လုပ်ခ ၂၀ ရာခိုင်နှုန်းလျှော့ချမှုနှင့်ပြဿနာတက်ပြီးနောက် ၄၈ နာရီအတွင်းတွင် အင်တာနည်းပြရာထူးမှ ကွန်တီနုတ်ထွက်မည်

အင်တာမီလန်နည်းပြအန်တိုနီယိုကွန်တီဟာကလပ်ဥက္ကဌစတီဗင်ကျောင်နှင့်အကြီးအကျယ်ပြဿနာတက်ပြီးနောက်၄၈နာရီအတွင်းတွင်နည်းပြရာထူးမှနုတ်ထွက်သွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၅၁နှစ်ရှိကွန်တီဟာ၂၀၁၀ခုနှစ်နောက်ပိုင်းပထမဆုံးစီးရီးအေဖလားအားဒုတိယနေရာမှအသင်းကို၁၂မှတ်ဖြတ်ကာအင်တာမီလန်အတွက်ရယူပေးထားသူဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဟာအင်တာမီလန်နှင့်တစ်နှစ်စာချုပ်ကျန်ရှိနေသေးသော်လည်းယခုရာသီအစောပိုင်းကတည်းကအနာဂတ်မရေမရာဖြစ်ကြောင်းဖွင့်ဟဖူးသူဖြစ်ပါတယ်။

အင်တာမီလန်ဟာဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်နေရပြီးတရုတ်အသင်းပိုင်ရှင်ဟာကလပ်ရဲ့အသုံးစရိတ်လျှော့ချနိုင်ရေးအတွက်နည်းပြအဖွဲ့နှင့်ကစားသမားများအားလုပ်ခလျှော့ယူရန်တောင်းဆိုထားပါတယ်။

La Gazzetta dallo Sport ကအင်တာမီလန်ဟာတစ်သင်းလုံးကိုလုပ်ခ၂၀ရာခိုင်နှုန်းလျှော့ချလိုနေတဲ့အပြင်ကစားသမားရောင်းချမှုမှပေါင်၈၆.၅သန်းရရှိလိုနေပါတယ်။

ကွန်တီဟာအသင်းပိုင်ရှင်ရဲ့ဆုံးဖြတ်ချက်အပေါ်အကြီးအကျယ်ဒေါသထွက်နေပြီးကလပ်ရဲ့ဦးတည်ချက်အပေါ်သံသယဝင်နေပြီဖြစ်ကာ၄၈နာရီအတွင်းရာထူးမှနုတ်ထွက်သွားတော့မှာဖြစ်ပါတယ်။

ZawGyi

လုပ္ခ ၂၀ ရာခိုင္ႏႈန္းေလွ်ာ့ခ်မႈႏွင့္ျပႆနာတက္ၿပီးေနာက္ ၄၈ နာရီအတြင္းတြင္ အင္တာနည္းျပရာထူးမွ ကြန္တီႏုတ္ထြက္မည္

အင္တာမီလန္နည္းျပအန္တိုနီယိုကြန္တီဟာကလပ္ဥကၠဌစတီဗင္ေက်ာင္ႏွင့္အႀကီးအက်ယ္ျပႆနာတက္ၿပီးေနာက္၄၈နာရီအတြင္းတြင္နည္းျပရာထူးမွႏုတ္ထြက္သြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၅၁ႏွစ္ရွိကြန္တီဟာ၂၀၁၀ခုႏွစ္ေနာက္ပိုင္းပထမဆုံးစီးရီးေအဖလားအားဒုတိယေနရာမွအသင္းကို၁၂မွတ္ျဖတ္ကာအင္တာမီလန္အတြက္ရယူေပးထားသူျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေဟာင္းဟာအင္တာမီလန္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ရွိေနေသးေသာ္လည္းယခုရာသီအေစာပိုင္းကတည္းကအနာဂတ္မေရမရာျဖစ္ေၾကာင္းဖြင့္ဟဖူးသူျဖစ္ပါတယ္။

အင္တာမီလန္ဟာဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရၿပီးတ႐ုတ္အသင္းပိုင္ရွင္ဟာကလပ္ရဲ႕အသုံးစရိတ္ေလွ်ာ့ခ်ႏိုင္ေရးအတြက္နည္းျပအဖြဲ႕ႏွင့္ကစားသမားမ်ားအားလုပ္ခေလွ်ာ့ယူရန္ေတာင္းဆိုထားပါတယ္။

La Gazzetta dallo Sport ကအင္တာမီလန္ဟာတစ္သင္းလုံးကိုလုပ္ခ၂၀ရာခိုင္ႏႈန္းေလွ်ာ့ခ်လိုေနတဲ့အျပင္ကစားသမားေရာင္းခ်မႈမွေပါင္၈၆.၅သန္းရရွိလိုေနပါတယ္။

ကြန္တီဟာအသင္းပိုင္ရွင္ရဲ႕ဆုံးျဖတ္ခ်က္အေပၚအႀကီးအက်ယ္ေဒါသထြက္ေနၿပီးကလပ္ရဲ႕ဦးတည္ခ်က္အေပၚသံသယဝင္ေနၿပီျဖစ္ကာ၄၈နာရီအတြင္းရာထူးမွႏုတ္ထြက္သြားေတာ့မွာျဖစ္ပါတယ္။