လုပ်ခတောင်းဆိုမှုမြင့်မားမှုကြောင့် ဒန်နီအင်းစ်ကို ရောင်းချရနိုင်ကြောင်း ဆောက်သမ်တန်နည်းပြဖွင့်ဟ

ဆောက်သမ်တန်နည်းပြဟာဆန်ဟတ်က၎င်းတို့ကလပ်မှာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် တိုက်စစ်မှူးဒန်နီအင်းစ်အားရောင်းချရနိုင်ကြောင်းအရိပ်အမြွက်ပြောကြားလာပါတယ်။

အသက်၂၈နှစ်ရှိတိုက်စစ်မှူးဟာဆောက်သမ်တန်နှင့်၁၈လစာချုပ်သာကျန်တော့သူဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေး အတွက်အဆင်မပြေဖြစ်နေပါတယ်။

အစောပိုင်းတုန်းကဟာဆန်ဟက်ကဆောက်သမ်တန်မှာတိုက်စစ်မှူးဒန်နီအင်းစ်အားကောင်းမွန်တဲ့စာချုပ်သစ် ကမ်းလှမ်းမှုပြုလုပ်ထားပြီးစာချုပ်သစ်ချုပ်ဆိုနိုင်ဖွယ်ရှိကြောင်းဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့်ကစားသမားဘက်ကမြင့်မားတဲ့လုပ်ခတောင်းဆိုမှုနဲ့အတူဆောက်သမ်တန်မှာစာချုပ်သစ်ချုပ်ဆိုရေး သဘောတူညီမှုမရရှိပါကရောင်းချရမယ့်အခြေအနေမှာရှိနေပါတယ်။

ဟာဆန်ဟက်က “ကျွန်တော်တို့မှာရှိတဲ့ဘဏ္ဍာရေးအခြေအနေအတိုင်းဘဲအကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။ နှစ်ဖက်လုံးအတွက်အဆင်ပြေမယ့်အရာမျိုးဖြစ်ရပါမယ်။ကျွန်တော်တို့ကထိပ်တန်းကလပ်မဟုတ်ပါဘူး။တကယ်လို့ကစားသမားတွေအနေနဲ့ပိုကောင်းတဲ့ကလပ်ကြီးတစ်ခုသို့ပြောင်းချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဘက်က ဆွေးနွေးဖို့အဆင်သင့်ပါ။သဘောတူညီမှုရဖို့မျှော်လင့်နေပါတယ်။သူ့ကိုကျွန်တော်တို့နဲ့ဆက်ရှိစေချင်ပါတယ်။မဖြစ်လာဘူးဆိုရင်လည်းကိုယ့်လမ်းကိုယ်ရွေးကြရုံပါပဲ”လို့ပြောကြားသွားပါတယ်။

ဒန်နီအင်းစ်ဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲ၁၃ပွဲကစားထားရာမှာ၇ဂိုးအထိသွင်းယူထားပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကဆောက်သမ်တန်အတွက်ပရီးမီးယားလိဂ်ဂိုး၂၂ဂိုးအထိသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

လုပ္ခေတာင္းဆိုမႈျမင့္မားမႈေၾကာင့္ ဒန္နီအင္းစ္ကို ေရာင္းခ်ရႏိုင္ေၾကာင္း ေဆာက္သမ္တန္နည္းျပဖြင့္ဟ

ေဆာက္သမ္တန္နည္းျပဟာဆန္ဟတ္က၎တို႔ကလပ္မွာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ တိုက္စစ္မႉးဒန္နီအင္းစ္အားေရာင္းခ်ရႏိုင္ေၾကာင္းအရိပ္အႁမြက္ေျပာၾကားလာပါတယ္။

အသက္၂၈ႏွစ္ရွိတိုက္စစ္မႉးဟာေဆာက္သမ္တန္ႏွင့္၁၈လစာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး အတြက္အဆင္မေျပျဖစ္ေနပါတယ္။

အေစာပိုင္းတုန္းကဟာဆန္ဟက္ကေဆာက္သမ္တန္မွာတိုက္စစ္မႉးဒန္နီအင္းစ္အားေကာင္းမြန္တဲ့စာခ်ဳပ္သစ္ ကမ္းလွမ္းမႈျပဳလုပ္ထားၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖြယ္ရွိေၾကာင္းဆိုခဲ့ဖူးပါတယ္။

ဒါေပမယ့္ကစားသမားဘက္ကျမင့္မားတဲ့လုပ္ခေတာင္းဆိုမႈနဲ႔အတူေဆာက္သမ္တန္မွာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး သေဘာတူညီမႈမရရွိပါကေရာင္းခ်ရမယ့္အေျခအေနမွာရွိေနပါတယ္။

ဟာဆန္ဟက္က “ကြၽန္ေတာ္တို႔မွာရွိတဲ့ဘ႑ာေရးအေျခအေနအတိုင္းဘဲအေကာင္းဆုံးျဖစ္ေအာင္လုပ္ရပါမယ္။ ႏွစ္ဖက္လုံးအတြက္အဆင္ေျပမယ့္အရာမ်ိဳးျဖစ္ရပါမယ္။ကြၽန္ေတာ္တို႔ကထိပ္တန္းကလပ္မဟုတ္ပါဘူး။တကယ္လို႔ကစားသမားေတြအေနနဲ႔ပိုေကာင္းတဲ့ကလပ္ႀကီးတစ္ခုသို႔ေျပာင္းခ်င္တယ္ဆိုရင္လည္းကြၽန္ေတာ္တို႔ဘက္က ေဆြးေႏြးဖို႔အဆင္သင့္ပါ။သေဘာတူညီမႈရဖို႔ေမွ်ာ္လင့္ေနပါတယ္။သူ႔ကိုကြၽန္ေတာ္တို႔နဲ႔ဆက္ရွိေစခ်င္ပါတယ္။မျဖစ္လာဘူးဆိုရင္လည္းကိုယ့္လမ္းကိုယ္ေ႐ြးၾက႐ုံပါပဲ”လို႔ေျပာၾကားသြားပါတယ္။

ဒန္နီအင္းစ္ဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲ၁၃ပြဲကစားထားရာမွာ၇ဂိုးအထိသြင္းယူထားပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကေဆာက္သမ္တန္အတြက္ပရီးမီးယားလိဂ္ဂိုး၂၂ဂိုးအထိသြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။