လီဝန်ဒေါ့စကီးအား ကိုဗစ်ကင်းလွတ်ခွင့်ပေးရန် ဂျာမန်အဓိပဓိထံ ပိုလန်ဝန်ကြီးချုပ် ဖုန်းဆက်တောင်းဆိုခဲ့

ပိုလန်နှင့်ဂျာမနီအစိုးရတို့အကြားဆွေးနွေးမှုအဆင်ပြေသွားခဲ့ပြီးနောက်အင်္ဂလန်အသင်းမှာရောဘတ်လီဝန်ဒေါ့စကီးရဲ့ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။

ဂရေမီဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာလာမယ့်မတ်လ၃၁ရက်နေ့မှာသူတို့ရဲ့တတိယမြောက်ကမ္ဘာ့ဖ လားခြေစစ်ပွဲအဖြစ်ဝင်ဘာလေကွင်းမှာပိုလန်ကိုဧည့်ခံကစားရပါမယ်။

ဂျာမနီအစိုးရဟာကိုဗစ်ကန့်သတ်ချက်တင်းကြပ်တဲ့အနေဖြင့်ဗြိတိန်နိုင်ငံမှရောက်လာသူများအားကွာရန်တင်း၁၀ရက်ကြာဝင်စေလျက်ရှိပါတယ်။ဒါကြောင့်ပိုဒေါ့စကီးအနေဖြင့်အင်္ဂလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားပြီးပါကကွာရန်တင်းဝင်ရမည်ဖြစ်ကာဘိုင်ယန်မြူးနစ်ရဲ့အရေးပါတဲ့ပွဲများကိုလွဲချော်ပါမယ်။ယင်း အခြေအနေကြောင့်ဘိုင်ယန်မြူးနစ်ဟာလီဝန်ဒေါ့စကီးကိုပိုလန်အတွက်မစေလွှတ်ရန်စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့်ပိုလန်ဝန်ကြီးချုပ်မာတီးယပ်ဇ်မိုရာဝစ်စကီဟာဂျာမန်အဓိပဓိအန်ဂျယ်လာမာကယ်ထံသို့ဖုန်းဖြင့်ဆက်သွယ်ကာလီဝန်ဒေါ့စကီးအားကိုဗစ်ကင်းလွတ်ခွင့်ပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။မာကယ်က လည်းခွင့်ပြုချက်ပေးခဲ့ပါတယ်။

ဒါကြောင့်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းခံစစ်သမားများဟာယခုလအကုန်မှာပိုဒေါ့စကီးအားရင်ဆိုင်ရန် အတွက်အကောင်းဆုံးအနေအထားဖြစ်အောင်ပြင်ဆင်ထားရတော့မှာဖြစ်ပါတယ်။

ဂျာမနီအစိုးရဟာဒေါ့မွန်အသင်းမှအင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဘယ်လင်ဂမ်ကိုလည်းကိုဗစ်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

ZawGyi

လီဝန္ေဒါ့စကီးအား ကိုဗစ္ကင္းလြတ္ခြင့္ေပးရန္ ဂ်ာမန္အဓိပဓိထံ ပိုလန္ဝန္ႀကီးခ်ဳပ္ ဖုန္းဆက္ေတာင္းဆိုခဲ့

ပိုလန္ႏွင့္ဂ်ာမနီအစိုးရတို႔အၾကားေဆြးေႏြးမႈအဆင္ေျပသြားခဲ့ၿပီးေနာက္အဂၤလန္အသင္းမွာေရာဘတ္လီဝန္ေဒါ့စကီးရဲ႕ရင္ဆိုင္ကစားရေတာ့မွာျဖစ္ပါတယ္။

ဂေရမီေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာလာမယ့္မတ္လ၃၁ရက္ေန႔မွာသူတို႔ရဲ႕တတိယေျမာက္ကမာၻ႔ဖ လားေျခစစ္ပြဲအျဖစ္ဝင္ဘာေလကြင္းမွာပိုလန္ကိုဧည့္ခံကစားရပါမယ္။

ဂ်ာမနီအစိုးရဟာကိုဗစ္ကန႔္သတ္ခ်က္တင္းၾကပ္တဲ့အေနျဖင့္ၿဗိတိန္ႏိုင္ငံမွေရာက္လာသူမ်ားအားကြာရန္တင္း၁၀ရက္ၾကာဝင္ေစလ်က္ရွိပါတယ္။ဒါေၾကာင့္ပိုေဒါ့စကီးအေနျဖင့္အဂၤလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားၿပီးပါကကြာရန္တင္းဝင္ရမည္ျဖစ္ကာဘိုင္ယန္ျမဴးနစ္ရဲ႕အေရးပါတဲ့ပြဲမ်ားကိုလြဲေခ်ာ္ပါမယ္။ယင္း အေျခအေနေၾကာင့္ဘိုင္ယန္ျမဴးနစ္ဟာလီဝန္ေဒါ့စကီးကိုပိုလန္အတြက္မေစလႊတ္ရန္စီစဥ္ခဲ့ပါတယ္။

ဒါေပမယ့္ပိုလန္ဝန္ႀကီးခ်ဳပ္မာတီးယပ္ဇ္မိုရာဝစ္စကီဟာဂ်ာမန္အဓိပဓိအန္ဂ်ယ္လာမာကယ္ထံသို႔ဖုန္းျဖင့္ဆက္သြယ္ကာလီဝန္ေဒါ့စကီးအားကိုဗစ္ကင္းလြတ္ခြင့္ေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။မာကယ္က လည္းခြင့္ျပဳခ်က္ေပးခဲ့ပါတယ္။

ဒါေၾကာင့္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းခံစစ္သမားမ်ားဟာယခုလအကုန္မွာပိုေဒါ့စကီးအားရင္ဆိုင္ရန္ အတြက္အေကာင္းဆုံးအေနအထားျဖစ္ေအာင္ျပင္ဆင္ထားရေတာ့မွာျဖစ္ပါတယ္။

ဂ်ာမနီအစိုးရဟာေဒါ့မြန္အသင္းမွအဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဘယ္လင္ဂမ္ကိုလည္းကိုဗစ္ကင္းလြတ္ခြင့္ေပးခဲ့ပါတယ္။