လီဝန်ဒေါ့စကီးအား‌ ခေါ်ယူရန် အံ့ဩဖွယ်လုပ်ဆောင်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာပိုလန်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးအား‌ခေါ်ယူရန်ဘိုင်ယန်မြူးနစ်အသင်းကိုဆက်သွယ်မှုပြုလုပ်ထားကြောင်းသိရပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာယခုရာသီတွင်တိုက်စစ်ပိုင်းကဂိုးရရှိရန်ရုန်းကန်ရမှုနဲ့အတူနွေရာသီတွင်တိုက်စစ်မှူးခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီးအသင်းအတွက်ယခုရာသီတွင်ပရီးမီးယားလိဂ်မှာဂိုးအများဆုံးသွင်းယူသူအဖြစ်ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုက၇ဂိုးသွင်းကာရပ်တည်နိုင်ခဲ့ပါတယ်၊

ဒါကြောင့်လည်းချဲလ်ဆီးဟာလီဝန်ဒေါ့စကီးကိုခေါ်ယူရေးအတွက်အံ့ဩသင့်ဖွယ်လှုပ်ရှားလာပါတယ်။အသက်၃၂နှစ်ရှိဘိုင်ယန်တိုက်စစ်မှူးဟာယခုရာသီမှာပြိုင်ပွဲအရပ်ရပ်မှာ၃၉ပွဲကစားထားရာမှာ၄၇ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

ပိုဒေါ့စကီးဟာနည်းပြဟန်စီဖလစ်ထွက်ခွာသွားမှုကြောင့်တုန်လှုပ်လျက်ရှိနေကာအနာဂတ်ကိုစဉ်းစားနေပါတယ်။လက်ရှိအချိန်မှာသူ့ကိုခေါ်ယူဖို့ချဲလ်ဆီးအပြင်ပီအက်စ်ဂျီနှင့်ဘာစီလိုနာတို့ကလည်းစိတ်ဝင်စားနေပါတယ်။

ပီအက်စ်ဂျီဟာအပြောင်းအရွှေ့ဈေးကွက်ဖွင့်လာချိန်မှာအိုင်ကာဒီကိုရောင်းချရန်စီစဉ်ထားပါတယ်။ဘာစီလိုနာဟာမန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဆာဂျီယိုအဂူရိုကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားပါတယ်။

ချဲလ်ဆီးဟာနွေရာသီတုန်းကတီမိုဝါနာအားမြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ပေမယ့်ဂျာမနီတိုက်စစ်မှူးမှာအကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ရပါတယ်။

ZawGyi

လီဝန္ေဒါ့စကီးအား‌ ေခၚယူရန္ အံ့ဩဖြယ္လုပ္ေဆာင္လာတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာပိုလန္တိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးအား‌ေခၚယူရန္ဘိုင္ယန္ျမဴးနစ္အသင္းကိုဆက္သြယ္မႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာယခုရာသီတြင္တိုက္စစ္ပိုင္းကဂိုးရရွိရန္႐ုန္းကန္ရမႈနဲ႔အတူေႏြရာသီတြင္တိုက္စစ္မႉးေခၚယူရန္ပစ္မွတ္ထားေနပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ယခုရာသီတြင္ပရီးမီးယားလိဂ္မွာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုက၇ဂိုးသြင္းကာရပ္တည္ႏိုင္ခဲ့ပါတယ္၊

ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာလီဝန္ေဒါ့စကီးကိုေခၚယူေရးအတြက္အံ့ဩသင့္ဖြယ္လႈပ္ရွားလာပါတယ္။အသက္၃၂ႏွစ္ရွိဘိုင္ယန္တိုက္စစ္မႉးဟာယခုရာသီမွာၿပိဳင္ပြဲအရပ္ရပ္မွာ၃၉ပြဲကစားထားရာမွာ၄၇ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

ပိုေဒါ့စကီးဟာနည္းျပဟန္စီဖလစ္ထြက္ခြာသြားမႈေၾကာင့္တုန္လႈပ္လ်က္ရွိေနကာအနာဂတ္ကိုစဥ္းစားေနပါတယ္။လက္ရွိအခ်ိန္မွာသူ႔ကိုေခၚယူဖို႔ခ်ဲလ္ဆီးအျပင္ပီအက္စ္ဂ်ီႏွင့္ဘာစီလိုနာတို႔ကလည္းစိတ္ဝင္စားေနပါတယ္။

ပီအက္စ္ဂ်ီဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ဖြင့္လာခ်ိန္မွာအိုင္ကာဒီကိုေရာင္းခ်ရန္စီစဥ္ထားပါတယ္။ဘာစီလိုနာဟာမန္စီးတီးဂႏၴဝင္တိုက္စစ္မႉးဆာဂ်ီယိုအဂူ႐ိုကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိထားပါတယ္။

ခ်ဲလ္ဆီးဟာေႏြရာသီတုန္းကတီမိုဝါနာအားျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့ေပမယ့္ဂ်ာမနီတိုက္စစ္မႉးမွာအေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ရပါတယ္။