လုပ်ခနှစ်ဆတိုးမြှင့်ရယူလိုမှုကြောင့် ချဲလ်ဆီးသို့ လူကာကူပြောင်းရွှေ့သွားခဲ့ခြင်းဟု အင်တာ CEO ဖွင့်ဟလာ

အင်တာမီလန်စီအီးအိုဘက်ပေးမာရော့တာကရိုမဲလူလူကာကူမှာအသင်းဟောင်းချဲလ်ဆီးသို့ပေါင်၉၈သန်းဖြင့်ပြောင်းရွှေ့သွားခဲ့မှုမှာလုပ်ခနှစ်ဆတိုးမြှင့်ရရှိလိုမှုကြောင့်ဖြစ်ကြောင်းပြောကြားလာပါတယ်။

လူကာကူဟာအင်တာမီလန်တွင်နှစ်ရာသီကစားစဉ်အတွင်း၉၅ပွဲကစားခဲ့ရာမှာ၆၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အင်တာမီလန်ဟာလူကာကူအားပေါင်၉၈သန်းဖြင့်ရောင်းချကာရိုးမားအသင်းခေါင်းဆောင်အေဒင်ဂျက်ကိုအားခေါ်ယူအစားထိုးခဲ့ပါတယ်။

ဘော့စနီးယားတိုက်စစ်မှူးဟာအင်တာမီလန်သို့ရောက်လာပြီးနောက်၇ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

ဒါကြောင့်အင်တာမီလန်စီအီးအိုက၎င်းတို့ဟာနွေရာသီတုန်းကအကောင်းဆုံးအရောင်းအဝယ်ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုသွားပါတယ်။

မာရော့တာက “လူကာကူကိုယူရို၁၁၅သန်းနဲ့ရောင်းချပြီးဂျက်ကိုကိုတစ်ပြားမှမပေးရဘဲခေါ်ယူခဲ့တယ်။ကွင်းထဲမှာဘာမှကွဲပြားသွားတာမရှိပါဘူး။လူကာကူကလုပ်ခနှစ်ဆရဖို့ထွက်သွားတယ်။ကျွန်တော်တို့ဟာအရေးပါတဲ့ရင်းနှီးမြှပ်နှံမှုမလုပ်နိုင်ခဲ့ဘူး။ကျွန်တော်တို့မှာကလည်းအသုံးစရိတ်လျှော့ပြီးငွေပင်ငွေရင်းရှိနေဖို့ကလည်းလိုအပ်နေခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အင်တာမီလန်ဟာပြီးခဲ့တဲ့ရာသီတုန်းကဘဏ္ဍာရေးပြဿနာများရှိနေခဲ့မှုနဲ့အတူလူကာကူကိုရောင်းချခဲ့ရပေမယ့်အခြားအရေးပါတဲ့ကစားသမားများကိုအသင်းတွင်ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ZawGyi

လုပ္ခႏွစ္ဆတိုးျမႇင့္ရယူလိုမႈေၾကာင့္ ခ်ဲလ္ဆီးသို႔ လူကာကူေျပာင္းေ႐ႊ႕သြားခဲ့ျခင္းဟု အင္တာ CEO ဖြင့္ဟလာ

အင္တာမီလန္စီအီးအိုဘက္ေပးမာေရာ့တာက႐ိုမဲလူလူကာကူမွာအသင္းေဟာင္းခ်ဲလ္ဆီးသို႔ေပါင္၉၈သန္းျဖင့္ေျပာင္းေ႐ႊ႕သြားခဲ့မႈမွာလုပ္ခႏွစ္ဆတိုးျမႇင့္ရရွိလိုမႈေၾကာင့္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

လူကာကူဟာအင္တာမီလန္တြင္ႏွစ္ရာသီကစားစဥ္အတြင္း၉၅ပြဲကစားခဲ့ရာမွာ၆၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အင္တာမီလန္ဟာလူကာကူအားေပါင္၉၈သန္းျဖင့္ေရာင္းခ်ကာ႐ိုးမားအသင္းေခါင္းေဆာင္ေအဒင္ဂ်က္ကိုအားေခၚယူအစားထိုးခဲ့ပါတယ္။

ေဘာ့စနီးယားတိုက္စစ္မႉးဟာအင္တာမီလန္သို႔ေရာက္လာၿပီးေနာက္၇ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

ဒါေၾကာင့္အင္တာမီလန္စီအီးအိုက၎တို႔ဟာေႏြရာသီတုန္းကအေကာင္းဆုံးအေရာင္းအဝယ္ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ဆိုသြားပါတယ္။

မာေရာ့တာက “လူကာကူကိုယူ႐ို၁၁၅သန္းနဲ႔ေရာင္းခ်ၿပီးဂ်က္ကိုကိုတစ္ျပားမွမေပးရဘဲေခၚယူခဲ့တယ္။ကြင္းထဲမွာဘာမွကြဲျပားသြားတာမရွိပါဘူး။လူကာကူကလုပ္ခႏွစ္ဆရဖို႔ထြက္သြားတယ္။ကြၽန္ေတာ္တို႔ဟာအေရးပါတဲ့ရင္းႏွီးျမႇပ္ႏွံမႈမလုပ္ႏိုင္ခဲ့ဘူး။ကြၽန္ေတာ္တို႔မွာကလည္းအသုံးစရိတ္ေလွ်ာ့ၿပီးေငြပင္ေငြရင္းရွိေနဖို႔ကလည္းလိုအပ္ေနခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အင္တာမီလန္ဟာၿပီးခဲ့တဲ့ရာသီတုန္းကဘ႑ာေရးျပႆနာမ်ားရွိေနခဲ့မႈနဲ႔အတူလူကာကူကိုေရာင္းခ်ခဲ့ရေပမယ့္အျခားအေရးပါတဲ့ကစားသမားမ်ားကိုအသင္းတြင္ဆက္ထိန္းထားႏိုင္ခဲ့ပါတယ္။