လုပ်ခလျှော့ယူရန် ငြင်းဆိုနေတဲ့ အသင်းခေါင်းဆောင်အပေါ် ဘာစီလိုနာစိတ်ပျက်နေ

ဘာစီလိုနာဟာအသင်းရဲ့ဘဏ္ဍာရေးပြဿနာကိုဖြေရှင်းရန်အတွက်လုပ်ခလျှော့ယူရန်တောင်းဆိုမှုအားငြင်းပယ်နေတဲ့အသင်းခေါင်းဆောင်အပေါ်တွင်စိတ်ပျက်လျက်ရှိနေပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့ဆယ်ရက်တာကာလအတွင်းတွင်အလွန်ကြီးမားတဲ့အပြောင်းအလဲများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ဘာစီလိုနာဟာအသင်းတွင်၂၁နှစ်ကြာကစားလာခဲ့တဲ့မက်ဆီကိုဘဏ္ဍာရေးအခြေအနေကြောင့်လက်လွတ်ခဲ့ရပါတယ်။

ဘာစီလိုနာဟာမက်ဆီနှင့်အတူအသစ်ခေါ်ယူထားတဲ့ကစားသမားသစ်များကိုလာလီဂါမှာကစားသမားအဖြစ်မှတ်ပုံတင်ရန်ခက်ခဲနေခဲ့ပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာဂါရတ်ပီကေးကလုပ်ခများစွာလျှော့ယူရန်သဘောတူညီလိုက်မှုနဲ့အတူစနေနေ့တုန်းကမမ်ဖစ်ဒီပေး၊အဲရစ်ဂါစီယာ၊ဘာစီလိုနာ(ခ)ကစားသမားဟောင်းရေးမာနာတို့အားမှတ်ပုံတင်နိုင်ခဲ့ပါတယ်။၎င်းတို့ဟာယနေ့တွင်ကစားမယ့်ဆိုစီဒက်နှင့်လာလီဂါအဖွင့်ပွဲတွင်ကစားနိုင်ကြတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်ဘာစီလိုနာအသင်းခေါင်းဆောင်လေးဦးထဲမှတစ်ဦးဖြစ်တဲ့ဂျော်ဒီအယ်လ်ဘာကတော့လုပ်ခလျှော့ယူရန်ငြင်းဆိုနေဆဲဖြစ်ကြောင်းသိရပါတယ်။ဘာစီလိုနာကအယ်ဘာအားသူ့ရဲ့ယခုရာသီလုပ်ခယူရို၁၀သန်းကိုယခုရာသီအတွင်းတွင်မရယူဘဲရာသီအကုန်တွင်မှရယူရန်လည်းတောင်းဆိုထားကြောင်းသိရပါတယ်။ဒါပေမယ့်အယ်ဘာဘက်ကဘာစီလိုနာရဲ့တောင်းဆိုမှုအားလုံးကိုငြင်းပယ်ထားပါတယ်။

တကယ်တော့လုပ်ခလျှော့ယူရန်ငြင်းပယ်နေတာအယ်လ်ဘာတစ်ဦးတည်းမဟုတ်ပါဘူး။ဆာဂျီယိုဘက်စ်ကွက်ဇ်နှင့်ဆာဂျီရောဘတ်တိုတို့ကလည်းလုပ်ခလျှော့ယူရန်ငြင်းနေကြတာပါ။

ဂါရတ်ပီကေးဟာလုပ်ခလျှော့ယူရန်သဘောတူညီခဲ့တဲ့အပြင်သူ့လုပ်ခများကိုလည်းနောင်တွင်မှရယူရန်သဘောတူညီလိုက်တာဖြစ်ပါတယ်။

ZawGyi

လုပ္ခေလွ်ာ့ယူရန္ ျငင္းဆိုေနတဲ့ အသင္းေခါင္းေဆာင္အေပၚ ဘာစီလိုနာစိတ္ပ်က္ေန

ဘာစီလိုနာဟာအသင္းရဲ႕ဘ႑ာေရးျပႆနာကိုေျဖရွင္းရန္အတြက္လုပ္ခေလွ်ာ့ယူရန္ေတာင္းဆိုမႈအားျငင္းပယ္ေနတဲ့အသင္းေခါင္းေဆာင္အေပၚတြင္စိတ္ပ်က္လ်က္ရွိေနပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ဆယ္ရက္တာကာလအတြင္းတြင္အလြန္ႀကီးမားတဲ့အေျပာင္းအလဲမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ဘာစီလိုနာဟာအသင္းတြင္၂၁ႏွစ္ၾကာကစားလာခဲ့တဲ့မက္ဆီကိုဘ႑ာေရးအေျခအေနေၾကာင့္လက္လြတ္ခဲ့ရပါတယ္။

ဘာစီလိုနာဟာမက္ဆီႏွင့္အတူအသစ္ေခၚယူထားတဲ့ကစားသမားသစ္မ်ားကိုလာလီဂါမွာကစားသမားအျဖစ္မွတ္ပုံတင္ရန္ခက္ခဲေနခဲ့ပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာဂါရတ္ပီေကးကလုပ္ခမ်ားစြာေလွ်ာ့ယူရန္သေဘာတူညီလိုက္မႈနဲ႔အတူစေနေန႔တုန္းကမမ္ဖစ္ဒီေပး၊အဲရစ္ဂါစီယာ၊ဘာစီလိုနာ(ခ)ကစားသမားေဟာင္းေရးမာနာတို႔အားမွတ္ပုံတင္ႏိုင္ခဲ့ပါတယ္။၎တို႔ဟာယေန႔တြင္ကစားမယ့္ဆိုစီဒက္ႏွင့္လာလီဂါအဖြင့္ပြဲတြင္ကစားႏိုင္ၾကေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္ဘာစီလိုနာအသင္းေခါင္းေဆာင္ေလးဦးထဲမွတစ္ဦးျဖစ္တဲ့ေဂ်ာ္ဒီအယ္လ္ဘာကေတာ့လုပ္ခေလွ်ာ့ယူရန္ျငင္းဆိုေနဆဲျဖစ္ေၾကာင္းသိရပါတယ္။ဘာစီလိုနာကအယ္ဘာအားသူ႔ရဲ႕ယခုရာသီလုပ္ခယူ႐ို၁၀သန္းကိုယခုရာသီအတြင္းတြင္မရယူဘဲရာသီအကုန္တြင္မွရယူရန္လည္းေတာင္းဆိုထားေၾကာင္းသိရပါတယ္။ဒါေပမယ့္အယ္ဘာဘက္ကဘာစီလိုနာရဲ႕ေတာင္းဆိုမႈအားလုံးကိုျငင္းပယ္ထားပါတယ္။

တကယ္ေတာ့လုပ္ခေလွ်ာ့ယူရန္ျငင္းပယ္ေနတာအယ္လ္ဘာတစ္ဦးတည္းမဟုတ္ပါဘူး။ဆာဂ်ီယိုဘက္စ္ကြက္ဇ္ႏွင့္ဆာဂ်ီေရာဘတ္တိုတို႔ကလည္းလုပ္ခေလွ်ာ့ယူရန္ျငင္းေနၾကတာပါ။

ဂါရတ္ပီေကးဟာလုပ္ခေလွ်ာ့ယူရန္သေဘာတူညီခဲ့တဲ့အျပင္သူ႔လုပ္ခမ်ားကိုလည္းေနာင္တြင္မွရယူရန္သေဘာတူညီလိုက္တာျဖစ္ပါတယ္။