လုပ်ခစရိတ်မြင့်မားနေမှုကြောင့် ကစားသမားငါးဦးရောင်းချသွားရမယ့် လီဗာပူး

ကလော့ပ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခေါ်ယူအားဖြည့်လိုပါကကစားသမားဦးစွာရောင်းချရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရကြောင်းသိရပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာဖီးလစ်ပိုကော်တင်ဟိုကိုအမြတ်များစွာဖြင့်ရောင်းချနိုင်ခဲ့မှု၊ဒီယေဂိုဂျိုတာကိုသက်သာတဲ့နှုန်းဖြင့်ဝယ်ယူနိုင်မှုတို့အတွက်အပြောင်းအရွှေ့ဈေးကွက်မှာပါးနပ်စွာလုပ် ဆောင်နိုင်မှုအတွက်ချီးကျူးခံလာခဲ့ရတဲ့အသင်းလည်းဖြစ်ပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာအပြောင်းအရွှေ့ဈေးကွက်တွင်အကောင်းဆုံးလုပ်ဆောင်ထားနိုင်မှုနဲ့အတူချန်ပီယံလိဂ်နှင့်ပရီးမီးယားလိဂ်ဖလားတို့အားဆက်တိုက်ဆွတ်ခူးလာနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ယခုရာသီမှာလီဗာပူးဟာရလဒ်ဆိုးများနှင့်ကြုံတွေ့လာရမှုနဲ့အတူလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာအသင်းကိုအပြောင်းအလဲပြုလုပ်ရန်လိုအပ်နေပါတယ်။

Liverpool Echo ရဲ့ဖော်ပြချက်အရလီဗာပူးဟာပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာတစ်နှစ်လုပ်ခပေါင်၁၆၆သန်းမှပေါင်သန်း၃၁၀အထိတိုးတက်လာကာလုပ်ခ၈၇ရာခိုင်နှုန်းအထိမြင့်မားလာခဲ့ပါတယ်။ဒါကြောင့်လည်းလီဗာပူးအသင်းပိုင်ရှင်FSG ဟာအသင်းရဲ့လုပ်ခအသုံးစရိတ်ကိုလျှော့ချလိုလျက်ရှိနေပါတယ်။

ဒါကြောင့်လည်းကလော့ပ်အနေဖြင့်လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားခေါ်ယူအားဖြည့်လိုပါကကစားသမားငါးဦးအထိရောင်းချရပါမယ်။

လီဗာပူးကထွက်ခွာရမယ့်ကစားသမားငါးဦးကဂျော့ဂျီနီယိုဝီနယ်ဒမ်၊ချမ်ဘာလိန်း၊ရှာကီရီ၊အိုရီဂီနှင့်မာတစ်တို့ဖြစ်ပါတယ်။ယင်းအထဲမှာဝီနယ်ဒမ်မှာစာချုပ်သက်တမ်းကုန်ဆုံးကာအသင်းမှထွက်ခွာရန်သေချာသလောက်ရှိနေပြီးဘာစီလိုနာသို့ပြောင်းရွှေ့ပါမယ်။

ချမ်ဘာလိန်းမှာအာဆင်နယ်မှပြောင်းလာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ကြုံလာရသူဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၁၂၀၀၀၀ရရှိနေပါတယ်။ရှာကီရီနှင့်အိုရီဂီတို့မှာလည်းဂျိုတာရောက်လာပြီးနောက် နေရာပျောက်နေကြသူများဖြစ်ပါတယ်။

ZawGyi

လုပ္ခစရိတ္ျမင့္မားေနမႈေၾကာင့္ ကစားသမားငါးဦးေရာင္းခ်သြားရမယ့္ လီဗာပူး

ကေလာ့ပ္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားသစ္ေခၚယူအားျဖည့္လိုပါကကစားသမားဦးစြာေရာင္းခ်ရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရေၾကာင္းသိရပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာဖီးလစ္ပိုေကာ္တင္ဟိုကိုအျမတ္မ်ားစြာျဖင့္ေရာင္းခ်ႏိုင္ခဲ့မႈ၊ဒီေယဂိုဂ်ိဳတာကိုသက္သာတဲ့ႏႈန္းျဖင့္ဝယ္ယူႏိုင္မႈတို႔အတြက္အေျပာင္းအေ႐ႊ႕ေဈးကြက္မွာပါးနပ္စြာလုပ္ ေဆာင္ႏိုင္မႈအတြက္ခ်ီးက်ဴးခံလာခဲ့ရတဲ့အသင္းလည္းျဖစ္ပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အေကာင္းဆုံးလုပ္ေဆာင္ထားႏိုင္မႈနဲ႔အတူခ်န္ပီယံလိဂ္ႏွင့္ပရီးမီးယားလိဂ္ဖလားတို႔အားဆက္တိုက္ဆြတ္ခူးလာႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ယခုရာသီမွာလီဗာပူးဟာရလဒ္ဆိုးမ်ားႏွင့္ႀကဳံေတြ႕လာရမႈနဲ႔အတူလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာအသင္းကိုအေျပာင္းအလဲျပဳလုပ္ရန္လိုအပ္ေနပါတယ္။

Liverpool Echo ရဲ႕ေဖာ္ျပခ်က္အရလီဗာပူးဟာၿပီးခဲ့တဲ့သုံးႏွစ္အတြင္းမွာတစ္ႏွစ္လုပ္ခေပါင္၁၆၆သန္းမွေပါင္သန္း၃၁၀အထိတိုးတက္လာကာလုပ္ခ၈၇ရာခိုင္ႏႈန္းအထိျမင့္မားလာခဲ့ပါတယ္။ဒါေၾကာင့္လည္းလီဗာပူးအသင္းပိုင္ရွင္FSG ဟာအသင္းရဲ႕လုပ္ခအသုံးစရိတ္ကိုေလွ်ာ့ခ်လိုလ်က္ရွိေနပါတယ္။

ဒါေၾကာင့္လည္းကေလာ့ပ္အေနျဖင့္လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားေခၚယူအားျဖည့္လိုပါကကစားသမားငါးဦးအထိေရာင္းခ်ရပါမယ္။

လီဗာပူးကထြက္ခြာရမယ့္ကစားသမားငါးဦးကေဂ်ာ့ဂ်ီနီယိုဝီနယ္ဒမ္၊ခ်မ္ဘာလိန္း၊ရွာကီရီ၊အိုရီဂီႏွင့္မာတစ္တို႔ျဖစ္ပါတယ္။ယင္းအထဲမွာဝီနယ္ဒမ္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးကာအသင္းမွထြက္ခြာရန္ေသခ်ာသေလာက္ရွိေနၿပီးဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ပါမယ္။

ခ်မ္ဘာလိန္းမွာအာဆင္နယ္မွေျပာင္းလာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံလာရသူျဖစ္ၿပီးတစ္ပတ္လုပ္ခေပါင္၁၂၀၀၀၀ရရွိေနပါတယ္။ရွာကီရီႏွင့္အိုရီဂီတို႔မွာလည္းဂ်ိဳတာေရာက္လာၿပီးေနာက္ ေနရာေပ်ာက္ေနၾကသူမ်ားျဖစ္ပါတယ္။