လုပ်ခ ၅၀ ရာခိုင်နှုန်းလျှော့ချကာ ဘာစီလိုနာနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီလိုက်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာလုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ချကာဘာစီလိုနာနှင့်စာချုပ်သက်တမ်းတိုးရန်သဘောတူညီလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိလီယွန်နယ်မက်ဆီဟာပြီးခဲ့တဲ့လအကုန်မှာဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးလက်ရှိအချိန်မှာကလပ်လက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယနေ့မှာစပိန်မီဒီယာများရဲ့ဖော်ပြချက်အရလီယွန်နယ်မက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သက်တမ်းတိုးနိုင်ရေးအတွက်သူ့အတွက်အကောင်းဆုံးလုပ်ဆောင်ပေးလာပြီဖြစ်ကြောင်းသိရပါတယ်။

မက်ဆီဟာစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ယူလာတော့မှာဖြစ်ပါတယ်။ဒါပေမယ့်မက်ဆီဟာလုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ယူမယ်ဆိုပေမယ့်လည်းဘာစီလိုနာမှာတစ်ပတ်လုပ်ခပေါင်၁.၂သန်းအထိရရှိနေဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာမက်ဆီရဲ့စာချုပ်အတွင်းမှာသူ့ကိုခေါ်ယူလိုပါကပေါင်သန်း၃၀၀ပေးရမယ်ဆိုတဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုသွားပါဦးမယ်။

မက်ဆီဟာသူ့ကစားသမားဘဝကိုအမေရိကန်မေဂျာလိဂ်မှာသွားကစားပြီးကုန်ဆုံးချင်တယ်ဆိုပေမယ့်လည်းဘာစီလိုနာကကစားသမားအဖြစ်၂နှစ်နှင့်ကလပ်သံတမန်အဖြစ်၃နှစ်တာဝန်ထမ်းဆောင်ရမယ့်အချက်ဖြင့်ချုပ်ဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။

မက်ဆီဟာဘာစီလိုနာအသင်းမှာဘဏ္ဍာရေးပြဿနာများစွာကြုံတွေ့နေရမှုကြောင့်ယခုကဲ့သို့လုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ယူရန်သဘောတူညီလိုက်တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာအသုံးစရိတ်ကန့်သတ်ခြင်းခံရမှုကြောင့်အသစ်ခေါ်ယူထားတဲ့ကစားသမားသစ်များကိုမှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။ဘာစီလိုနာဟာအသုံးစရိတ်ကန့်သတ်ချက်အရလုပ်ခပေါင်သန်း၂၀၀နီးပါးအထိလျှော့ချရန်လိုအပ်နေကြောင်းသိရပါတယ်။

ယခုအခါမက်ဆီနှင့်ဘာစီလိုနာအကြားအကြမ််းဖျဉ်းသဘောတူညီမှုရရှိသွားပြီဖြစ်တာကြောင့်စာချုပ်အပြီးသတ်ချုပ်ဆိုရေးအတွက်လာမယ့်ရက်များမှာလုပ်ဆောင်သွားတော့မှာဖြစ်ပြီးလာမယ့်အပတ်မှာစာချုပ်ချုပ်ဆိုကြောင်းကြေညာလာနိုင်ဖို့ရှိနေပါတယ်။

ZawGyi

လုပ္ခ ၅၀ ရာခိုင္ႏႈန္းေလွ်ာ့ခ်ကာ ဘာစီလိုနာႏွင့္ စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီလိုက္တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာလုပ္ခ၅၀ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်ကာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းတိုးရန္သေဘာတူညီလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၄ႏွစ္ရွိလီယြန္နယ္မက္ဆီဟာၿပီးခဲ့တဲ့လအကုန္မွာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္မွာကလပ္လက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ယေန႔မွာစပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရလီယြန္နယ္မက္ဆီဟာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းတိုးႏိုင္ေရးအတြက္သူ႔အတြက္အေကာင္းဆုံးလုပ္ေဆာင္ေပးလာၿပီျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီဟာစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခ၅၀ရာခိုင္ႏႈန္းအထိေလွ်ာ့ယူလာေတာ့မွာျဖစ္ပါတယ္။ဒါေပမယ့္မက္ဆီဟာလုပ္ခ၅၀ရာခိုင္ႏႈန္းအထိေလွ်ာ့ယူမယ္ဆိုေပမယ့္လည္းဘာစီလိုနာမွာတစ္ပတ္လုပ္ခေပါင္၁.၂သန္းအထိရရွိေနဦးမွာျဖစ္ပါတယ္။

ဘာစီလိုနာဟာမက္ဆီရဲ႕စာခ်ဳပ္အတြင္းမွာသူ႔ကိုေခၚယူလိုပါကေပါင္သန္း၃၀၀ေပးရမယ္ဆိုတဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုသြားပါဦးမယ္။

မက္ဆီဟာသူ႔ကစားသမားဘဝကိုအေမရိကန္ေမဂ်ာလိဂ္မွာသြားကစားၿပီးကုန္ဆုံးခ်င္တယ္ဆိုေပမယ့္လည္းဘာစီလိုနာကကစားသမားအျဖစ္၂ႏွစ္ႏွင့္ကလပ္သံတမန္အျဖစ္၃ႏွစ္တာဝန္ထမ္းေဆာင္ရမယ့္အခ်က္ျဖင့္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီဟာဘာစီလိုနာအသင္းမွာဘ႑ာေရးျပႆနာမ်ားစြာႀကဳံေတြ႕ေနရမႈေၾကာင့္ယခုကဲ့သို႔လုပ္ခ၅၀ရာခိုင္ႏႈန္းအထိေလွ်ာ့ယူရန္သေဘာတူညီလိုက္တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာအသုံးစရိတ္ကန႔္သတ္ျခင္းခံရမႈေၾကာင့္အသစ္ေခၚယူထားတဲ့ကစားသမားသစ္မ်ားကိုမွတ္ပုံတင္ႏိုင္ျခင္းမရွိေသးပါဘူး။ဘာစီလိုနာဟာအသုံးစရိတ္ကန႔္သတ္ခ်က္အရလုပ္ခေပါင္သန္း၂၀၀နီးပါးအထိေလွ်ာ့ခ်ရန္လိုအပ္ေနေၾကာင္းသိရပါတယ္။

ယခုအခါမက္ဆီႏွင့္ဘာစီလိုနာအၾကားအၾကမ္္းဖ်ဥ္းသေဘာတူညီမႈရရွိသြားၿပီျဖစ္တာေၾကာင့္စာခ်ဳပ္အၿပီးသတ္ခ်ဳပ္ဆိုေရးအတြက္လာမယ့္ရက္မ်ားမွာလုပ္ေဆာင္သြားေတာ့မွာျဖစ္ၿပီးလာမယ့္အပတ္မွာစာခ်ဳပ္ခ်ဳပ္ဆိုေၾကာင္းေၾကညာလာႏိုင္ဖို႔ရွိေနပါတယ္။