
ဘဏ္ဍာရေးပြဿနာကြုံတွေ့နေရတဲ့ဘာစီလိုနာဟာရောဘတ်လီဝန်ဒေါ့စကီးသာနောက်ထပ်၂ဂိုးသွင်းလာပါကယူရို၁.၂၅သန်းကုန်ကျလာတော့မှာဖြစ်ပါတယ်။
ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကြောင့်လူငယ်ကစားသမားဂါဗီရဲ့စာချုပ်သစ်ကိုလာလီဂါရဲ့အသိအမှတ်ပြုခြင်းမခံရတဲ့အပြင်ဇန်နဝါရီတုန်းကကစားသမားအငှားဖြင့်ခေါ်ယူရန်ကြိုးပမ်းမှုပင်မအောင်မြင်ခဲ့ပါဘူး။
ဒါပေမဲ့ဘာစီလိုနာဟာမကြာမီကာလအတွင်းမှာနောက်ထပ်ငွေကြေးကုန်ကျလာဦးမှာဖြစ်ပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာနွေရာသီတုန်းကဘိုင်ယန်မြူးနစ်မှပြောင်းလာပြီးနောက်ဘာစီလိုနာအတွက်လာလီဂါပွဲ၁၆ပွဲကစားထားရာမှာ၁၄ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
သူဟာဘာစီလိုနာအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၃ဂိုးအထိသွင်းထားနိုင်ပါတယ်။ Mundo Deportivo ရဲ့ဖော်ပြလာမှုရဘာစီလိုနာဟာရောဘတ်လီဝန်ဒေါစကီးသာ၂၅ဂိုးသွင်းယူလာနိုင်လျှင်အပိုဆုကြေးယူရို၁.၂၅သန်းပေးရမှာဖြစ်ကြောင်းသိရပါတယ်။
ဘာစီလိုနာဟာရောဘတ်လီဝန်ဒေါ့စကီးကိုနူးကမ့်တွင်ရှိနေတဲ့ကာလပတ်လုံး၂၅ဂိုးသွင်းနိုင်တိုင်းအပိုဆုကြေးယူရို၁.၂၅သန်းပေးလာရမှာလည်းဖြစ်ပါတယ်။
ZawGyi
လီဝန္ေဒါ့စကီး ေနာက္ထပ္ ၂ ဂိုးသြင္းလွ်င္ ယူ႐ို ၁.၂၅ သန္းကုန္က်လာေတာ့မဲ့ ဘာစီလိုနာ
ဘ႑ာေရးျပႆနာႀကဳံေတြ႕ေနရတဲ့ဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါ့စကီးသာေနာက္ထပ္၂ဂိုးသြင္းလာပါကယူ႐ို၁.၂၅သန္းကုန္က်လာေတာ့မွာျဖစ္ပါတယ္။
ဘာစီလိုနာဟာဘ႑ာေရးျပႆနာေၾကာင့္လူငယ္ကစားသမားဂါဗီရဲ႕စာခ်ဳပ္သစ္ကိုလာလီဂါရဲ႕အသိအမွတ္ျပဳျခင္းမခံရတဲ့အျပင္ဇန္နဝါရီတုန္းကကစားသမားအငွားျဖင့္ေခၚယူရန္ႀကိဳးပမ္းမႈပင္မေအာင္ျမင္ခဲ့ပါဘူး။
ဒါေပမဲ့ဘာစီလိုနာဟာမၾကာမီကာလအတြင္းမွာေနာက္ထပ္ေငြေၾကးကုန္က်လာဦးမွာျဖစ္ပါတယ္။
ေရာဘတ္လီဝန္ေဒါ့စကီးဟာေႏြရာသီတုန္းကဘိုင္ယန္ျမဴးနစ္မွေျပာင္းလာၿပီးေနာက္ဘာစီလိုနာအတြက္လာလီဂါပြဲ၁၆ပြဲကစားထားရာမွာ၁၄ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။
သူဟာဘာစီလိုနာအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၃ဂိုးအထိသြင္းထားႏိုင္ပါတယ္။ Mundo Deportivo ရဲ႕ေဖာ္ျပလာမႈရဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါစကီးသာ၂၅ဂိုးသြင္းယူလာႏိုင္လွ်င္အပိုဆုေၾကးယူ႐ို၁.၂၅သန္းေပးရမွာျဖစ္ေၾကာင္းသိရပါတယ္။
ဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါ့စကီးကိုႏူးကမ့္တြင္ရွိေနတဲ့ကာလပတ္လုံး၂၅ဂိုးသြင္းႏိုင္တိုင္းအပိုဆုေၾကးယူ႐ို၁.၂၅သန္းေပးလာရမွာလည္းျဖစ္ပါတယ္။