လုပ်ခနှစ်ဆပိုပေးပြီး ဝီနယ်ဒမ်ကို ကြားဖြတ်ခုတ်နိုင်ဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာဘာစီလိုနာကကမ်းလှမ်းတဲ့လုပ်ခထက်နှစ်ဆပိုပေးကာဂျော့ဂျီနီယိုဝီနယ်ဒမ်အားခေါ်ယူနိုင်ရန်နီးစပ်နေကြောင်းသိရပါတယ်။

နယ်သာလန်လက်ရွေးစင်အလယ်တန်းကစားသမားဟာရာသီအကုန်တွင်လီဗာပူးနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးနယ်သာလန်အသင်းတွင်လက်တွဲခဲ့တဲ့ရော်နယ်ကိုးမန်းရှိရာဘာစီလိုနာသို့ပြောင်းမယ်လို့ယူဆခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံနေရမှုနဲ့အတူ ဝီနယ်ဒမ်အားမက်လောက်စရာကမ်းလှမ်းမှုမပြုလုပ်နိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်းပိုချက်တီနိုရဲ့ပီအက်စ်ဂျီကအခွင့်ကောင်းယူကာဘာစီလိုနာထက်လုပ်ခနှစ်ဆပိုပေးပြီးအသက်၃၀နှစ်ရှိဝီနယ်ဒမ်အားခေါ်ယူနိုင်ဖို့နီးစပ်လာပြီဖြစ်ပါတယ်။

ဒါ့အပြင်ပီအက်စ်ဂျီဟာဝီနယ်ဒမ်အား၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမယ့်သုံးနှစ်စာချုပ်ကမ်းလှမ်းထားပါတယ်။

ZawGyi

လုပ္ခႏွစ္ဆပိုေပးၿပီး ဝီနယ္ဒမ္ကို ၾကားျဖတ္ခုတ္ႏိုင္ဖို႔ နီးစပ္ေနတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာဘာစီလိုနာကကမ္းလွမ္းတဲ့လုပ္ခထက္ႏွစ္ဆပိုေပးကာေဂ်ာ့ဂ်ီနီယိုဝီနယ္ဒမ္အားေခၚယူႏိုင္ရန္နီးစပ္ေနေၾကာင္းသိရပါတယ္။

နယ္သာလန္လက္ေ႐ြးစင္အလယ္တန္းကစားသမားဟာရာသီအကုန္တြင္လီဗာပူးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးနယ္သာလန္အသင္းတြင္လက္တြဲခဲ့တဲ့ေရာ္နယ္ကိုးမန္းရွိရာဘာစီလိုနာသို႔ေျပာင္းမယ္လို႔ယူဆျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေနရမႈနဲ႔အတူ ဝီနယ္ဒမ္အားမက္ေလာက္စရာကမ္းလွမ္းမႈမျပဳလုပ္ႏိုင္ခဲ့ပါဘူး။

ဒါေၾကာင့္လည္းပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီကအခြင့္ေကာင္းယူကာဘာစီလိုနာထက္လုပ္ခႏွစ္ဆပိုေပးၿပီးအသက္၃၀ႏွစ္ရွိဝီနယ္ဒမ္အားေခၚယူႏိုင္ဖို႔နီးစပ္လာၿပီျဖစ္ပါတယ္။

ဒါ့အျပင္ပီအက္စ္ဂ်ီဟာဝီနယ္ဒမ္အား၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးမယ့္သုံးႏွစ္စာခ်ဳပ္ကမ္းလွမ္းထားပါတယ္။