူကစားသမားတွေရဲ့လုပ်ခနဲ့နှိုင်းယှဉ်မှုပါ။စပါးစ်အမေ့ခံအန်ဒွမ်ဘီလီကပေါင် ၂၀၀၀၀၀ရသလိုလီဗာပူးတိုက်စစ်မှူးဖာမီနိုကပေါင်၁၈၀၀၀၀၊ယူနိုက်တက်စတားမာရှယ်ကပေါင်၂၅၀၀၀၀ရှိကြပါသေးတယ်။

လီဝန်ဒေါ့စကီးဟာယခုနွေရာသီတွင်ဘာစီလိုနာသို့ပြောင်းရွှေ့လာတဲ့လေးဦးမြောက်ကစားသမားဖြစ်ပါတယ်။ဘာစီလိုနာဟာလီဝန်ဒေါ့စကီးမတိုင်မီ ခရစ်တင်ဆင်၊ဖရန့်ကက်ဆီ၊ရာဖင်ညာတို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။

ZawGyi

လီဝန္ေဒါ့စကီးရဲ႕ဘာစီလိုနာလုပ္ခ ထြက္ေပၚလာ၊ လုပ္ခေလွ်ာ့ယူကာ ဘိုင္ယန္မွ ထြက္ခြာခဲ့ျခင္းျဖစ္

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္မွဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ႏိုင္ေရးအတြက္လုပ္ခမ်ားစြာေလွ်ာ့ယူခဲ့ရပါတယ္။

စေနေန႔တုန္းကဘာစီလိုနာႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ကလီဝန္ေဒါ့စကီးအေျပာင္းအေ႐ႊ႕အတြက္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းအတည္ျပဳခဲ့ပါတယ္။

ဘာစီလိုနာဟာအသက္၃၃ႏွစ္ရွိပိုလန္တိုက္စစ္မႉးအတြက္ေပါင္၄၂.၅သန္းအထိအသုံးျပဳခဲ့ရပါတယ္။အသက္၃၃ႏွစ္ရွိလီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ေနေသးေပမဲ့လည္းဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ႏိုင္ေရးအတြက္လုပ္ခမ်ားစြာေလွ်ာ့ယူခဲ့ရပါတယ္။

သူဟာဘိုင္ယန္ျမဴးနစ္တြင္ကစားစဥ္တုန္းကတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ရရွိခဲ့ကာဘြန္ဒက္စ္လီဂါတြင္လုပ္ခအမ်ားဆုံးရကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ AS ရဲ႕ေဖာ္ျပခ်က္အရလီဝန္ေဒါ့စကီးဟာဘာစီလိုနာတြင္တစ္ပတ္လုပ္ခေပါင္၁၅၀၀၀၀သာရရွိလာမွာျဖစ္ၿပီးလုပ္ခ၂၅ရာခိုင္ႏႈန္းအထိေလွ်ာ့ယူရပါတယ္။

ဒါေၾကာင့္လည္းေရာဘတ္လီဝန္ေဒါ့စကီးရဲ႕ဘာစီလိုနာမွာရရွိလာမယ့္လုပ္ခက ပရီးမီးယားလိဂ္ကစားသမားအေျမာက္အျမားရရွိတဲ့လုပ္ခထက္နည္းပါးေနပါတယ္။

သူ႔ရဲ႕လုပ္ခကခရစၥတီယာႏိုေရာ္နယ္ဒို၊မိုဟာမက္ဆာလက္၊ကီဗင္ဒီဘ႐ိုင္း၊အာလင္းဟာလန္းတို႔ရဲ႕လုပ္ခထက္ ၅၀ ရာခိုင္ႏႈန္းေက်ာ္နည္းပါးေနပါတယ္။ ဒါကလီဝန္ေဒါ့စကီးနဲ႔အဆင့္တူကစားသမားေတြရဲ႕လုပ္ခနဲ႔ႏႈိင္းယွဥ္မႈပါ။စပါးစ္အေမ့ခံအန္ဒြမ္ဘီလီကေပါင္ ၂၀၀၀၀၀ရသလိုလီဗာပူးတိုက္စစ္မႉးဖာမီႏိုကေပါင္၁၈၀၀၀၀၊ယူႏိုက္တက္စတားမာရွယ္ကေပါင္၂၅၀၀၀၀ရွိၾကပါေသးတယ္။

လီဝန္ေဒါ့စကီးဟာယခုေႏြရာသီတြင္ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕လာတဲ့ေလးဦးေျမာက္ကစားသမားျဖစ္ပါတယ္။ဘာစီလိုနာဟာလီဝန္ေဒါ့စကီးမတိုင္မီ ခရစ္တင္ဆင္၊ဖရန႔္ကက္ဆီ၊ရာဖင္ညာတို႔ကိုေခၚယူထားၿပီးျဖစ္ပါတယ္။