လုပ်ခကန့်သတ်ခြင်းခံခဲ့ရပြီးနောက် လုပ်ခအသုံးစရိတ် ပေါင်၈၅ သန်းသာရှိတော့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာဘဏ္ဍာရေးအကျပ်အတည်းများနှင့်ရင်ဆိုင်ရမှုကြောင့်လာလီဂါရဲ့လုပ်ခအသုံးစရိတ်ကန့်သတ်ခြင်းခံခဲ့ရပြီးနောက်ယခုရာသီတွင်လုပ်ခတစ်နှစ်တာလုပ်ခအသုံးစရိတ်မှာပေါင်၈၅သန်း(ယူရို၉၈သန်း)သာရှိပါတော့တယ်။

ဘာစီလိုနာဟာလုပ်ခအသုံးစရိတ်သန်းရာပေါင်းများစွာလျှော့ချလိုက်မှုနဲ့အတူနဲ့ လာလီဂါတွင်လုပ်ခအသုံးစရိတ်အဆင့်၇နေရာတွင်ရပ်တည်နေပါတယ်။

တစ်ဖက်တွင်ရီးရဲလ်မက်ဒရစ်ကတော့တစ်နှစ်လုပ်ခအသုံးစရိတ်ပေါင်၆၃၈သန်း(ယူရို၇၃၉သန်း)အထိရှိနေပြီးလာလီဂါတွင်လုပ်ခအသုံးစရိတ်အဖြစ်ရပ်တည်နေပါတယ်။

ဘာစီလိုနာဟာကြွေးမြီပေါင်၁.၂ဘီလီယံအထိတင်နေမှုကြောင့်နွေရာသီတုန်းကလုပ်ခအသုံးစရိတ်လျှော့ချမှုပြုလုပ်ခဲ့ရပြီးမက်ဆီကိုလက်လွှတ်ခဲ့ရသလိုဂရက်ဇ်မန်းအပါအဝင်ကစားသမားအများစုတို့ကိုရောင်းချခြင်း၊အငှားချခြင်းပြုလုပ်ခဲ့ရပါတယ်။

ယခင်တုန်းကကမ္ဘာ့ဘောလုံးလောကတွင်လုပ်ခအများဆုံးအသုံးပြုတဲ့ကလပ်အဖြစ်ရပ်တည်နေတဲ့ဘာစီလိုနာဟာယခင်ဥက္ကဌဘာတိုမြူရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ကိုဗစ်ကြောင့် ဝင်ငွေထိခိုက်မှုနဲ့အတူကြွေးမြီများစွာတင်ခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကရာမို့စ်၊ဗာရိန်းတို့ကဲ့သို့လုပ်ခမြှင့်မားတဲ့သူများကိုဆုံးရှုံးခဲ့ရသော်လည်းကိုဗစ်ကာလအတွင်းတွင်ငွေကြေးကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်မှုနဲ့အတူဘဏ္ဍာရေးတောင့်တင်းတဲ့အသင်းအဖြစ်ရပ်တည်နေဆဲဖြစ်ပြီးနွေရာသီတုန်းကဘက်ပေးကိုယူရိုသန်း၂၀၀နီးပါးဖြင့်ဝယ်ယူရန်ကြိုးပမ်းခဲ့ပါသေးတယ်။

လာလီဂါတွင်လုပ်ခအများဆုံးအသုံးပြုတဲ့အသင်းအဖြစ်ရီးရဲလ်မက်ဒရစ်ရဲ့နောက်တွင်ဆီဗီလာ(ပေါင်၁၇၃သန်း)၊အက်သလက်တီကို(ပေါင်၁၄၈သန်း)၊ဗီလာရီးရဲလ်(ပေါင်၁၃၈သန်း)၊ဘီလ်ဘာအို(ပေါင်၉၇သန်း)၊ဆိုစီဒက်(ပေါင်၈၅သန်း)၊ဘာစီလိုနာ(ပေါင်၈၅သန်း)၊အက်စပန်ညို(ပေါင်၆၇သန်း)၊ဘက်တစ်(ပေါင်၆၁သန်း)၊ဆဲလ်တာဗီဂို(ပေါင်၅၇သန်း)၊ဂီတာဖေး(ပေါင်၅၆သန်း)၊အိုဆာဆူနာ(ပေါင်၄၉သန်း)၊ဂရန်နာဒါ(ပေါင်၄၆သန်း)၊မာယော့ကာ(ပေါင်သန်း၄၀)၊ကာဒစ်ဇ်(ပေါင်၃၉သန်း)၊အလာဗက်စ်(ပေါင်၃၇သန်း)၊ဗယ်လီကာနို(ပေါင်၃၆သန်း)၊အယ်လ်ချီ(ပေါင်၃၆သန်း)၊လီဗန်တေး(ပေါင်၂၈သန်း)၊ဗလင်စီယာ(ပေါင်သန်း၂၀)တို့ကရပ်တည်နေပါတယ်။

ZawGyi

လုပ္ခကန႔္သတ္ျခင္းခံခဲ့ရၿပီးေနာက္ လုပ္ခအသုံးစရိတ္ ေပါင္၈၅ သန္းသာရွိေတာ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာဘ႑ာေရးအက်ပ္အတည္းမ်ားႏွင့္ရင္ဆိုင္ရမႈေၾကာင့္လာလီဂါရဲ႕လုပ္ခအသုံးစရိတ္ကန႔္သတ္ျခင္းခံခဲ့ရၿပီးေနာက္ယခုရာသီတြင္လုပ္ခတစ္ႏွစ္တာလုပ္ခအသုံးစရိတ္မွာေပါင္၈၅သန္း(ယူ႐ို၉၈သန္း)သာရွိပါေတာ့တယ္။

ဘာစီလိုနာဟာလုပ္ခအသုံးစရိတ္သန္းရာေပါင္းမ်ားစြာေလွ်ာ့ခ်လိုက္မႈနဲ႔အတူနဲ႔ လာလီဂါတြင္လုပ္ခအသုံးစရိတ္အဆင့္၇ေနရာတြင္ရပ္တည္ေနပါတယ္။

တစ္ဖက္တြင္ရီးရဲလ္မက္ဒရစ္ကေတာ့တစ္ႏွစ္လုပ္ခအသုံးစရိတ္ေပါင္၆၃၈သန္း(ယူ႐ို၇၃၉သန္း)အထိရွိေနၿပီးလာလီဂါတြင္လုပ္ခအသုံးစရိတ္အျဖစ္ရပ္တည္ေနပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီေပါင္၁.၂ဘီလီယံအထိတင္ေနမႈေၾကာင့္ေႏြရာသီတုန္းကလုပ္ခအသုံးစရိတ္ေလွ်ာ့ခ်မႈျပဳလုပ္ခဲ့ရၿပီးမက္ဆီကိုလက္လႊတ္ခဲ့ရသလိုဂရက္ဇ္မန္းအပါအဝင္ကစားသမားအမ်ားစုတို႔ကိုေရာင္းခ်ျခင္း၊အငွားခ်ျခင္းျပဳလုပ္ခဲ့ရပါတယ္။

ယခင္တုန္းကကမာၻ႔ေဘာလုံးေလာကတြင္လုပ္ခအမ်ားဆုံးအသုံးျပဳတဲ့ကလပ္အျဖစ္ရပ္တည္ေနတဲ့ဘာစီလိုနာဟာယခင္ဥကၠဌဘာတိုျမဴရဲ႕စီမံခန႔္ခြဲမႈညံ့ဖ်င္းမႈ၊ကိုဗစ္ေၾကာင့္ ဝင္ေငြထိခိုက္မႈနဲ႔အတူေႂကြးၿမီမ်ားစြာတင္ခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတုန္းကရာမို႔စ္၊ဗာရိန္းတို႔ကဲ့သို႔လုပ္ချမႇင့္မားတဲ့သူမ်ားကိုဆုံးရႈံးခဲ့ရေသာ္လည္းကိုဗစ္ကာလအတြင္းတြင္ေငြေၾကးကိုအေကာင္းဆုံးစီမံခန႔္ခြဲႏိုင္မႈနဲ႔အတူဘ႑ာေရးေတာင့္တင္းတဲ့အသင္းအျဖစ္ရပ္တည္ေနဆဲျဖစ္ၿပီးေႏြရာသီတုန္းကဘက္ေပးကိုယူ႐ိုသန္း၂၀၀နီးပါးျဖင့္ဝယ္ယူရန္ႀကိဳးပမ္းခဲ့ပါေသးတယ္။

လာလီဂါတြင္လုပ္ခအမ်ားဆုံးအသုံးျပဳတဲ့အသင္းအျဖစ္ရီးရဲလ္မက္ဒရစ္ရဲ႕ေနာက္တြင္ဆီဗီလာ(ေပါင္၁၇၃သန္း)၊အက္သလက္တီကို(ေပါင္၁၄၈သန္း)၊ဗီလာရီးရဲလ္(ေပါင္၁၃၈သန္း)၊ဘီလ္ဘာအို(ေပါင္၉၇သန္း)၊ဆိုစီဒက္(ေပါင္၈၅သန္း)၊ဘာစီလိုနာ(ေပါင္၈၅သန္း)၊အက္စပန္ညိဳ(ေပါင္၆၇သန္း)၊ဘက္တစ္(ေပါင္၆၁သန္း)၊ဆဲလ္တာဗီဂို(ေပါင္၅၇သန္း)၊ဂီတာေဖး(ေပါင္၅၆သန္း)၊အိုဆာဆူနာ(ေပါင္၄၉သန္း)၊ဂရန္နာဒါ(ေပါင္၄၆သန္း)၊မာေယာ့ကာ(ေပါင္သန္း၄၀)၊ကာဒစ္ဇ္(ေပါင္၃၉သန္း)၊အလာဗက္စ္(ေပါင္၃၇သန္း)၊ဗယ္လီကာႏို(ေပါင္၃၆သန္း)၊အယ္လ္ခ်ီ(ေပါင္၃၆သန္း)၊လီဗန္ေတး(ေပါင္၂၈သန္း)၊ဗလင္စီယာ(ေပါင္သန္း၂၀)တို႔ကရပ္တည္ေနပါတယ္။