လီဝန်ဒေါ့စကီးအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အေးဂျင့်များကို ယူနိုက်တက် ဆက်သွယ်လာ

မန်ချက်စတာယူနိုက်တက်ဟာဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကစားသမားရဲ့အေးဂျင့်များနှင့်ဆက်သွယ်မေးမြန်းမှုပြုလုပ်လာပါတယ်။

အသက်၃၃နှစ်ရှိပိုလန်တိုက်စစ်မှူးဟာဂျာမန်ထိပ်သီးကလပ်နှင့်၁၈လစာချုပ်ပင်မကျန်တော့သူဖြစ်ပါတယ်။

သူဟာ၂၀၂၃ခုနှစ်၊ဇွန်လတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာလာမယ့်နွေရာသီမှာသူ့ကိုရောင်းချပြီးငွေရှာဖွေလာနိုင်ပါတယ်။

ဒါကြောင့်သူ့ကိုခေါ်ယူရန်ဥရောပထိပ်သီးကလပ်များကစိတ်ဝင်စားနေပြီးယခုအခါယူနိုက်တက်လည်းပါဝင်လာပြီဖြစ်ပါတယ်။

90 Mins ကယူနိုက်တက်ဟာရောဘတ်လီဝန်ဒေါ့စကီးကိုခေါ်ယူရန် အလေးအနက်စိတ်ဝင်စားနေပြီးအေးဂျင့်များကိုဆက်သွယ်မေးမြန်းမှုပြုလုပ်ထားကြောင်းဖော်ပြလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာနွေရာသီတွင်လီဝန်ဒေါ့စကီးကိုဆုံးရှုံးရမည်ဆိုပါက ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကိုခေါ်ယူရေးအစွမ်းကုန်ကြိုးပမ်းသွားပါမယ်။

ZawGyi

လီဝန္ေဒါ့စကီးအေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီး ေအးဂ်င့္မ်ားကို ယူႏိုက္တက္ ဆက္သြယ္လာ

မန္ခ်က္စတာယူႏိုက္တက္ဟာဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီးကစားသမားရဲ႕ေအးဂ်င့္မ်ားႏွင့္ဆက္သြယ္ေမးျမန္းမႈျပဳလုပ္လာပါတယ္။

အသက္၃၃ႏွစ္ရွိပိုလန္တိုက္စစ္မႉးဟာဂ်ာမန္ထိပ္သီးကလပ္ႏွင့္၁၈လစာခ်ဳပ္ပင္မက်န္ေတာ့သူျဖစ္ပါတယ္။

သူဟာ၂၀၂၃ခုႏွစ္၊ဇြန္လတြင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္သူျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ဟာလာမယ့္ေႏြရာသီမွာသူ႔ကိုေရာင္းခ်ၿပီးေငြရွာေဖြလာႏိုင္ပါတယ္။

ဒါေၾကာင့္သူ႔ကိုေခၚယူရန္ဥေရာပထိပ္သီးကလပ္မ်ားကစိတ္ဝင္စားေနၿပီးယခုအခါယူႏိုက္တက္လည္းပါဝင္လာၿပီျဖစ္ပါတယ္။

90 Mins ကယူႏိုက္တက္ဟာေရာဘတ္လီဝန္ေဒါ့စကီးကိုေခၚယူရန္ အေလးအနက္စိတ္ဝင္စားေနၿပီးေအးဂ်င့္မ်ားကိုဆက္သြယ္ေမးျမန္းမႈျပဳလုပ္ထားေၾကာင္းေဖာ္ျပလာပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာေႏြရာသီတြင္လီဝန္ေဒါ့စကီးကိုဆုံးရႈံးရမည္ဆိုပါက ေဒါ့မြန္တိုက္စစ္မႉးဟာလန္းကိုေခၚယူေရးအစြမ္းကုန္ႀကိဳးပမ္းသြားပါမယ္။