
ဒါနီအဲလ်ဗက်စ်ဟာဆာအိုပေါ်လိုထံမှလုပ်ခမရရှိမှုကြောင့်ကလပ်တွင်နှစ်ရာသီကြာကစားပြီးနောက်ထွက်ခွာလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
အသက်၃၈နှစ်ရှိဒါနီအဲလ်ဗက်စ်ဟာ၂၀၁၉ခုနှစ်၊ဩဂုတ်လတုန်းကပီအက်စ်ဂျီမှထွက်ခွာလာပြီးနောက်ကစားသမားဘဝစတင်ခဲ့တဲ့ဆာအိုပေါ်လိုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ပါတယ်။
ဘရာဇီးနှင့်စပိန်မီဒီယာများရဲ့ဖော်ပြချက်အရတောင်အမေရိကရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားအဖြစ်ရပ်တည်နေတဲ့ဒါနီအဲလ်ဗက်စ်ဟာဆာအိုပေါ်လိုတွင်ကစားတဲ့နှစ်ရာသီအတွက်လုပ်ခအပြည့်အဝရရှိခဲ့ခြင်းမရှိဘဲကလပ်ထံတွင်ကြွေးမြီပေါင်၂.၆သန်းအထိရရန်အကြွေးရှိနေကြောင်းသိရပါတယ်။
အဲလ်ဗက်စ်ဟာလုပ်ခမရရှိမှုနဲ့အတူလာမယ့်နှစ်ဒီဇင်ဘာလအထိချုပ်ဆိုထားတဲ့စာချုပ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ဒါကြောင့်လည်းသူဟာလက်ရှိအချိန်တွင်ကလပ်လက်မဲ့ကစားသမားဖြစ်နေပြီးသူ့ကိုခေါ်ယူရန်မေဂျာလိဂ်ကလပ်များ၊အရှေ့အလယ်ပိုင်းကလပ်များ၊ဘိုကာဂျူနီယာနှင့်ရေးဗားပလိတ်တို့ကစိတ်ဝင်စားနေပါတယ်။
ဒါနီအဲလ်ဗက်စ်ဟာနွေရာသီတုန်းကဘရာဇီးအိုလံပစ်အသင်းနှင့်အတူအိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက်ဆုဖလား၄၃လုံးအထိရယူနိုင်ခဲ့ကာဘောလုံးသမိုင်းတွင်အအောင်မြင်ဆုံးသမားအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ZawGyi
လုပ္ခမရမႈေၾကာင့္ ဆာအိုေပၚလိုမွ ထြက္ခြာလိုက္တဲ့ ေဘာလုံးသမိုင္းတြင္ အေအာင္ျမင္ဆုံးကစားသမား
ဒါနီအဲလ္ဗက္စ္ဟာဆာအိုေပၚလိုထံမွလုပ္ခမရရွိမႈေၾကာင့္ကလပ္တြင္ႏွစ္ရာသီၾကာကစားၿပီးေနာက္ထြက္ခြာလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။
အသက္၃၈ႏွစ္ရွိဒါနီအဲလ္ဗက္စ္ဟာ၂၀၁၉ခုႏွစ္၊ဩဂုတ္လတုန္းကပီအက္စ္ဂ်ီမွထြက္ခြာလာၿပီးေနာက္ကစားသမားဘဝစတင္ခဲ့တဲ့ဆာအိုေပၚလိုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့ပါတယ္။
ဘရာဇီးႏွင့္စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရေတာင္အေမရိကရဲ႕လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားအျဖစ္ရပ္တည္ေနတဲ့ဒါနီအဲလ္ဗက္စ္ဟာဆာအိုေပၚလိုတြင္ကစားတဲ့ႏွစ္ရာသီအတြက္လုပ္ခအျပည့္အဝရရွိခဲ့ျခင္းမရွိဘဲကလပ္ထံတြင္ေႂကြးၿမီေပါင္၂.၆သန္းအထိရရန္အေႂကြးရွိေနေၾကာင္းသိရပါတယ္။
အဲလ္ဗက္စ္ဟာလုပ္ခမရရွိမႈနဲ႔အတူလာမယ့္ႏွစ္ဒီဇင္ဘာလအထိခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကိုဖ်က္သိမ္းလိုက္ၿပီျဖစ္ပါတယ္။ဒါေၾကာင့္လည္းသူဟာလက္ရွိအခ်ိန္တြင္ကလပ္လက္မဲ့ကစားသမားျဖစ္ေနၿပီးသူ႔ကိုေခၚယူရန္ေမဂ်ာလိဂ္ကလပ္မ်ား၊အေရွ႕အလယ္ပိုင္းကလပ္မ်ား၊ဘိုကာဂ်ဴနီယာႏွင့္ေရးဗားပလိတ္တို႔ကစိတ္ဝင္စားေနပါတယ္။
ဒါနီအဲလ္ဗက္စ္ဟာေႏြရာသီတုန္းကဘရာဇီးအိုလံပစ္အသင္းႏွင့္အတူအိုလံပစ္ေ႐ႊတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ဆုဖလား၄၃လုံးအထိရယူႏိုင္ခဲ့ကာေဘာလုံးသမိုင္းတြင္အေအာင္ျမင္ဆုံးသမားအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။