လုခ်ဒီဂျောင်မှာ နေမာထက် အန္တရာယ်များသူဖြစ်ကြောင်း ကိုးမန်း ပြောကြားလာ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကနယူးကာဆယ်အပြစ်ပယ်ခံလုခ်ဒီဂျောင်မှာနေမာထက်အန္တရာယ်များတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာအသက်၃၁နှစ်ရှိနယ်သာလန်တိုက်စစ်မှူးအားဆီဗီလာမှာတစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်အန်တိုနီဂရက်ဇ်မန်းအားအက်သလက်တီကိုထံသို့အငှားချလိုက်ပြီးနောက်ဆီဗီလာမှတိုက်စစ်မှူးဒီဂျောင်ကိုအငှားဖြင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

နေမာဟာဘာစီလိုနာအတွက်၁၈၆ပွဲကစားခဲ့ရာမှာ၁၀၅ဂိုးသွင်းယူခဲ့သူဖြစ်ပြီး၂၀၁၇ခုနှစ်တွင်ပီအက်စ်ဂျီသို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁၉၈သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ဒီဂျောင်ဟာပီအက်စ်ဗွီတွင်ကစားတဲ့ငါးရာသီအတွင်းတွင်၁၁၂ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပြီး၂၀၁၄ခုနှစ်တုန်းကနယူးကာဆယ်တွင်၁၂လကစားခဲ့ရာတွင်တစ်ဂိုးမျှမသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်နယ်သာလန်အသင်းတွင်ဒီဂျောင်နှင့်လက်တွဲခဲ့ဖူးတဲ့ရော်နယ်ကိုးမန်းက “ဖြတ်တင်ဘောရောက်လာတဲ့အခါဒီဂျောင်ကနေမာထက်ပိုပြီးတော့အန္တရာယ်များတဲ့သူဖြစ်ပါတယ်။လုခ်ကကျွန်တော်တို့မှာရှိတဲ့တိုက်စစ်မှူးတွေနဲ့ကစားပုံကွဲပြားတဲ့သူပါ။အသင်းတိုင်းမှာသူ့လိုကစားသမားမျိုးပိုင်ဆိုင်ထားသင့်ပါတယ်။ပြီးခဲ့တဲ့နှစ်ကတည်းကဒီစနစ်ကိုသုံးလာခဲ့တာပါ။ကျွန်တော့်ဘက်ကတိုက်စစ်မှူးအပြောင်းအလဲလုပ်နိုင်အောင် လုပ်လိုက်တာပါ။ပွဲတစ်ပွဲမှာလုခ်လိုမျိုးကစားသမားမျိုးလိုအပ်ပါတယ်”လို့ပြောကြားသွားပါတယ်။

လုခ်ဒီဂျောင်ရဲ့ဘာစီလိုနာသို့အငှားစာချုပ်အတွင်းတွင်ခြေစွမ်းပြကစားနိုင်ပါကအပြီးသတ်ပြောင်းရွှေ့နိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။သူဟာဘာစီလိုနာမှာကျောနံပါတ်၁၇ကိုဝတ်ဆင်ကစားသွားပါမယ်။

ZawGyi

လုခ္ဒီေဂ်ာင္မွာ ေနမာထက္ အႏၲရာယ္မ်ားသူျဖစ္ေၾကာင္း ကိုးမန္း ေျပာၾကားလာ

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကနယူးကာဆယ္အျပစ္ပယ္ခံလုခ္ဒီေဂ်ာင္မွာေနမာထက္အႏၲရာယ္မ်ားတဲ့ကစားသမားတစ္ဦးျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘာစီလိုနာဟာအသက္၃၁ႏွစ္ရွိနယ္သာလန္တိုက္စစ္မႉးအားဆီဗီလာမွာတစ္ရာသီအငွားျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔တြင္အန္တိုနီဂရက္ဇ္မန္းအားအက္သလက္တီကိုထံသို႔အငွားခ်လိုက္ၿပီးေနာက္ဆီဗီလာမွတိုက္စစ္မႉးဒီေဂ်ာင္ကိုအငွားျဖင့္ေခၚယူလိုက္တာျဖစ္ပါတယ္။

ေနမာဟာဘာစီလိုနာအတြက္၁၈၆ပြဲကစားခဲ့ရာမွာ၁၀၅ဂိုးသြင္းယူခ့သူျဖစ္ၿပီး၂၀၁၇ခုႏွစ္တြင္ပီအက္စ္ဂ်ီသို႔ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၉၈သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

ဒီေဂ်ာင္ဟာပီအက္စ္ဗြီတြင္ကစားတဲ့ငါးရာသီအတြင္းတြင္၁၁၂ဂိုးအထိသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး၂၀၁၄ခုႏွစ္တုန္းကနယူးကာဆယ္တြင္၁၂လကစားခဲ့ရာတြင္တစ္ဂိုးမွ်မသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္နယ္သာလန္အသင္းတြင္ဒီေဂ်ာင္ႏွင့္လက္တြဲခဲ့ဖူးတဲ့ေရာ္နယ္ကိုးမန္းက “ျဖတ္တင္ေဘာေရာက္လာတဲ့အခါဒီေဂ်ာင္ကေနမာထက္ပိုၿပီးေတာ့အႏၲရာယ္မ်ားတဲ့သူျဖစ္ပါတယ္။လုခ္ကကြၽန္ေတာ္တို႔မွာရွိတဲ့တိုက္စစ္မႉးေတြနဲ႔ကစားပုံကြဲျပားတဲ့သူပါ။အသင္းတိုင္းမွာသူ႔လိုကစားသမားမ်ိဳးပိုင္ဆိုင္ထားသင့္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ကတည္းကဒီစနစ္ကိုသုံးလာခဲ့တာပါ။ကြၽန္ေတာ့္ဘက္ကတိုက္စစ္မႉးအေျပာင္းအလဲလုပ္ႏိုင္ေအာင္ လုပ္လိုက္တာပါ။ပြဲတစ္ပြဲမွာလုခ္လိုမ်ိဳးကစားသမားမ်ိဳးလိုအပ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လုခ္ဒီေဂ်ာင္ရဲ႕ဘာစီလိုနာသို႔အငွားစာခ်ဳပ္အတြင္းတြင္ေျခစြမ္းျပကစားႏိုင္ပါကအၿပီးသတ္ေျပာင္းေ႐ႊ႕ႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။သူဟာဘာစီလိုနာမွာေက်ာနံပါတ္၁၇ကိုဝတ္ဆင္ကစားသြားပါမယ္။