လုပ်ခများစွာတိုးမြှင့်ကာ မန်စီးတီးနှင့်၆နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့တဲ့ ဖိုဒန်

ဖီးလ်ဖိုဒန်ဟာမန်စီးတီးနှင့်ခြောက်နှစ်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။အင်္ဂလန်စတားဟာယခုရက်ပိုင်းအတွင်းတွင်ခြောက်နှစ်စာချုပ်သက်တမ်းတိုးရေးအတွက်အပြီးသတ်ဆွေးနွေးမှုပြုလုပ်ပါမယ်။

မန်စီးတီးနှင့်ဖိုဒန်တို့ဟာအကြမ်းဖျင်းသဘောတူညီမှုရရှိထားပြီးဖြစ်ကာ၂၀၂၇ခုနှစ်နွေအထိစာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပြီးလာမယ့်ရက်ပိုင်းအတွင်းတွင်ကြေညာမှုပြုလုပ်သွားဖို့ရှိနေပါတယ်။

အသက်၂၁နှစ်ရှိဖိုဒန်ဟာမန်စီးတီးတွင်ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေတဲ့သူဖြစ်ပြီးသုံးနှစ်သက်တမ်းကျန်နေသေးတဲ့လက်ရှိစာချုပ်ကြောင့်တစ်ပတ်လုပ်ခပေါင်၃၀၀၀၀မျှသာရရှိနေသူဖြစ်ပါတယ်။

ဖီးလ်ဖိုဒန်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၁၆ဂိုးအထိသွင်းယူနိုင်ခဲ့ကာခြေစွမ်းပြနိုင်မှုကြောင့် Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းမှာရွေးချယ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

သူဟာစာချုပ်သစ်တွင်လုပ်ခဘယ်လောက်ရရှိလာမလဲဆိုတာအတိအကျမသိရသေးပေမယ့်အနည်းဆုံးပေါင်၁သိန်းအထက်ရရှိလာဖို့တော့ရှိနေပါတယ်။

ZawGyi

လုပ္ခမ်ားစြာတိုးျမႇင့္ကာ မန္စီးတီးႏွင့္၆ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈရရွိခဲ့တဲ့ ဖိုဒန္

ဖီးလ္ဖိုဒန္ဟာမန္စီးတီးႏွင့္ေျခာက္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။အဂၤလန္စတားဟာယခုရက္ပိုင္းအတြင္းတြင္ေျခာက္ႏွစ္စာခ်ဳပ္သက္တမ္းတိုးေရးအတြက္အၿပီးသတ္ေဆြးေႏြးမႈျပဳလုပ္ပါမယ္။

မန္စီးတီးႏွင့္ဖိုဒန္တို႔ဟာအၾကမ္းဖ်င္းသေဘာတူညီမႈရရွိထားၿပီးျဖစ္ကာ၂၀၂၇ခုႏွစ္ေႏြအထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာျဖစ္ၿပီးလာမယ့္ရက္ပိုင္းအတြင္းတြင္ေၾကညာမႈျပဳလုပ္သြားဖို႔ရွိေနပါတယ္။

အသက္၂၁ႏွစ္ရွိဖိုဒန္ဟာမန္စီးတီးတြင္ပုံမွန္ပြဲထြက္ကစားခြင့္ရရွိေနတဲ့သူျဖစ္ၿပီးသုံးႏွစ္သက္တမ္းက်န္ေနေသးတဲ့လက္ရွိစာခ်ဳပ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၃၀၀၀၀မွ်သာရရွိေနသူျဖစ္ပါတယ္။

ဖီးလ္ဖိုဒန္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက၁၆ဂိုးအထိသြင္းယူႏိုင္ခဲ့ကာေျခစြမ္းျပႏိုင္မႈေၾကာင့္ Ballon d’Or ဆုအတြက္ဆန္ကာတင္စာရင္းမွာေ႐ြးခ်ယ္ျခင္းခံထားရသူလည္းျဖစ္ပါတယ္။

သူဟာစာခ်ဳပ္သစ္တြင္လုပ္ခဘယ္ေလာက္ရရွိလာမလဲဆိုတာအတိအက်မသိရေသးေပမယ့္အနည္းဆုံးေပါင္၁သိန္းအထက္ရရွိလာဖို႔ေတာ့ရွိေနပါတယ္။