လုပ်ခပေါင်၂သန်းတိုးမြှင့်ရရှိကာ ယူရို၂၀၂၄ အထိ အင်္ဂလန်ကို ဦးဆောင် သွားတော့မယ့် ဆောက်ဂိတ်

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။

အက်ဖ်အေဟာယူရို၂၀၂၀ပြိုင်ပွဲပြီးကတည်းကအသက်၅၁နှစ်ရှိဆောက်ဂိတ်ကိုစာချုပ်သစ်ချုပ်ဆိုလိုနေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ဆောက်ဂိတ်ကစာချုပ်သစ်ကိစ္စကိုကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အထိစောင့်ဆိုင်းရန်ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာမနေ့ညတုန်းကအယ်ဘေးနီးယားကို၅-၀ဂိုးဖြင့်အနိုင်ရရှိခဲ့မှုနဲ့အတူ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့လက်ရှိစာချုပ်က၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ကုန်ဆုံးမှာဖြစ်ပြီးယခုအခါယူရို၂၀၂၄ပြိုင်ပွဲအထိစာချုပ်သက်တမ်းတိုးသွားတော့မှာဖြစ်ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရအက်ဖ်အေနှင့်ဆောက်ဂိတ်တို့အကြားတွင်စာချုပ်သက်တမ်းတိုးရေးအတွက်သဘောတူညီမှုရရှိထားပြီဖြစ်ပြီးစာချုပ်တွင်လက်မှတ်ရေးထိုးရန်သာရှိတော့ကြောင်းသိရပါတယ်။

ဆောက်ဂိတ်ဟာလက်ရှိအချိန်တွင်တစ်နှစ်လုပ်ခပေါင်၃သန်းရရှိနေသူဖြစ်ပြီးစာချုပ်သစ်တွင်တစ်နှစ်လုပ်ခပေါင်၅သန်းအထိခံစားခွင့်ရရှိလာပါမယ်။ဒါ့အပြင်ဆောက်ဂိတ်ဟာလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အောင်မြင်မှုရရှိပါကလုပ်ခပေါင်၁သန်းထပ်မံတိုးမြှင့်ရရှိလာဦးမှာလည်းဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာကမ္ဘာ့ဖလားရရှိလာလျှင်တစ်နှစ်လုပ်ခပေါင်၆သန်းအထိရရှိလာမှာဖြစ်ကာကာပယ်လိုနှင့်အတူအင်္ဂလန်သမိုင်းတွင်လုပ်ခအများဆုံးရရှိတဲ့နည်းပြဖြစ်လာပါမယ်။

ZawGyi

လုပ္ခေပါင္၂သန္းတိုးျမႇင့္ရရွိကာ ယူ႐ို၂၀၂၄ အထိ အဂၤလန္ကို ဦးေဆာင္ သြားေတာ့မယ့္ ေဆာက္ဂိတ္

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာအဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။

အက္ဖ္ေအဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲၿပီးကတည္းကအသက္၅၁ႏွစ္ရွိေဆာက္ဂိတ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ေဆာက္ဂိတ္ကစာခ်ဳပ္သစ္ကိစၥကိုကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္တဲ့အထိေစာင့္ဆိုင္းရန္ေျပာၾကားခဲ့ပါတယ္။

အဂၤလန္အသင္းဟာမေန႔ညတုန္းကအယ္ေဘးနီးယားကို၅-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့မႈနဲ႔အတူ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္သြားၿပီျဖစ္ပါတယ္။

ေဆာက္ဂိတ္ရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ကုန္ဆုံးမွာျဖစ္ၿပီးယခုအခါယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိစာခ်ဳပ္သက္တမ္းတိုးသြားေတာ့မွာျဖစ္ပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရအက္ဖ္ေအႏွင့္ေဆာက္ဂိတ္တို႔အၾကားတြင္စာခ်ဳပ္သက္တမ္းတိုးေရးအတြက္သေဘာတူညီမႈရရွိထားၿပီျဖစ္ၿပီးစာခ်ဳပ္တြင္လက္မွတ္ေရးထိုးရန္သာရွိေတာ့ေၾကာင္းသိရပါတယ္။

ေဆာက္ဂိတ္ဟာလက္ရွိအခ်ိန္တြင္တစ္ႏွစ္လုပ္ခေပါင္၃သန္းရရွိေနသူျဖစ္ၿပီးစာခ်ဳပ္သစ္တြင္တစ္ႏွစ္လုပ္ခေပါင္၅သန္းအထိခံစားခြင့္ရရွိလာပါမယ္။ဒါ့အျပင္ေဆာက္ဂိတ္ဟာလာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေအာင္ျမင္မႈရရွိပါကလုပ္ခေပါင္၁သန္းထပ္မံတိုးျမႇင့္ရရွိလာဦးမွာလည္းျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာကမာၻ႔ဖလားရရွိလာလွ်င္တစ္ႏွစ္လုပ္ခေပါင္၆သန္းအထိရရွိလာမွာျဖစ္ကာကာပယ္လိုႏွင့္အတူအဂၤလန္သမိုင္းတြင္လုပ္ခအမ်ားဆုံးရရွိတဲ့နည္းျပျဖစ္လာပါမယ္။