လုပ်ခ ၅၀ ရာခိုင်နှုန်းလျှော့ယူမှာဖြစ်ပေမယ့် ကမ္ဘာ့လုပ်ခအများဆုံးကစားသမားအဖြစ် မက်ဆီ ရပ်တည်နေဦးမည်

လီယွန်နယ်မက်ဆီဟာစာချုပ်သစ်အတွက်လုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ယူဖို့လက်ခံလိုက်ပြီဖြစ်တာကြောင့်ဘာစီလိုနာမှာဆက်ရှိနေဖို့သေချာနေပြီဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာလုပ်ခ၅၀ ရာခိုင်နှုန်းအထိလျှော့ချကာရယူမှာဖြစ်လို့စာချုပ်သစ်ချုပ်ဆိုပြီးချိန်မှာဘာစီလိုနာမှာတစ်ပတ်လုပ်ခပေါင်၁.၂သန်းဘဲရရှိလာတော့မှာဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိကစားသမားဟာလုပ်ခ၅၀ရာခိုင်နှုန်းလျှော့ယူမှာဖြစ်ပေမယ့်လည်းကမ္ဘာ့လုပ်ခအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးနေရာမှာသက်တောင့်သက်သာဖြင့်ရပ်တည်နေဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာကြွေးမြီပေါင်၁ဘီလီယံအထိရှိနေမှုနဲ့အတူအသုံးစရိတ်မဖြစ်မနေလျှော့ချရန်လိုအပ်နေပြီးရွေးချယ်စရာမရှိတော့ဘဲမက်ဆီကိုလုပ်ခလျှော့ချကာစာချုပ်သစ်ချုပ်ဆိုရမှာလည်းဖြစ်ပါတယ်။

မက်ဆီဟာလုပ်ခအများဆုံးကစားသမားအဖြစ်ပေါင်၁.၂သန်းဖြင့်ရပ်တည်နေဦးမှာဖြစ်ပါတယ်။ဒုတိယနေရာမှာခရစ္စတီယာနိုရော်နယ်ဒိုကဂျူဗင်တပ်မှာတစ်ပတ်လုပ်ခပေါင်၉သိန်းရရှိကာရပ်တည်နေပါတယ်။

တတိယလုပ်ခအများဆုံးအဖြစ်ပီအက်စ်ဂျီစတားနေမာကတစ်ပတ်လုပ်ခပေါင်၆၀၆၀၀၀ ဖြင့်ရပ်တည်နေပြီးစတုတ္ထနေရာမှာအက်သလက်တီကိုစတားလူးဝစ်ဆွာရက်ဇ်ကပေါင်၅၇၅၀၀၀ဖြင့်ရပ်တည်နေပါတယ်။ကမ္ဘာ့လုပ်ခအများဆုံးနံပါတ်၅နေရာမှာဘာစီလိုနာစတားဂရက်ဇ်မန်းကပေါင်၅၇၅၀၀၀ဖြင့်ရပ်တည်နေပါတယ်။

ZawGyi

လုပ္ခ ၅၀ ရာခိုင္ႏႈန္းေလွ်ာ့ယူမွာျဖစ္ေပမယ့္ ကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ မက္ဆီ ရပ္တည္ေနဦးမည္

လီယြန္နယ္မက္ဆီဟာစာခ်ဳပ္သစ္အတြက္လုပ္ခ၅၀ရာခိုင္ႏႈန္းအထိေလွ်ာ့ယူဖို႔လက္ခံလိုက္ၿပီျဖစ္တာေၾကာင့္ဘာစီလိုနာမွာဆက္ရွိေနဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။

လီယြန္နယ္မက္ဆီဟာလုပ္ခ၅၀ ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်ကာရယူမွာျဖစ္လို႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးခ်ိန္မွာဘာစီလိုနာမွာတစ္ပတ္လုပ္ခေပါင္၁.၂သန္းဘဲရရွိလာေတာ့မွာျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိကစားသမားဟာလုပ္ခ၅၀ရာခိုင္ႏႈန္းေလွ်ာ့ယူမွာျဖစ္ေပမယ့္လည္းကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ ထိပ္ဆုံးေနရာမွာသက္ေတာင့္သက္သာျဖင့္ရပ္တည္ေနဦးမွာျဖစ္ပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီေပါင္၁ဘီလီယံအထိရွိေနမႈနဲ႔အတူအသုံးစရိတ္မျဖစ္မေနေလွ်ာ့ခ်ရန္လိုအပ္ေနၿပီးေ႐ြးခ်ယ္စရာမရွိေတာ့ဘဲမက္ဆီကိုလုပ္ခေလွ်ာ့ခ်ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရမွာလည္းျဖစ္ပါတယ္။

မက္ဆီဟာလုပ္ခအမ်ားဆုံးကစားသမားအျဖစ္ေပါင္၁.၂သန္းျဖင့္ရပ္တည္ေနဦးမွာျဖစ္ပါတယ္။ဒုတိယေနရာမွာခရစၥတီယာႏိုေရာ္နယ္ဒိုကဂ်ဴဗင္တပ္မွာတစ္ပတ္လုပ္ခေပါင္၉သိန္းရရွိကာရပ္တည္ေနပါတယ္။

တတိယလုပ္ခအမ်ားဆုံးအျဖစ္ပီအက္စ္ဂ်ီစတားေနမာကတစ္ပတ္လုပ္ခေပါင္၆၀၆၀၀၀ ျဖင့္ရပ္တည္ေနၿပီးစတုတၳေနရာမွာအက္သလက္တီကိုစတားလူးဝစ္ဆြာရက္ဇ္ကေပါင္၅၇၅၀၀၀ျဖင့္ရပ္တည္ေနပါတယ္။ကမာၻ႔လုပ္ခအမ်ားဆုံးနံပါတ္၅ေနရာမွာဘာစီလိုနာစတားဂရက္ဇ္မန္းကေပါင္၅၇၅၀၀၀ျဖင့္ရပ္တည္ေနပါတယ္။